သျှိုးလိုက်ရတု
ရွှေဝါဝင်းလဲ့ ခြောက်ပြစ်မဲ့ ချောနွဲ့ငွေနှင်းရည်၊ ဝေ့
ရွှင်ကြည်နှလုံး လှခေါင်ဆုံးကို မောင်ဖုန်းကြင်မိသည်ကြောင့် သျှိုး
ရွှေမေတ္တာသည် ယူမည်ကြံဆဲ့ ဇမ္ဗူရစ်ခွေ လျှမ်းလှမ်းဝေသည် ဂဟေဆော်မြဲသို့ သျှိုး
အလွဲလွဲ မရှိအောင် ဝေ့
မြင့်မိုရ်တောင်မျှ မကဂုဏ်အင် ကျေးဇူးရှင်နှင့် ဘခင် ပီတာ ထံတော်မှာလျှင် ခွင့်သာပန် အကြောင့်နှင့် သျှိုး
သွယ်နွဲ့ပျောင်းအိ ပြုံးချိုချို ဝေ့
စိတ်ကိုယ်ချမ်းမြ မကြောင့်ကြနှင့် မိဘဆိုသော် ရွှေလှော်မြခဲ မင်ရည်ရွဲသည် စိတ်ထဲတရွှင်ရွှင်နှင့် သျှိုး
ရွှင်ကြည်သည့်အာရုံတွေ ဝေ့
မနောဘဝင် ဇောအစဉ် ဆင်သည့်အဝေနေမို့ သျှိုး
ရွှေဂွမ်းလို တအိအိ နေထိယောင်းပုံ ဝေ့
ခြုံကာနဂလိန် ပုသိမ်သဲပက် တင်ခုံးထက်မှာ ငိုလျက်နှုတ်ဆက်ကာနှင့် သျှိုး
ခက်ပါဘိ မောင့်ကိုကို ဝေ့
ပိုကရိုနှင့် ကိုယ်ဟန်ညွတ်တိမ်း နွဲ့နွဲ့ယိမ်းမှာ ဒေါင်းဖလ်ဝါ သုတ်ကာ မျက်ရည်ရွှဲငယ်နှင့်လေ
ငိုမဲငိုမဲ့ ပျိုအနွဲ့ငယ် တကယ်အလွမ်းပိုလို့လေး ဝေ့
ဒေါက်တာတင့်ဆွေ
၂ဝ-၁-၂ဝ၁၈

Comments
Post a Comment