Cooking fumes ညှော်နံ့

ဆရာ မင်္ဂလာပါ။ အသက် ၃၈ အမျိုးသမီး။ လွန်ခဲ့တဲ့ ၅နှစ်လောက်က ခေါင်းကို အနည်းငယ် ထိခိုက်မိပြီး ဘာမှ သိပ်မခံစားရလို့ ဒီတိုင်းပဲနေခဲ့တယ်ဆရာ ဒါပေမယ့် တခါတရံ ညော်မိရင် ခိုက်မိခဲ့တဲ့နေရာ ဦးရေပြားက ပျော့စိစိနဲ့ နာနေလို့ ရှောင်ရန် ဆောင်ရန် ညွှန်ကြားပေးပါဦး ဆရာ။ ကျေးဇူးတင်ပါတယ်ဆရာ။

မြန်မာလူမျိုးတွေ စိုးရိမ်လို့ တခုခုဖြစ်တိုင်း လက်ညှိုးထိုးခံရတဲ့ ညှော်နံ့ကနေ အောက်စီဂျင်နည်းတာသာဖြစ်စေနိုင်။ အနာရင်းတယ်ဆိုတာ အညစ်အကြေးနဲ့ ပိုးဝင်လို့သာဖြစ်တယ်။ ဆေးသုတေသနအရ တင်ပြပါမယ်။

မိုင်ဂရင်း ခေါ်ခေါင်းကိုက်ရောဂါ ဖြစ်သူတွေထဲက ၃ဝ% ဟာ အနံ့အသက် အပါအဝင် အာရုံခံမှုနဲ့ ဆက်စပ်တယ်။ အလင်းရောင်၊ အမဲစက်မျိုးကနေစတာကတော့ ပိုများပါတယ်။ ကိုယ်မကြိုက်တဲ့ အနံ့တခုခု ဥပမာ ညှော်နံ့၊ ပုပ်နံ့ စတာမျိုးကို စိတ်ထဲမှာ တွေးလိုက်တာနဲ့ မိုင်ဂရင်းဖြစ်လာစေမဲ့ ပဏာမပျိုးအဆင့် Aura ကို ရစေနိုင်တယ်။ အဖြစ်များလှတော့မဟုတ်ပါ။ ဒါပေမဲ့ သိသာတယ်။ အဲလို တကယ်အနံ့မရဘဲ ရတာမျိုးကို Olfactory hallucinations ခေါ်တယ်။ အများစုက မီးလောင်တဲ့အနံ့၊ မီးခိုးနဲ့ကို မကြိုက်ကြပါ။ တချို့က ဘယ်မီးခိုးနံ့ဖြစ်ဖြစ်၊ တချို့က တိတိကျကျ ဥပမာ ဆေးလိပ်မီးခိုးနံ့၊ သစ်သားမီးလောင်တဲ့အနံ့၊ ပြောင်းဖူး ပေါ့ပ်ကွန် ညှော်နဲ့ တွေကို မကြိုက်ကြဘူး။ အမှိုက်နဲ့၊ ပုပ်သိုးနံ့၊ မိလ္လာနံ့တွေကို ဒုတိယတန်း မကြိုက်ကြပါ။ လူနည်းနည်းက ကောင်းတဲ့အနံ့ ဥပမာ လိမ္မော်နံ့၊ ကော်ဖီ၊ ဘဲသဲနံ့ကို မကြိုက်တာလဲ တွေ့သိရတယ်။

Volatile organic compounds (VOCs) ဆိုတာ လေထဲမှာ အော်ဂဲနစ်ဓါတ်တွေ ပါနေတာကို ခေါ်တယ်။ Organic ဆိုတာ ကာဗွန်ပါတဲ့ ဒြပ်ပေါင်းတွေပါ။ ကျန်းမာရေးကို ရေတို-ရေရှည် ထိခိုက်စေမှာတွေကို ပြောတာပါ။ ရေရှည်ဖြစ်စေတာက ပိုများတယ်။ ဆောင်းတွင်းမှာ ပိုဆိုးတယ်။

Mustard gas မုန်ညင်းဆီသတ်နည်းထွက်လာတဲ့ မုန်ညင်းဆီညှော်အငွေ့က အဆိပ်ဖြစ်တာ သတိထားရတယ်။ ဟစ်တလာလက်ထက်မှာ နာဇီဆရာဝန်တွေ သုံးခဲ့တဲ့ စက်ဆုတ်စရာနည်းနာတွေထဲမှာ မုန်ညင်းအဆိပ်ငွေ့နဲ့ သတ်တာလည်းပါတယ်။

ကျွန်တော်တို့ လူမျိုးတွေက ညှော်နံ့ကနေ ရောဂါတွေ ရစေ-ဆိုးစေတယ်လို့ ဘာသုတေသနမှမလုပ်ဘဲ ယုံကြည်ကြတယ်။ ဆရာဝန်ဖြစ်စက မေးလာရင် ဟိုလိုသည်လိုလိုဖြေခဲ့ရတယ်။ ထမင်းဟင်း ချက်ပြုတ်ကြော်လှော်ရာကနေထွက်တဲ့ ညှော်နံ့ ဆေးသုတေသန မတွေ့ဘူးသေးပါ။ မလိုအပ်လို့ မလုပ်ကြတာဖြစ်ပါမယ်။ အခြေခံအချက်ကတော့ လေထဲမှာ လူတွေ အသက်ရှူရတဲ့ အောက်စီဂျင်ဓါတ်နည်းရင် မကောင်းပါ။ သာမန်လေထဲမှာ အောက်စီဂျင် ၂ဝ့၉၃% ပါတယ်။ နိုက်ထရိုဂျင် ၇၈့ဝ၉%ပါတယ်။ ဘယ်အနံ့ဖြစ်ဖြစ် ကုန်ကုန်ပြောရရင် ရေမွှေးနံ့များရင် အောက်စီဂျင်နည်းပါမယ်။

မီးဖိုသုံးဆီကိုကြော်တဲ့အခါ အခိုးအငွေ့တွေထွက်တယ်။ အငွေ့အမျိုးအစားနဲ့ အပူချိန်အရ ကျန်းမာရေးကို သက်ရောက်နိုင်တယ်။ အပူများလွန်းရင် စားသုံးတဲ့အခါ အာဟာရဓါတ်နည်းစေတယ်။ လေ့လာမှုမှာ မြေပဲဆီ၊ နေကြာဆီ၊ ပဲပုတ်ဆီ၊ ပြောင်းဆီ၊ နှမ်းဆီ၊ စားအုံးဆီ၊ ကင်နိုလာဆီတွေကိုသုံးခဲ့တယ်။ အပူချိန် ၄၁ဝ ကနေ ၄၅ဝ ဖါရင်ဟိုက်အထိ ပေးရင် အငွေ့ထွက်တယ်။ အဲတာကို Smoke points လို့ခေါ်တယ်။

Toxic Fumes အဆိပ်ငွေ့ဆိုတာ စားသုံဆီတွေကနေရော စက်ရုံသုံးဆီတွေကပါနေရနိုင်တယ်။ Aldehydes အယ်လ်ဒီဟိုက်ပါနေရင်တော့ ကင်ဆာနဲ့ဆက်စပ်တယ်။ Smoke points ထက်များဆေး မသင့်တာထွက်လေ။ စားအုံးဆီမှာ Smoke points အနိမ့်ဆုံးရှိတယ်။ အပူပေးများလွန်းရင် မကောင်းပါ။ Free Radicals ဆိုတဲ့ဓါတ်လည်း ထွက်တယ်။ ဆဲလ်တွေအတွက် မကောင်းပါ။

Mustard gas မုန်ညင်းဆီသတ်နည်း https://doctortintswe.blogspot.com/2015/07/mustard-gas.html
Volatile Organic Compounds အော်ဂဲနစ် ညှော်နံ့ https://doctortintswe.blogspot.com/2017/12/volatile-organic-compounds.html

Dr. တင့်ဆွေ
၃၁-၁-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး