Foot drop ခြေဖဝါးကျနေခြင်း

(ကန်တော့ပါ)

ဆရာ foot drop ဖြစ်ရင်ပြန်ကောင်းပါသလားခင်ဗျာ။ အသက်က ၂၆ပါ။ ခါးကြောညပ်လို့စက်ဆွဲရင်းဖြစ်တာပါ။ ၅ လပိုင်းက စက်ဆွဲရင်းလဲရာက ဖြစ်တာပါ။ ၈လပိုင်း ခါးခွဲစိတ်ခဲ့ပါတယ်။ ခြေထောက်အတွက် အာရုံကြောဆေးသောက် လေ့ကျင့်ခန်းအိမ်မှာပဲလုပ်ပါတယ်။ အလုပ်လည်းပြန်တက်နေပါတယ်။ ၀န်ထမ်းပါ။ ခြေထောက်က ခုထိ ပြန်မကောင်းနိုင်သေးတော့ ပျောက်ကင်းအောင်ကုနိင်မယ့်နည်းလေး သိချင်လို့ပါဆရာ။ လူကြားထဲသွားလာရတာ ခြေထောက်မမသွားနေရတော့ရှက် လည်းရှက်လို့ပါ။ ကူညီဖြေကြားပေးပါဆရာ။ ကျေးဇူးတင်ပါတယ်။

ခြေဖဝါးကျနေခြင်းဆိုတာ Peroneal Nerve injury ခြေထာက်အာရုံကြောနဲ့ဆိုင်တယ်။ ခြေထောက်ခေါ် ခြေဖဝါးကို မယူတဲ့အခါလုပ်ပေးတဲ့ အာရုံကြောဖြစ်တယ်။ တခါတလေ ယာယီသာဖြစ်ပြီး တချို့မှာ ရာသက်ပန်ဖြစ်တယ်။ ဆောရီး။ သူအထက်မှာရှိတဲ့ nerve compression or herniated disc ခါးရိုးဆစ်ကျွံရာကနေလည်းဖြစ်တယ်။ အဲတာက ပိုဆိုးတယ်။ ဆောရီး။

multiple sclerosis (MS) ရောဂါကြောင့်လည်း ဖြစ်တယ်။ ဗဟိုအာရုံကြောစနစ်ကြောင့် တချို့ နှစ်ဘက်လုံးဖြစ်တယ်။

ဒူးကို မ,ရတာခက်မယ်။ လှေကားထစ်တက်ရတာ ခက်မယ်။ လမ်းလျှောက်ရတာ ဆာနေမယ်။ တချို့ ထုံတာပါ တွဲနေတယ်။ ကြာရင် ကြွက်သားတချို့ ကြိုလှီလာနိုင်တယ်။

Physical therapy ဖစ်ဆစ်ကယ်သာရာပီ လုပ်နိုင်တယ်။ ခါးမှာဖြစ်တာ ခွဲစိတ်ရနိုင်တယ်။ Braces or splints ခေါ် အထူးစီမံထားတာတွေ သုံးနိုင်တယ်။

lipoic acid 300 mg ဆေးတနေ့ ၂ ကြိမ်၊ Acetyl-L-Carnitine 2,000 mg တနေ့ ၁ ကြိမ်၊ Inositol 500-1,000 mg တနေ့ ၁ ကြိမ်၊ vitamins B6 50-100 mg တနေ့ ၁ ကြိမ်၊ B12 500-5,000 mcg တနေ့ ၁ ကြိမ်၊ သုံးတာက သက်သာစေတယ်လို့ လေ့လာမှု တချို့ကဆိုပါတယ်။

ဒေါက်တာတင့်ဆွေ
၁၉-၁-၂ဝ၁၈

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး