ဒေါ်ခင်ကြည်နှစ်လည်နေ့မှာ ဒီစာတိုရေးခဲ့ပါတယ်။ မဟာသီရိသုဓမ္မ ဒေါ်ခင်ကြည်ဟာ သူနာပြုဆရာမတဦးပါ။ နောင်မှာ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဖြစ်လာတယ်။ တယောက်မေးရာကနေ စရေးဖြစ်တာ။့။့။ • သူနာပြုသင်တန်းကို ဆရာစိတ်ဝင်စားတယ်။ မြန်မာပြည်မှာ ဘယ်လိုလည်းတော့ နည်းနည်းမှမသိပါ။ သူနာပြုတွေကို စာသင်မပေးဖူးပါ။ သင်တန်းကျောင်းထဲလည်း တခေါက်မှမရောက်ဖူးပါ။ • ဟုတ်ကဲ့ဆရာ ဒီမှာ သူနာပြုနဲ့ သားဖွားသင်တန်းကျောင်းပေါင်း ၅ဝ ရှိပါတယ်။ တချို့က တွဲရက်ကျောင်းနဲ့ တချို့က သူနာပြုသင်တန်းကျောင်း သီးသန့်ပါ။ ဒီပလိုမာ ၃ နှစ်ကျောင်းသားတွေကို မွေးထုတ်ပါတယ်ဆရာ။ ဆယ်တန်းမှာ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သုံးဘာသာပေါင်းအမှတ် အနည်းဆုံး ၁၉ဝ ရရပါမယ်ဆရာ။ အဲဒါက သူနာပြုပါ။ သားဖွား ဒီပလိုမာကတာ့ ၂ နှစ်တက်ရပါတယ်။ စုစုပေါင်း သုံးဘာသာရမှတ် ၁၈ဝ ရှိရပါမယ်ရှင့်။ ဒါပေမယ့် သင်တန်းကျောင်းရှိတဲ့ ပြည်နယ်နှင့် တိုင်းအလိုက် အမှတ်သတ်မှတ်ပုံ အနည်းအများ ကွာခြားချက်ရှိပါတယ်ရှင့်။ သင်တန်းကျောင်းတွေမှာ ကျောင်းအုပ် နည်းပြ ဒုနည်းပြဆိုပြီး သင်ကြားရေးပိုင်းမှာ ခန့်ထားပါတယ်ဆရာ။ ကျွန်မက သူနာပြုတက္ကသိုလ် မန္တလေးကဆင်းတဲ့ B.N.Sc (Generic) တယောက်ပါဆရာ။ ကျွန်မတိ...
Comments
Post a Comment