Policy Dictionary ပေါ်လစီမြန်မာအဘိဓာန် သမိုင်း
တက္ကသိုလ်မြန်မာအဘိဓာန်ကို မြန်မာနိုင်ငံ ပညာ့တံခွန်အသင်းကဦးစီးပြီး ၁၉၄၄ ခုနှစ်မှာ ပြုစုခဲ့ပါတယ်။ ပါမောက္ခ ဦးဖေမောင်တင်က သဘာပတိအဖြစ် တာဝန်ယူရတယ်။ ဂျပန်ခေတ်မှာဖြစ်တယ်။ ကျောင်းသုံး အဘိဓာန်ငယ်ကို အရင်ပြုစုတာမှာ ကမ္ဘာစစ်ကြီးကြောင့် က အက္ခရာကနေ ဝ အက္ခရာအထိသာ ပြီးလိုက်တယ်။ စစ်ကြီးပြီးတော့ မြန်မာအဘိဓာန်ပြုစုဖို့ ရန်ကုန်တက္ကသိုလ် မြန်မာစာဌာနက ဦးဝန်ကို တာဝန်ပေးတယ်။ ပါမောက္ခဦးဖေမောင်တင်နဲ့ ပါမောက္ခ ဒေါက်တာဘဟန်တို့က အကြံးပေးတာဝန်ယူရတယ်။ ၁၉၆၄ မှာ ဆ အက္ခရာအထိ ပုံနှိပ်ထုတ်ဝေနိုင်ခဲ့ပြီး ရပ်ဆိုင်းသွားရပြန်တယ်။ စစ်အာဏာသိမ်းပြီး အစိုးရအပြောင်းအလဲတွေကြောင့်ဖြစ်တယ်။
၁၉၆၃ မှာ တော်လှန်ရေးကောင်စီက မြန်မာစာပေပြုစုရေးနှင့် ဘာသာပြန်ကော်မရှင်ကို ဖွဲ့တယ်။ မြန်မာစာအဖွဲ့လို့ အမည်ပြောင်းတယ်။ ၁၉၇၈ မှာ မြန်မာအဘိဓာန် (အကျဉ်းချုပ်) ၅ တွဲ ထုတ်ဝေတယ်။ ၁၉၈ဝ မှာ ဆက်ထုတ်တယ်။ ၁၉၉၁ မှာ ဆက်ထုတ်တယ်။ ကနေ့လည်းအဲတာကိုသာ ဆက်သုံးနေတယ်။
၁၉၆၄ ခုနှစ် သြဂုတ်လ ၂၇ ရက်နေ့တွင် ကျောင်းသုံးစာအုပ်ကော်မတီ အစည်းအဝေးကို တော်လှန်ရေးကောင်စီဥက္ကဋ္ဌရုံး၌ ကျင်းပစဉ် ဥက္ကဋ္ဌကြီးက အသံကိုရေးတဲ့အခါ အမှန်ရေး။့ စည်းကမ်းဆိုတာ အတိအကျရှိရမယ်။ စကားတလုံးနှင့် ခုနစ်နှစ် ငြင်းနေလို့ ဘယ်ဖြစ်မလဲ။ နောက်ဆုံးတော့ တခုခုကို ပညတ်ရမှာပဲ။ မူကိုဦးစွာချပါ သဖြင့်ပါရှိတယ်။
၁၉၇၈ ခုနှစ် ဇန်နဝါရီလထုတ် မြန်မာစာ စာလုံးပေါင်းသတ်ပုံကျမ်း နိဒါန်းမှာ - ထိုကော်မရှင်သည် အစိုးရရုံးသုံး စံ မြန်မာရေးထုံးကျမ်းတစောင် ပေါ်ထွက်လာရေး လုပ်ငန်းတရပ်ကိုလည်း ဆောင်ရွက်ရမည်ဟု ဥက္ကဋ္ဌကြီးက ထပ်မံညွှန်ကြား သတ်မှတ်ပါသည်လို့ ရေးသားထားတယ်။ မြန်မာရေးထုံးကျမ်းတစ်စောင် မဟုတ်ပါ။ လုပ်ငန်းတစ်ရပ်ကိုလည်း မဟုတ်ပါ။ စကားတစ်လုံးနှင့် မဟုတ်ပါ။ တစ်ခုခုကို မဟုတ်ပါ။
ပါမောက္ခဦးဖေမောင်တင်၊ ပါမောက္ခဦးအေးမောင်၊ ဒဂုံရွှေမျှား၊ ဦးဝန် ခေါ် မင်းသုဝဏ်၊ ဦးသိန်းဟန်ခေါ် ဇော်ဂျီတို့က တကို မလိုအပ်ပဲ တစ်လို့ မရေးကြပါ။ ကနေ့သတ်ပုံတွေဟာ ပေါ်လစီ မြန်မာအဘိဓာန်အတိုင်းသာ လိုက်နာကြတယ်လို့ ကျွန်တော်ကမြင်ပါတယ်။ ကန်တော့ပါ။
ဖြူးဖြောင့်စွာ လမ်းပြေချောတော့ ကျော့ကျော့လေးလျှောက်။
ဒေါက်တာတင့်ဆွေ
၁၈-၁-၂ဝ၁၈
၁၉၆၃ မှာ တော်လှန်ရေးကောင်စီက မြန်မာစာပေပြုစုရေးနှင့် ဘာသာပြန်ကော်မရှင်ကို ဖွဲ့တယ်။ မြန်မာစာအဖွဲ့လို့ အမည်ပြောင်းတယ်။ ၁၉၇၈ မှာ မြန်မာအဘိဓာန် (အကျဉ်းချုပ်) ၅ တွဲ ထုတ်ဝေတယ်။ ၁၉၈ဝ မှာ ဆက်ထုတ်တယ်။ ၁၉၉၁ မှာ ဆက်ထုတ်တယ်။ ကနေ့လည်းအဲတာကိုသာ ဆက်သုံးနေတယ်။၁၉၆၄ ခုနှစ် သြဂုတ်လ ၂၇ ရက်နေ့တွင် ကျောင်းသုံးစာအုပ်ကော်မတီ အစည်းအဝေးကို တော်လှန်ရေးကောင်စီဥက္ကဋ္ဌရုံး၌ ကျင်းပစဉ် ဥက္ကဋ္ဌကြီးက အသံကိုရေးတဲ့အခါ အမှန်ရေး။့ စည်းကမ်းဆိုတာ အတိအကျရှိရမယ်။ စကားတလုံးနှင့် ခုနစ်နှစ် ငြင်းနေလို့ ဘယ်ဖြစ်မလဲ။ နောက်ဆုံးတော့ တခုခုကို ပညတ်ရမှာပဲ။ မူကိုဦးစွာချပါ သဖြင့်ပါရှိတယ်။
၁၉၇၈ ခုနှစ် ဇန်နဝါရီလထုတ် မြန်မာစာ စာလုံးပေါင်းသတ်ပုံကျမ်း နိဒါန်းမှာ - ထိုကော်မရှင်သည် အစိုးရရုံးသုံး စံ မြန်မာရေးထုံးကျမ်းတစောင် ပေါ်ထွက်လာရေး လုပ်ငန်းတရပ်ကိုလည်း ဆောင်ရွက်ရမည်ဟု ဥက္ကဋ္ဌကြီးက ထပ်မံညွှန်ကြား သတ်မှတ်ပါသည်လို့ ရေးသားထားတယ်။ မြန်မာရေးထုံးကျမ်းတစ်စောင် မဟုတ်ပါ။ လုပ်ငန်းတစ်ရပ်ကိုလည်း မဟုတ်ပါ။ စကားတစ်လုံးနှင့် မဟုတ်ပါ။ တစ်ခုခုကို မဟုတ်ပါ။
ပါမောက္ခဦးဖေမောင်တင်၊ ပါမောက္ခဦးအေးမောင်၊ ဒဂုံရွှေမျှား၊ ဦးဝန် ခေါ် မင်းသုဝဏ်၊ ဦးသိန်းဟန်ခေါ် ဇော်ဂျီတို့က တကို မလိုအပ်ပဲ တစ်လို့ မရေးကြပါ။ ကနေ့သတ်ပုံတွေဟာ ပေါ်လစီ မြန်မာအဘိဓာန်အတိုင်းသာ လိုက်နာကြတယ်လို့ ကျွန်တော်ကမြင်ပါတယ်။ ကန်တော့ပါ။
ဖြူးဖြောင့်စွာ လမ်းပြေချောတော့ ကျော့ကျော့လေးလျှောက်။
ဒေါက်တာတင့်ဆွေ
၁၈-၁-၂ဝ၁၈

Comments
Post a Comment