Tuesday, January 30, 2018

An Ox ခိုင်းနွား

သတင်းတချို့ထွက်တိုင်း ဘလော့စရာ ပေါ်လာစမြဲ။ မနှစ်ကဒီနေ့မှာ ၅ဝဝဝ ထဲက ၃ နေရာလျော့သွားတယ်။ ကနေ့တော့ ၁ ယောက်လျှော့။

တချို့ကလည်း ဖေ့စ်ဘွတ်ကို သူတို့ဖတ်နေချိန်လေးမှာ သူတို့စိတ်ထဲဖြစ်နေတဲ့သတင်းကို ကျွန်တော်ပါ လိုက်ရေးတာ မတွေ့ရင် ဒီမှာ ဒါဖြစ်နေတာတောင် မသိဘူးလားတဲ့။

ဆရာ့ကို မတွေ့တာကြာပြီလို့ ရေးလာသူတွေဆီ ရွာထိပ်ကမန်ကျည်းပင်ကြီးအကြောင်း ပြောပြောပြနေရသလို ပြောရအုန်းတော့မှာပဲ။

ခိုင်းနွားကြီး မြက်စား စမြုံ့ပြန်နေတာသာ မြင်ကြတယ်။ မလင်းခင်က လယ်တဧကကို ထွန်ပေးခဲ့တာကို မသိကြဘူး။

ဒေါက်တာတင့်ဆွေ
၃ဝ-၁-၂ဝ၁၇
၃ဝ-၁-၂ဝ၁၈

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဈေးကြီးသော ပန်းချီဆရာဝန်

လွန်ခဲ့တဲ့ ၂၈ နှစ်ကသိမ်းထားခဲ့တဲ့ သံသေတ္တာလေးကို ဖွင့်တော့ အထဲမှာ ရေဆေးပန်းချီကားလေးတချပ်တွေ့တယ်။ ကျွန်တော့်လက်မှတ်ပါပေမဲ့ နေ့စွဲမပါ။ ပန်းခ...