Food Myths အစားအစာမှာ အထင်မှားနေတာတွေ

၁။ ဆရာရှင့် ကလေးမီးဖွားပြီးတာ ၂၅ရက်ရှိပါပြီ။ ဆရာဝန်က အစားသောက် အကုန်စားပါ။ မရှောင်ရဘူးပြောလို့ စားပါတယ်ရှင်။ မိခင်ကအစားရှောင် မကောင်းဘူးဆိုလို့ပါ။ ဒါပေမယ့် ခင်ပွန်းသည်က သူ့အိမ်ကပြောတဲ့ အရပ်စကားတွေ နားဝင်ပြီး ကျွန်မအစားမရှောင်တာကို မကြိုက်ပါဘူး။ သူ့အိမ်ကပြောသလိုဆို ကျွန်မမှာ ထမင်းဖြူနဲ့အသားကျော်သာ စားရမယ့်ပုံရှိနေပါတယ်။ ခု သမီးလေးက ချွဲရှိနေတော့ ပိုဆိုးပါတယ်။ ကျွန်မ မဆင်ခြင်လို့ပဲဆိုပြီး ပြောပါတယ်။ ဒါကြောင့် မိခင်အစားရှောင်တာမကောင်းဘူးဆိုတာကို ဆရာရေးထားတဲ့ ဆောင်းပါရှိ တင်ပေးစေလိုပါတယ်ရှင်။ ကျေးဇူးအထူးတင်ပါတယ်ရှင်။

မနက်က ကိုယ်ဝန်အတွက်စာ။ အခု ကလေးအမေအတွက်။ ချွဲဆိုတာ အသက်ရှူလမ်းကနေဖြစ်စေတယ်။ ပါးစပ်ကနေဝင်တဲ့ အစားအသောက်ကြောင့် မဖြစ်စေပါ။

၁။ သမီးက အသက်၂၄ပါ။ အရင်တုန်းက ငရုပ်သီး အရမ်းစားပါတယ်။ အစာအိမ်တွေအောင့်ပြီးနာပါတယ်။ အဲ့တုန်းက နောက်ပိုင်းတော့ ငရုပ်သီးကိုစားတာ ရပ်လိုက်ပါတယ်။ အခုက အစာအိမ် ပြန်အောင့်နေတာ ၂ရက် ရှိပါပြီ။ နှစ်စကတည်းက ဝိတ်ချနေတာကြောင့် ညစာကို မစားပါဘူး။ ဝိတ်က 54 kg ပါ အရင်က 60 ကျော်ပါတယ်။ သမီးက တနေ့ကို ၂နပ် ပုံမှန်စားဖြစ်အောင်စားပါတယ်။ တခါတလေ မနက်ကိုနေ့လည်စာနဲ့ ပေါင်းစားဖြစ်ပါတယ်.. အခု အစာအိမ် အောင့်နေတာ အိမ်တွင်းဆေးနည်းလေး နဲ့ သက်သာတဲ့နည်းလေး သိချင်ပါတယ်ဆရာ။ ဟို ကြီးကြီးမားမား ရောဂါတွေ ဖြစ်တာတော့ မရှိထားပါဘူး။ မေးတာတွေ အမှားပါရင် တောင်းပန်ပါတယ်ဆရာ။ သမီး ပထမဦးဆုံး မေးတဲ့အတွက် အမှားပါခဲ့ရင် ခွင့်လွတ်ပါဆရာ။

အိမ်တွင်းဆေးနည်း မသိပါ။ ဆောရီး။

၂။ ဆရာ ကျွန်မရောဂါက အစာမာမာစားရင်၊ ညနေစာ အများကြီး နေ့တိုင်းဆက်တိုက်စားရင် ဗိုက်ကနေ ရင်ဘတ်အထိ၊ ခါးကနေ လက်ပျဉ်အထိ တောင့်နေပြီး ကျောအောင့်ပါတယ်။ အစာအိမ်ထဲကို မှန်ပြောင်းကြည့်ပြီးတဲ့နောက် chronic gastritis လို့ မှတ်ချက်ရေးထားပါတယ်။ အခု ဆရာဝန်က Motilium-M, Esomeprazole, Unienzyme တလခွဲ သောက်ခိုင်းထားပါတယ်။ စားလို့ကောင်းနေပါတယ်။ ညနေစာ ထမင်းကိုတော့ ဝအောင်မစားရဲလို့ နည်းနည်းပဲ စားပါတယ်။ ကျွန်မ ရောဂါက အစာခြေရာမှာ catalyze လုပ်ပေးတဲ့ Enzyme deficiency ကြောင့်လား။ ဒီရောဂါ ပြန်မဖြစ်အောင် Unienzyme ကိုအမြဲသောက်သင့်သလား။ side effect ကဘာဖြစ်နိုင်လဲ။ ဒီဆေးကို အစာစားပြီး တစ်နာရီကြာမှ သောက်ရတယ်လို့ သူငယ်ချင်းကပြောတယ်။ ဟုတ်ပါသလား။ ဆရာဝန်ကတော့ အစာစားပြီးသောက်လို့ ရေးပေးလိုက်ပါတယ်။ ဒီက ဆရာဝန်တွေက လူနာသိချင်မေးပြီး အေးအေးဆေးဆေး ဆွေးနွေးဖို့ အချိန်မပေးလို့ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။

အင်ဇိုင်းဆိုတာ အစာကျေချက်ပေးတယ်။ လူတိုင်းမှာလဲ အလိုလိုထွက်နေတယ်။ အစာစားပြီးပြီးချင်းသောက်ရမယ်။ ဒါမှ ဆေးနဲ့အစာတွေ့ကြမှာ။ ကြာရှည်မသောက်ရပါ။ တာရှည်သောက်နေရင် ကိုယ်ကနေထွက်တာနည်းနည်းလာမယ်။ သဘာဝအင်ဇိုင်းက ပုံမှန်ရှိနေမှသာကောင်းတယ်။ ဆရာဝန်အတော်များများက အဲလိုဘဲ။ ဆောရီး။

အစားအစာမှာ အထင်မှားနေတာတွေ

1. Spicy Foods Cause Ulcers အစပ်စားရင် အစာအိမ်နာဖြစ်တယ်ဆိုတာ မဟုတ်ပါ။
အရင်က အဲလိုထင်မှတ်ခဲ့ကြတယ်။ လေ့လာချက်တွေအရ အဲလိုထင်တာ မှားတယ်။ အစာအိမ်လေနာဖြစ်တယ်ဆိုတာ (၁) Helicobacter pylori (H. pylori) ဗက်တီးရီးယား ဝင်ရာကနေဖြစ်တယ်။ ဒါမှမဟုတ် (၂) Aspirin, Ibuprofen, Naproxen ဆိုတဲ့ (NSAIDs) အနာသက်သာဆေးတွေကနေ ဖြစ်စေတယ်။ လေနာဖြစ်နေသူတွေအတွက် အစပ်စားရင် ပိုဆိုးချင်ဆိုးမယ်။ အစပ်စားလို့ လေနာဖြစ်တယ်ဆိုတာ မဟုတ်ပါ။

2. Smoking Relieves Heartburn ရင်ပူတာကို ဆေးလိပ်သောက်ရင် သက်သာမယ်ထင်တာ တက်တက်စင် လွဲပါတယ်။
ပြောင်းပြန်သာဖြစ်စေတယ်။ ဆေးလိပ်ထဲမှာပါတဲ့ Nicotine (နီကိုတင်း) ကနေ အစာမြိုပြွန်အောက်ခြေက အထိန်းကို ကျယ်စေလို့ အစားအိမ်ထဲကလေ အထက်တက်လာနိုင်တယ်။ လေရော အစာခြေအရည်ရောတက်ရင် ရင်ပူရောဂါဖြစ်မယ်။

3. Chewing gum Bubblegum (ချူးယင်း-ဂမ်း) (ဘာဘယ်လ်-ဂမ်း) တွေကို အစာချက်ရတာ အချိန်ကြာတယ် ဆိုတာ မဟုတ်ပါ။ ဒီလိုဝါးနေတာတွေကို မျိုချလိုက်ရင် အစာအိမ်၊ အစာလမ်းထဲမှာ ကြာကြာနေပြီး နောက်မှာ ကျေချက်သွားမယ်လို့ ထင်တာ မှားပါတယ်။ ပါးစပ်ကနေ တဖြေးဖြေး အောက်ဆင်းဆင်းလာပြီး နောက်ဆုံး ဝမ်းထဲမှာသာ ပါသွားပါမယ်။ အစာချက်သလို ချက်မရပါ။

