ပီ ပြီ ပြီး

၁။ ဆရာ ကျတော့ကလေးက ၉လ ရှိပါပီ ဝမ်းသွားတာ ၅ရက်ရှိပါပီ အန်လည်း အန်ပါတယ် အန်တာတော့ ပြောက်ပါပီ ပီးတော့ ကလေးက နို့လည်း သိပ်မသောက်ဘူး ပိန်လာပီး ကလေးတွက် ဝမ်းသွားနေချိန်မှာ vitamin ဆေး သို့မဟုတ် အားဆေး တခုခုတိုက်ချင်ရင် ဘာဆေးတိုက်ရမလဲဆရာ ကလေးက နို့သောက်တာလည်း အရမ်းနည်းသွားတယ် ပိန်လည်းပိန်နေပာပီ

ရရစ်မပါတာ ၆ လုံးတိတိ။ ပါပြီလို့ရေးရ။ ပါပီ = ခွေးကလေး။

၂။ Share ပါပီ ဆရာ

ပါပြီလို့ရေးရ။ ပါပီ = ခွေးကလေး

၃။ ဟုတ် ကျေးဇူးပါ ဆရာ ဖတ် ပီးပါ ပီ

ပါပြီလို့ ရေးရပါတယ်။ ပါပီဆိုရင် တမျိုးဖြစ်သွားပြီ။

မေးခွန်းတွေကနမူနာသာ။ နေ့တိုင်း ၄-၅-၁ဝ ခုလာတယ်။ ရရစ်မပါတာတွေ။

ပီ
စကားပီပီ (စကားပြီပြီ)
ပီနံသီး
ပီပီပြင်ပြင်
ပီလာ = ဧကန်မုချ
ပီလားကောင်
ပီလာကြိုး
ပီသ
ပီလောပင်
ပီလောပီနံပင်
ပီအောင်ဆို
မိန်းမပီပီ
ရဟန်းပီပီ
ခွေးကလေးပါပီ
ယောက်ျားပီပီ


ပြီ
ချစ်မိနေပြီ
ချမ်းသာပြီ
စကားပြီ
စားပြီးပြီ
တန်ပြီ
မွဲပြီ
မှန်ပြီ
များလေပြီ
ပြန်လာပြီ
ပြီးပါပြီ
ပြီတီတီ
ပြီပြီသသ
လာပါပြီ
သွားလေပြီ
ဟုတ်လှပြီ
အချိန်သင့်ပြီ
အဆင်သင့်ဖြစ်ပြီ
ကောင်းပြီ
တော်ပြီ
သေပြီ

ပြီး
ပြီးကပစ်လုပ်သည်၊
ပြီးခိုင် = ပြည့်စုံသည်
ပြီးစလွယ်လုပ်သည်၊
ပြီးစီးသွားပြီ၊
ပြီးဆုံးသည်၊
ပြီးငြိမ်း
ပြီးပြည့်စုံ၊
ပြီးပြတ်
ပြီးမြောက်
ပြီးမြောက်အောင်လုပ်သည်။
ပြီးအောင်လုပ်
သို့တပြီးကား
အပြီးတိုင်အောင်

သီချင်းကို ပီပီသသသီဆိုလို့ ပြီးပါပြီ။

ဒေါက်တာတင့်ဆွေ
၃ဝ-၁-၂ဝ၂၈

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး

Rape drugs အဓမ္မကျင့်ဘို့သုံးကြတဲ့ ဆေးတွေ