Respect ဂါရဝေါစ နိဝါတောစ


ဆရာ ဂါဝတရားလား၊ ဂါရဝတရားလား မရှင်းလို့ပါ။

လွန်ခဲ့တဲ့ လေးနှစ်လောက်က မုံရွာမှာ အင်္ဂလိပ်စာ ကျူရှင်ပေးနေတဲ့ ကျွန်တော့်ညီရေးတာတခု ဖတ်မိတယ်။ ဟိုတနေ့ဆီက ကျွန်တော် ထမင်းစားနေတုန်း သုံးတန်းတပည့်မလေးတယောက် စားပွဲအနီးက ဖြတ်သွားတယ်။ ကိုယ်လေးကို ကိုင်းညွတ်ပြီး ဆရာကြီး စားပြီလားရှင့်လို့လည်း လောကဝတ်စကား ဆိုသေးတယ်။ သူက သောက်ရေ သွားသောက်တာပါ။ ပြီးတော့မှ ရေတခွက်ကို ခပ်ယူပြီး ကျွန်တော် ထမင်းစားနေတဲ့ စားပွဲပေါ်မှာ တရိုတသေ တင်ပေးသွားပါတယ်။ ကျွန်တော် အံ့သြသွားပါတယ်။ သုံးတန်းတက်မယ့် ကလေးမလေးတစ်ယောက်ထံက ဒီလောက် မြင့်မားတဲ့ ဂါရဝ၊ နိဝါတ ကိုယ်ကျင့် တရားကို ဘယ်မျှော်လင့်ထားမိပါ့မလဲ။ အမှန်အတိုင်းပြောရရင် ကျွန်တော် လန့်တောင် လန့်သွားမိတယ်။

ဂါရဝတရားနဲ့ သောက်ရတဲ့ သောက်ရေတခွက်ဟာ ကျန်းမာရေးအတွက်သာမက လူ့အသိုင်းအဝိုင်းကြီးအတွက်ပါ အဟာရဓါတ် ပေးဆောင်ပါတယ်။

ဒေါက်တာတင့်ဆွေ
၉-၅-၂ဝ၁၄
၂၉-၁-၂ဝ၁၈

Comments