4. Heavy Lifting Causes Hernias အလေးအပင်မရင် အူကျမယ်ထင်တာ မဟုတ်ပါ။
(ဟာနီယာ) အူကျရောဂါ ဖြစ်စေတဲ့အကြောင်းခံတွေထဲမှာ အလေးအပင်မရလွန်းလို့ဆိုတာက အချက်တခုတည်းသာ ဖြစ်သေးတယ်။ အကြောင်းခံတခုမကရှိတယ်။ ဗိုက်ထဲမှာ ဖိအားဖြစ်ရတာ နဲ့ ဗိုက်ကိုဖုံးနေတဲ့ ကြွက်သားတွေမှာ အားနည်းချက် ဖြစ်ဖြစ် အပေါက်ဖြစ်ဖြစ် ရှိနေတာတွေကနေ ပေါင်းပြီးဖြစ်စေတယ်။ အူကျတယ်ဆိုတဲ့ အမျိုးအစားတွေ ကတော့ Inguinal hernia, Femoral hernia, Umbilical hernia, Hiatal hernia တွေဖြစ်တယ်။

5. Only Alcoholics Get Cirrhosis အရက်သောက်မှ အသဲခြောက်တယ်ဆိုတာ မမှန်ပါ။
အရက်သောက်တာနဲ့ အသဲရောဂါ ဆက်စပ်မှုတော့ အသေအခြာရှိပါတယ်။ ဒါပေမဲ့ တခြားအကြောင်းတရားတွေကနေလဲ အသဲခြောက်စေနိုင်တယ်။ Hepatitis B and C အသဲရောင် (ဘီ) နဲ့ (စီ) ပိုးတွေ။ အရက်သောက်များတိုင်းတော့ အသဲခြောက်ချင်မှ ခြောက်မယ်။ တခြား ဒိထက်ဆိုးတာလဲ ဖြစ်လာစေနိုင်တယ်။

6. Nuts Lead to Diverticulitis အစေ့အဆံတွေစားရင် (ဒိုင်ဘာတီကူလိုက်တစ်) အူရောဂါဖြစ်မယ်ထင်တာ မှားတယ်။
အူမကြီးမှာ Pouches အိတ်ခေါင်းလေးတွေ ဖြစ်တဲ့ရောဂါ မဖြစ်ချင်ရင် Nuts အစေ့အဆံ၊ Corn ပြောင်းဖူး၊ Popcorn (ပေါ့ပ်ကောင်း)၊ Strawberries (ဟထောဘယ်ရီ) တွေ မစားသင့်ဘူးလို့ ပြောနေကြတာ မမှန်ပါ။ အစေ့လေးတွေ သွားပိတ်နေမယ်လို့ ထင်တာဟာ စိုးရိမ်ချက် သက်သက်သာ ဖြစ်ပါတယ်။ ၂ဝဝ၈ လေ့လာမှုအရ ပြောင်းပြန်တွေ့ရတယ်။ High-fiber diet တွေစားတာ ရောဂါကို ကာကွယ်ရာကျတယ်။ မြန်မာတွေက မာလကာစေ့ကနေ အူအတက် ပိတ်ပြီး ရောင်မယ်ထင်တာလဲ မဟုတ်သေးပါ။

7. Beans Cause the Most Gas ပဲစားရင် လေထမယ် ထင်လာလဲ မှားတယ်။
ရီစရာပြောတာ မြန်မာတွေမှ မဟုတ်ပါ။ လေများစေတာ ပဲတမျိုးမဟုတ်ပါ။ Dairy foods နို့ထွက်အစာတွေလဲ ပါတယ်။ အသက်ကြီးသူတွေမှာ နွားနို့ထဲက Lactose သကြားဓါတ်ကို ငယ်တုံးကလောက် စုပ်ယူတာမလုပ်နိုင်တော့ပါ။ Lactose-free products တွေစားသုံးသင့်တယ်။ ဒါမှမဟုတ် နို့ထွက်အစာတွေမစားခင် Enzyme lactase ဆေး သောက်ပေးပါ။

8. No Dairy for Lactose Intolerant (လက်တို့စ်) မခံနိုင်တဲ့ရောဂါရှိရင် နွားနို့မသောက်နဲ့လို့ အရမ်းမတားပါနဲ့။
နွားနို့ထဲမှာပါနေတဲ့ Lactose (လက်တို့စ်) မခံနိုင်သူတွေ နို့ထွက်အစာ မစာပါနဲ့လို့ ပေးတဲ့ အကြံမမှန်ပါ။ တချို့က ဒိန်ချဉ်၊ ရောဂတ်၊ အိုင်စ်ခရင်မ် တွေစားလို့ရပေမဲ့ နွားနို့သောက်မရဘူး။ လူတိုင်းက မတူကြလို့ စမ်းကြည့်ပြီးမှသာ ရှောင်ပါ။

9. Aging Causes Constipation အသက်ကြီးရင် ဝမ်းမချုပ်ပါ။
လူကြီးတွေ ဝမ်းချုပ်ချင် ချုပ်ပါလိမ့်မယ်။ အသက်ကိုတော့ လွဲမချပါနဲ့။ အသက်ကြီးလို့ ရောဂါတွေကုဘို့၊ ကာကွယ်ဘို့ သောက်နေရတဲ့ ဆေးတွေကနေ ဝမ်းချုပ်စေနိုင်တာကို သတိထားပါ။ အသက်ကြီးတော ကိုယ်လက် လှုပ်ရှားမှု နည်းလာတာတဲ့ အကြောင်းတပါးဖြစ်တယ်။ အစာလဲနည်း၊ ရေ-အရည်သောက်တာလဲ နည်းနေသလား ဆန်းစစ်ပါ။

10. Fiber No Help With Diarrhea အသီးအရွက်က ဝမ်းသက်တယ်ဆိုတာ မမှန်ပါ
အပေါ်ယံကြည့်ရင် မှန်ပါတယ်၊ အသီးအရွက်တွေက ဝမ်းလွယ်စေနိုင်တယ်၊ ဒါကြောင့် ဝမ်းသွားများစေမယ်။ အမှန်က ဝမ်းကို ပျက်စေတာ၊ မာစေတာ မဟုတ်ပါ။ အနေတော်ဖြစ်စေတယ်။ အူမကြီးနံရံကနေ ရေကိုပိုယူပေးလို့၊ အစာထဲကရေကို ပိုစုပ်ယူပေးလို့ အဲလိုဖြစ်စေတာဖြစ်တယ်။

11. You'd Know If You Had Cancer ကင်ဆာဖြစ်နေရင် ကိုယ့်ဖါသာ သိမှာဘဲလို့ မထင်ပါနဲ့။
အူမကြီး-ကင်ဆာဆိုတာ အစောပိုင်းအဆင့်မှာ ဘာမှမဖြစ်သလိုနေတယ်။ ဒါကြောင့် ရောဂါကိုစောစောသိဘို့ ခက်တယ်။ အသက် ၅ဝ ကျော်သူတွေ တနှစ်တခါစစ်ရင် မျက်စိနဲ့မမြင်ရဘဲ ဝမ်းထဲမှာ သွေးပါနေတာကို စစ်ရမယ်။

12. Colonoscopies Are Dreadful စအိုလမ်းအစမ်းခံရတာ သိပ်ကြောက်စရာကောင်းတယ် မထင်ပါနဲ့။
နာရီဝက်၊ တနာရီသာကြာမယ်။ စအိုနဲ့ အစာဟောင်းအိမ်မှာ ရောဂါရှိနေတာကို သိလာမယ်။ မေ့ဆေးဖြစ်ဖြစ်၊ ငြိမ်ဆေးဖြစ်ဖြစ် ပေးမှာပါ။ မစမ်းခင်တော့ ပြင်ရဆင်ရတာ ကရိကထများမယ်။ အစားဆင်ခြင်ရတာ၊ ဝမ်းခြူရတာ စတာတွေတော့ လုပ်ရပါမယ်။

13. Heartburn and Sitting-up Sleep ရင်ပူရင် ထိုက်လျှက်အိပ်ပါဆိုတာ မလိုက်နာပါနဲ့။
ဒီလိုပြောကြာတကို လက်တွေ့ ဟုတ်တယ်လို့ သက်သေမရှိပါ။ ခေါင်းပိုင်းကို နဲနဲပိုမြှင့်ထားရင် သက်သာတာတော့ ဟုတ်တယ်။ ခေါင်းအုံးကို ၄-၆ လက္မလောက် ပိုမြင့်ပါစေ။ ထိုင်အိပ်ဘို့ မလိုပါ။

14. IBS and Diet အူလမ်းမငြိမ်ရောဂါနဲ့ အစားအစာ
အူလမ်းမငြိမ်ရောဂါဆိုတာ တချို့အစားအစာတွေနဲ့ မသင့်တာမှန်ပါတယ်။ အစာကိုပြုပြင်စားယုံနဲ့တော့ မရသေးပါ။ ဘာစားစား စားတယ်ဆိုကတည်းက လေပွတာ၊ ဝမ်းလျှောတာ၊ ဝမ်းချုပ်တာတွေဖြစ်တာဟာ ဒီရောဂါရဲ့ လက္ခဏာတွေ ဖြစ်တယ်။ ဘယ်အစာစားရင် ပိုဆိုးတယ်ဆိုတာ ကိုယ်တိုင်အသေအခြာ ရွေးချယ်မှတ်သားထားပြီး ရှောင်ပါ။

15. IBD and Stress အူလမ်းမငြိမ်ရောဂါ နဲ့ စိတ်
စိတ်ဖိအားများတာကနေ နာတာရှည်ရောဂါတွေကို ခလုပ်ဖြုတ်ပေးသလိုဖြစ်စေနိုင်ပါတယ်။ ဒါပေမဲ့ အူလမ်းမငြိမ်ရောဂါ ဖြစ်စေတယ်ဆိုတာ မသေခြာပါ။ IBD ဆိုတာ Crohn's disease ရောဂါနဲ့ Ulcerative colitis ရောဂါတွေကို ခေါ်တာ ဖြစ်တယ်။ အူသိမ်နဲ့ အူမကြီးနံရံတွေ ရောင်ရမ်းနေတယ်။ မျိုးဗီဇကလည်း ဖြစ်စေနိုင်တယ်။ ခုခံအားလဲ စဉ်းစားနိုင်တယ်။

16. Celiac disease (စီးလိယက်) ရောဂါဖြစ်ရင် ဗိုက်နာမှာဘဲလို့ချည်း မထင်ပါနဲ့။
Celiac disease ဆိုတာ Gluten protein (ဂလိုတင်-ပရိုတင်း) ကို လက်မခံနိုင်တဲ့ရောဂါဖြစ်တယ်။ ရောဂါလက္ခဏာတွေက လေပွမယ်၊ ဝမ်းလျှောမယ်။ အများဆုံးက ဒါတွေဖြစ်တယ်။ ဒါလေးတင် မရသေးဘူး Anemia သွေးအားနည်းတာ၊ Osteoporosis အရိုးအားနည်းတာ၊ Depression စိတ်ဓါတ်ကျတာ၊ Growth problems ကြီးထွားမှုနှေးတာတွေကိုပါ ရှိ-မရှိစစ်ရမယ်။

Myths လို့ခေါ်တဲ့ အယူအဆအလွဲအမှားတွေ ရေးပြီးတာ မနည်းတော့ပါ။
၁။ Digestive Myths အစားအစာမှာ အထင်မှားနေတာတွေ http://doctortintswe.blogspot.com/2015/12/digestive-myths.html
၂။ HIV-AIDS Myths and Facts (အိတ်ခ်ျအိုင်ဗွီ-အေအိုင်ဒီအက်စ်) အထင်မှား နဲ့ အမှန်တရား https://doctortintswe.blogspot.com/2017/06/myths-and-facts-hivaids.html
၃။ Mother’s words of wisdom အမေ့စကား https://doctortintswe.blogspot.com/2017/05/mothers-words-of-wisdom.html
၎။ Myths about menstrual cycle ရာသီလာခြင်း အရိုးစွဲအယူအဆများ https://doctortintswe.blogspot.com/2014/11/myths-about-menstrual-cycle.html
၅။ Myths of Pregnancy and Postpartum မီးတွင်းကျန်းမာရေး အယူအဆအမှားများ https://doctortintswe.blogspot.com/2017/06/myths-of-pregnancy-and-postpartum.html
၆။ Old wives' tale မိန်းမကြီးများပုံပြင် https://doctortintswe.blogspot.com/2016/10/old-wives-tale.html
၇။ The Salt Myth ချိုချင်ပါလျက် ဆားတပွင့်ကဖျက် https://doctortintswe.blogspot.com/2016/06/the-salt-myth.html
၈။ Common Cold in children ကလေးတွေ အအေးမိရင် https://doctortintswe.blogspot.com/2017/08/common-cold-in-children.html
၉။ Coughing and Children ကလေးတွေချောင်းဆိုးရင် https://doctortintswe.blogspot.com/2016/12/coughing-and-children.html

Dr. တင့်ဆွေ
၂၈-၁-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး