English အင်္ဂလိပ်လို

ကနေ့တော့ တမျိုး။ ဘိုလိုရေး မေးသူ ၃ ယောက်ရှိတယ်။ သုံးယောက်လုံးက မှားနေတယ်။

ဖြေရှင်းပေးပါလို့ ရေးချင်သူက ဆိုလူးရှင်း တဲ့။ နာမ်နဲ့ ကြိယာ မှားနေတယ်။

ခရီးသွားလမ်းပြတယောက်ရေးတာ တိုးရစ် စာလုံးပေါင်းမှားနေတယ်။

နောက်တယောက်က မျက်လုံးကိုက်တယ်ပြောချင်တာ မိုင် အိုင်းစ် အစစ် ဘိုက်တဲ့။ ပိန်း ဖြစ်ဖြစ် အက် ဖြစ်ဖြစ်သုံးရမှာ။

အင်္ဂလိပ်လိုရေးကြတာကို အားပေးတယ်။ မှားနေ ပြင်လို့ရတယ်။ ဘယ်သူမှ အစကတည်းက တတ်လာကြတာမဟုတ်။ မှားမှန်းသိလို့ပြင်ရင် တတ်ရော။

မြန်မာစာမှာက အင်္ဂလိပ်လိုထက် ပိုခက်တယ်။ မှားမှန်းကို မသိကြသူတွေက များနေတယ်။

Dr. တင့်ဆွေ
၂၇-၁-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး