Peanut Allergy Alert နှစ်ပြန်ကြော်ပဲ သတိပေးချက်ထုတ်

မိတ်ဆွေတယောက်က ပို့ပေးပါတယ်။ ကျေးဇူး။ ဒါကိုဝယ်ထားတဲ့သူရှိရင် လွှင့်ပစ်ရင် ပစ်၊ မပစ်ရင်လည်း ဆိုင်သွားပြီး ပစ္စည်းနဲ့ငွေပြန်လဲယူခဲ့ဆိုပြီး ဝယ်သူတွေကို ပြောထားသလို ရောင်းသူတွေကိုလည်း မရောင်းရ ပိတ်ပင်ထားပါတယ်။ Peanut allergy လို့ပြောတယ်ဆရာ။ နောက်ပြီး ပါဝင်သည့်ပစ္စည်း အညွှန်းစာရွက်မှာ ပါတဲ့ စာရင်းအတိုင်း မပါလို့လည်း ပါတယ်တဲ့။

လိုက်စစ်ကြည့်တော့ ဟုတ်တယ်။ မြန်မာပြည်ကနေတင်သွင်းရောင်းချနေတဲ့ သံလွင် နှစ်ပြန်ကြော်အစားအစာကို  ယူအက်စ်အေမှာ ၁၈-၁ဝ၂ဝ၁၇ နေ့က သတိပေးချက်ထုတ်ထားတယ်။ မြေပဲအလာဂျီရစေနိုင်လို့ဖြစ်တယ်။

https://community.kidswithfoodallergies.org/blog/peanut-allergy-alert-thanlwin-fried-bean-snack
Peanut Allergy Alert - Thanlwin Fried Bean Snack
KFA Food Alerts KFA FOOD ALERTS 10/19/1710:36 AM
Myanmar Wholesale Issues Allergy Alert On Undeclared Peanuts In Thanlwin Fried Bean Snack
For Immediate Release October 18, 2017

အဲလိုအစားအသောက်၊ အလှကုန်နဲ့ အသုံးအဆောင်တွေကို တားမြစ်ထားတာတွေရှိသေးတယ်။ သိသလောက် အထောက်အထားနဲ့ တင်ပြပါတယ်။ ကျောက်နဲ့လုပ်တဲ့ အသုံးအဆောင်တွေ၊ သတ္တုဒယ်အိုးဒယ်ခွက်တွေလည်းပါတယ်။ ပြည်တွင်းမှာလည်း အစားအသောက်၊ အလှကုန်နဲ့ အသုံးအဆောင်တွေကို သတိထားကြစေလိုပါတယ်။ တချို့ဟာတွေက အလာဂျီ ခေါ် မတည့်တာဖြစ်စေနိုင်တယ်။ အလာဂျီသဘောက တည့်တဲ့သူတည့်၊ မတည့်တဲ့သူမတည့်။ တချို့ထဲမှာ ပိုးတွေပါတယ်။ တချို့ထဲမှာ အဆိပ်သင့်နိုင်တာတွေပါတယ်။

ဒေါက်တာတင့်ဆွေ
၂၆-၁-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး