နံပါတ် နှင့် နံပတ်

၁။ နံပတ်၊ နံပါတ်၊ ဘယ်ဟာက အမှန်လဲဗျ။

၂။ ဖုန်းနံပါတ်လား၊ ဖုန်းနံပတ်လား။

အအရင်ထုတ်သတ်ပုံစာအုပ်တွေမှာ နံပတ် နဲ့ နံပါတ် မပါခဲ့ပါ။

နံ
ဆိတ်နံပင်
ဓါတ်နံ
နံကထိုင်မုန့်
နံကာလ (ဝါခေါင်လ)
နံကိုင်း
နံကျဉ်း နံကျယ် နံပြောက် (နိဿယ)
နံငယ်ပိုင်း
နံနံပင်
နံနက်ချိန်ခါ
နံပါး
နံမည် (နာမည်၊ အမည်)
နံပြား
နံရံ
နံရိုး
နံသင့်အက္ခရာ
နံစောင်
နံစော်
နံတောင် = နံပါး
နံတော်သင့်
နံပေါ်နံကြားထောက်သည်
နံဖေးထပ်
နံဘေး
နံဘေး
နံနှိမ်
ပနံစားသည်
ပနံသင့်
ပုပ်စော်နံ
ဂြိုဟ်နံ
ရည်းစားသနံ
အနံ့နံသည်
အလျားအနံ
အိမ်နံရံ
နေ့နံ
ရေနံဆီ
ရေနံချောင်းမြို့

ပါတ်
နိပါတ်ပုဒ်
ဇာတ်နိပါတ်
ပါဏာတိပါတ်
ပိဏ္ဍပါတ်
ပဋိပါတ်
တနင်္ဂနွေပါတ်

Number ကို အသံထွက်အရ နံပါတ်လို့ခေါ်သလား မသိပါ။ နံပါတ်တုတ်ကလည်း နောက်ပေါ်စာလုံးဖြစ်ပါတယ်။

ဒေါက်တာတင့်ဆွေ
၂၅-၁-၂ဝ၁၆
၂၅-၁-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး