Judson ဂျဒ်ဆွန်

ကံ့ကော်ရွာ ပန်းချီပြပွဲ ယုဒသန်ခန်းမမှာလို့ မိတ်ဆွေတယောက်က တင်ထားတာ ဖတ်ရတယ်။

မြန်မာစာအကြောင်းလေးတွေရေးတာအောက်မှာ တယောက်က ယုဒဿန်လို့ ရေးလာတယ်။ မဟုတ်ပါ။ Judson ကို ယုဒသန်လို့ အသံထွက်ကို မြန်မာမှုပြုထားတာ။ ပါဠိမဟုတ်ပါ။

သူများတွေဆီကနေ ရယူတဲ့စာပေတွေ၊ စာလုံးတွေ များပါတယ်။ စောစောကပဲ ဂစ်တားစာလုံးအကြောင်း မေးလို့ ရေးလိုက်သေးတယ်။

အဲလိုမွေးစားတာတွေမှာ အထာမကျ တလွဲတချော်တွေလည်း များတယ်။ ဂရိစာပေထဲက ဟယ်လင်ကို ပျူမင်းသမီးလိုလို ရေးကြတယ်။ အီစွပ်ပုံပြင်တွေကို ငါးရာ့ငါးဆယ်ထဲကလိုလိုရေးကြတယ်။ ရာမယနကိုလည်း ဗုဒ္ဓဝင်ထင်နေကြတယ်။

သူများဆီက ဂန္ထဝင်စာတွေကို ဘာသာပြန်ကြတာမှာ ပါဠိစာလုံးတွေသုံးတော့ ကိုယ့်ဟာလိုလိုထင်စေတယ်။ ကျွန်တော်ကတော့ သဘောမကျပါ။ မြန်မာစာလုံးစစ်စစ်တွေရှိပါတယ်။

ဒေါက်တာတင့်ဆွေ
၁၈-၁-၂ဝ၁၈

Comments

Popular posts from this blog

Menoral ဟော်မုန်းဆေးတမျိုး

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

ပုတ် နှင့် ပုပ်