The Blind မြန်မာစာ လမ်းသလားနေခြင်း


တော်တော်များများ သတ်ပုံမှားကြတာ စာဖတ်အားနည်းလို့လားဆရာ။

ကျွန်တော်ကတော့ အဲလိုမထင်ပါ။ လူတွေဟာ မိနစ်တိုင်းလိုလိုမှာ စာတွေဖတ်နေကြပါတယ်။ ဘာကြောင့် မဖြစ်သင့်တာတွေ ဖြစ်နေကြသလဲ။

ဖတ်ကြတာတွေထဲမှာ အလွဲတွေ အမှားတွေပါနေလို့ဖြစ်ပါတယ်။ ဖေ့စ်စ်ဘွတ်ကို အသာထား၊ ကျောင်းသုံးစာအုပ်၊ ဝတ္တုစာအုပ်၊ ကဗျာစာအုပ်၊ ဘာသာပြန်စာအုပ်၊ သုတစာအုပ်၊ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ တီဗွီစာတန်းထိုးတွေမှာ မှားနေလို့ဖြစ်တယ်။ ပြန်ထုတ်စာအုပ်တွေက အတော်ဆိုးတယ်။ မူရင်းသတ်ပုံတွေကို ပြင်ပြီး အမှားတွေကို ရောင်းစားနေကြတာ။

အဲတော့ ဖတ်တာထဲပါတာကိုသာ မှန်တယ်လို့ထင်လာကြတယ်။ သင်တဲ့သူတွေကလည်း အဲတာမျိုးပဲသင်ပေးနေကြတယ်။ မြန်မာစာကို တန်ဖိုးထားပါတယ်ဆိုသူတွေလည်း ပါနေတယ်။ ဥပမာ စာအုပ်အဖုံးမှာ သတ်ပုံအမှန် ရေးထားပေမယ့် စာအုပ်အကြောင်းပြောတဲ့သူက သတ်ပုံအမှားနဲ့ ကြော်ငြာတယ်။

ဘာနဲ့တူသလဲ။ အရွယ်ကောင်းတယောက် ခေတ်အလျောက် အဝတ်အစားနဲ့၊ မျက်မှန်နက်နဲ့။ သူ့လက်ထဲမှာ တုတ်နဲ့။ အဲတာ မျက်မမြင်။ စမ်းတဝါးဝါး လမ်းသလားနေတာ။ သူ့လမ်းသူတော့ တန်းလို့ပေါ့။ (ကန်တော့ပါ။)

ကျွန်တော်ရေးတာကတော့ မှန်တယ်လို့ မပြောပါ။ ရေးတိုင်းအမှားတွေပါလို့ ပြင်နေရတယ်။ နေ့တိုင်း။ မှားတာကို ပြင်တဲ့အကျင့်ရစေချင်တာ။ ဇနီးက အားတဲ့အချိန်ဖတ်ပြီး ကျွန်တော်ရေးတာတွေထဲက အမှားတွေကို စာရွက်လေးတရွက်နဲ့ ရေးပေးလေ့ရှိတယ်။ အနားမှာရှိတယ်။ ပြင်ချိန်ရှာနေပါတယ်။

မှားတာကို ပြင်တဲ့အကျင့် ရကြစေချင်တာ။

ဒေါက်တာတင့်ဆွေ
၂၅-၁-၂ဝ၁၇
၂၅-၁-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး