Cassava poisoning ပီလောပီနံဆိပ်သင့်ခြင်း

ဆရာ ကျွန်မတို့တောင်ငူမှာ ပီလောပီနံဥပြုတ်ပြီး တမိသားစုလုံးစားရာကနေ အသက်သုံးနှစ်ရယ်  ခုနှစ်နှစ်အရွယ်ရယ် မိန်းကလေး ၂ ယောက်သေဆုံးပြီး ငါးနှစ်အရွယ်ကလေးတဦး ဆေးရုံရောက်နေတယ်ဆရာ။ ပီလောပီနံဥကို စားသင့် မစားသင့်သိချင်ပါတယ်ဆရာရှင့်။ ဆရာ့ကို ရိုသေလေးစားစွာ။

ပီလောပီနံကို Cassava plant လို့ခေါ်တယ်။ ကမ္ဘာမှာ တတိယအများဆုံး ကာဗွန်ဟိုက်ဒရိတ်ဓါတ်ရစေတဲ့အစားအစာ ဖြစ်တယ်။ ပီလောပီနံဥ ခေါ် အမြစ်ထဲမှာ စတာ့ခ်ျ ခေါ်တာထဲမှာ ပရိုတင်း၊ ဓါတ်ဆားတွေနဲ့ ဗီတာမင် အေ + ဘီ + စီ ပါတယ်။

အရွက်စားမိလို့လည်းဖြစ်နိုင်တယ်။ တချို့က ပြုတ်စားတယ်။ မုံ့လုပ်တာထဲထည့်တယ်။ ဥကိုကြော်စားကြတယ်။ စနစ်မကျရင် အဆိပ်ဖြစ်စေတယ်။

တချို့တိုင်းပြည်တွေ ဥပမာ ဂျပန်နိုင်ငံမှာ မစားရလို့ တားမြစ်ချက် ထုတ်ထားတယ်။ သူ့ထဲမှာပါတဲ့အဆိပ်ဓါတ်ကို Linamarin လင်နာမာရင် လို့ ခေါ်တယ်။ ဓါတုဗေဒအရ သကြားနဲ့ တည်ဆောက်ပုံဆင်တယ်။ လူ့ကိုယ်ထဲရောက်ရင် ဓါတ်ပြုမှုတွေဖြစ်ပြီး Cyanide poison စိုင်ယာနိုက် အဆိပ်သင့်တာ ဖြစ်စေပြီး အသက်သေဆုံးနိုင်တယ်။ ဆောရီး။ နည်းနည်းလေးစားတာနဲ့ သေတာမြန်တယ်။

ခါးတဲ့အမျိုးအစားမှာ Linamarin အပြင် Lotaustralin ဓါတ်ပါပါတယ်။ အဆိပ်ဖြစ်နိုင်တာတွေ။ အခွံအောက်နားမှာ စုနေတယ်။ အသဲ၊ ကျောက်ကပ်နဲ့ ဦးနှောက်တွေကို ထိခိုက်စေမယ်။

ဆေးသုတေသနတော့ မဟုတ်ပါ။ မြန်မာ့အွန်လိုင်းစွယ်စုံကျမ်းမှာ တွဲဖက်၍ မစားသင့်သော အစာများလို့တွေ့ပါတယ်။
ခံသီး နှင့် ပီလောပီနံဥ
ဂွေးသီး နှင့် ပီလောပီနံဥ
စောင်းလျားသီး နှင့် ပီလောပီနံဥ
ဒေါင်းသား နှင့် ပီလောပီနံ
နို့မျိုး ချဉ် နှင့် ပီလောပီနံဥ
ပီလောပီနံ နှင့် ပျားရည်
ပီလောပီနံ နှင့် ပေအူ
ဖန်ခါးသီး နှင့် ပီလောပီနံဥ
ဗုံလုံသီး နှင့် ပီလောပီနံ
ရှာလကာချဉ် နှင့် ပီလောပီနံ
ရိုးနီပီလောပီနံ နှင့် အချဉ်မျိုး
ရှောက်သီး နှင့် ပီလောပီနံ
သပြေသီး နှင့် ပီလောပီနံ
သံပရာသီး နှင့် ပီလောပီနံ
ပီလောပီနံ + ပဲကြားလှော် = သေ
ပီလောပီနံ + မျှစ်ချဉ် = သေ
ပီလောပီနံ + ဒေါင်းသား = သေ
ပီလောပီနံ + အချဉ်အမျိုးမျိုး = သေ

ကျွန်တော်တို့လူမျိုးတွေစားသုံးကြတဲ့ အစားအစာတွေကို လေ့လာမှုတွေ၊ သုတေသနတွေ အလွန်အားနည်းနေသေးလို့၊ သတိသမ္ပဇဉ် ဆင်ခြင်ပြီး စားသုံးသင့်ကြပါတယ်။

ဒေါက်တာတင့်ဆွေ
၂၆-၁-၂ဝ၁၈

Comments