Food Knowledge အစားအသောက်နဲ့ မွေးရာပါရောဂါ

ဆရာရှင့် သွေးတိုးရောဂါရှိနေသည့် မိခင်မှ မွေးဖွားလာသော ကလေးငယ်သည် မွေးဖွားပြီးနောက် မိခင်၏ အစာရှောင်မှုကြောင့် Cerebral ထိသည်ဟုဆိုကာ အကြောဆွဲ သွားရည်ယိုပြီး လူစဉ်မမီခြင်းနှင့် ရင်းဖြစ်စဉ် မဖြစ်ပေါ်ရေးအတွက် ကိုယ်ဝန်ဆောင် သွေးတိုးကြောင့် ငါးနှစ်အောက် ကလေးသေဆုံးမှုလျော့ချရေး ဆောင်းပါးတပုဒ် မျှဝေပါဦး ဆရာရှင့်။

ဘာရောဂါဖြစ်ဖြစ် ဘာရှောင်ရမလဲ၊ ကင်ဆာဖြစ်တာ ဘာစားရမလဲ စသဖြင့် အစားအသောက်အကြောင်းကို အမြဲလိုလို မေးကြတယ်။ ကိုယ်ဝန်ဆောင်မှာ ရှောင်စရာတွေလည်း အမေးများတယ်။ ဗီတာမင်ဘီဝမ်းချို့တဲ့သူမျိုးက ဘာစားရမလဲကို သေချာမမေးပါ။ အဲတာတွေဟာ အစာအာဟာရကို တန်ဖိုးထားမှုမှာ ကမောက်ကမဖြစ်နေတာတွေ။ လိုတာကိုမလုပ်ခြင်းနဲ့ မလိုတာကိုလုပ်ခြင်းတွေက မသင့်ပါ။

သွေးတိုးသမားနဲ့ ဆီးချိုသမားတွေ အစားအကောက်သာမက အနေအထိုင်ပါ သတိထားရတာ နေ့စဉ်နေ့တိုင်း စားတဲ့ အနပ်တိုင်းပါ။ ဒီရောဂါ ၂ မျိုးမှာ ရှောင်ရတာက မတူကြပါ။ သွေးတိုးက အငန် ဆိုဒီယမ်။ ဆီးချိုက အချို သကြားဓါတ်။ အငန်ရှောင်ရတဲ့သူက ဗီတာမင်တွေရှောင်ဖို့ မလို၊ ပရိုတင်းဓါတ်ကို ရှောင်ရန်မလို။ မရှောင်ရမှာကို ရှောင်ရင်တော့ ဗီတာမင်ချို့ယွင်းတာမဖြစ်စေနိုင်တယ်။ အတော်များများမှာ အဲဒီရောဂါ ၂ မျိုးလုံးရှိနေတယ်။

မေးခွန်းပါ ဆယ်ရီဘရယ်ဆိုတာ ဦးနှောက်။ ဉာဏ်ရည်ချို့ယွင်းတဲ့ကလေးလို့ မေးပုံရတယ်။ မဟုတ်ရင် ပြန်ပြောပါ။ မွေးစကလေးတွေ ဖွံ့ဖြိုးမှုမစုံတာတွေထဲမှာ ဦးနှောက်၊ အာရုံကြောနဲ့ဆိုင်တာတွေပါတယ်။ အများကြီး။ မေးခွန်းက မတိကျလို့ ယေဘုယျပဲပြောပါမယ်။ အော်တဇင် ဆိုတာရှိတယ်။ စီပီ ဆိုတာရှိတယ်။ ဒေါင်းဆင်ဒရုမ်း ဆိုတာရှိတယ်။ အဲတာတွေက မျိုးဗီဇချို့ယွင်းတာတွေ။ အစာအာဟာရနဲ့ မဆိုင်။ ဆိုဒီယမ်ဓါတ် လျှော့စားတာနဲ့ မဆိုင်။ ကိုယ်ဝန်မှာ ဖေါလစ်အက်စစ်သာ ကလေးဦးနှောက်ဖြစ်ထွန်းချိန်မှာ လိုပါတယ်။

မွေးရာပါ ခါးရိုးဆစ်မလုံတဲ့ စပိုင်နာဘိုင်ဖစ်ဒါ၊ မွေးရာပါနှလုံးရော၊ နှုတ်ခမ်းကွဲ အာခေါင်ကွဲတိုကလည်း အဲဒီသဘောပဲ။ မွေးကင်းစကလေး အသားဝါခြင်း အဖြစ်မနည်းလှပါ။ ဂျွန်းဒစ် ခေါ် အသားဝါက မျက်စိနဲ့မြင်ရတဲ့ နေရာသာမက အတွင်းထဲမှာ တကိုယ်လုံး ဝါနေတာလို့သိရမယ်။ ဦးနှောက်ဝါလို့ ဦးနှောက်ချို့ယွင်းမှု ဖြစ်စေနိုင်တယ်။ အစားအသောက်နဲ့ မဆိုင်ပါ။ ဂျီစစ်ပီဒီ အစာရှောင်ခဲ့လိုမဖြစ်။ ဖြစ်မှာသာ ရှောင်စရာရှိတယ်။

ဗီတာမင်တမျိုးမျိုးချို့တဲ့သူဟာ တခြားဗီတာမင်ဖြစ်ဖြစ်၊ တခြား အာဟာရဓါတ်ဖြစ်ဖြစ် နည်းနေတာပါရှိတတ်တယ်။ အစားအသောက်ရဲ့ အခြေခံယူဆချက်ကလွဲမှားနေလို့။ မစားတတ်လို့။ မစားနိုင်လို့လည်း အဲလိုဖြစ်နိုင်ပါတယ်။

သွေးတိုးရှိနေသူ ကိုယ်အလေးချိန်ပါများရင် အဆီဓါတ်နဲ့ ကယ်လိုရီများတဲ့ အစာတွေ ရှောင်ရတယ်။ ကိုလက်စထော ရှောင်ရတယ်။ အဲလိုလူတွေသာ အိုမီဂါလိုတယ်။ ကိုယ်ဝန်ဆောင်တိုင်း အိုမီဂါ မလိုပါ။ သွေးတိုးရှိနေသူ သကြားဓါတ် ခေါ် ကယ်လိုရီများတာ မသင့်ပါ။ ကယ်လိုရီနည်းအောင်းစားခြင်းကနေ အထဲက ကလေးဦးနှောက်ကို မထိခိုက်စေပါ။ နေ့စဉ် နေ့တိုင်း အင်နာဂျီ ခေါ် လှုပ်ရှားသွားလာမှုအတွက်သာ ကယ်လိုရီလိုတယ်။ မိခင်မှာ တော်တော်တန်တန် အာဟာရ နည်းပေမယ့် ကလေးဆီကို လိုတာရောက်တယ်။ နို့တိုက်နေတဲ့မိခင်မှာလည်း အဲလိုပဲ။

ကျန်းမာရေးအသိမှာ ဝေါဟာရတွေက ခေါင်းရှုတ်စရာတော့ ဟုတ်တယ်။ ဒါပေမဲ့ ကွန်မောင်းဆင်စ် ခေါ် အခြေခံကျကျ ရိုးစဉ်းလှတဲ့အသိကို ယူတတ်ရင် မခက်လှပါ။ လူအများစားသုံးတာတွေ သင့်တယ်။ ကိုယ်တသက်လုံး စားလာတွေ သင့်တယ်။ အဆန်းတွေ မသင့်။ ကြော်ငြာတာတွေ သတိထားသင့်။

တယောက်နဲ့တယောက်တော့ မတူတာရှိတယ်။ တယောက်တည်းမှာ တချိန်နဲ့တချိန် မတူတာရှိတယ်။ ၉၆ ပါး ကောင်းတယ်ဆိုတာ မရှိပါ။ သူ့မတည့်လို့ ကိုယ်လည်းမတည့် မဟုတ်။ ကနေ့ခေတ်မှာ တားဂက် ခေါ် ပစ်မှတ်တိတိကျကျ ရွေးပြီး စစ်တိုက်နည်းသာမက ဆေးကုနည်းပါ ပေါ်လာပြီ။ ဆေးကို လူနာတဦးချင်းအတွက် စီမံထုတ်လုပ်ပေးနည်း ပေါ်လာပြီ။

ကကြီးရောဂါ ဘာဆေးသောက်ရမလဲ မေးတာကို မဖြေချင်ပါ။ အသက်-ကျား-မ သိချင်တယ်။ မေးနည်းစည်းကမ်းမှာ ထည့်ထားတာတွေသိချင်တယ်။ အဲတာတောင် တကယ့်ကို အကြမ်းဆန်လွန်းတဲ့ ဆေးကုနည်းသာ ဖြစ်တယ်။ ကျွန်တော်ရေးတဲ့ ဆေးပညာစာတွေက မူလတန်းအဆင့်ပါ။ တချို့က မူလတန်းစာမကျေပဲ ဘွဲ့လွန်လိုလို။

စာကို ကြီးကြီးကျယ်ကျယ်ပြောပြီး နိဂုံးချုပ်ပါမယ်။ အသိပညာဆိုတာ သင့်ရဲ့ဝိညာဉ်အတွက် အာဟာရဖြစ်သည်တဲ့ ပလေတိုကပြောတာတဲ့။ အခြေခံကျကျ ရိုးစဉ်းလှတဲ့ ကွန်မောင်းဆင်စ် အသိကိုယူတတ်ရင် မခက်လှပါ။

• ADHD ပတ်ဝန်းကျင်ကို သတိမမူတဲ့ စိတ်ရောဂါ https://doctortintswe.blogspot.com/2014/11/adhd.html
• Autism နဲ့ Hyperactive တူသလား https://doctortintswe.blogspot.com/2015/05/autism-hyperactive.html
• Autism အော်တဇင် ကလေးရောဂါ https://doctortintswe.blogspot.com/2014/11/autism.html
• Blood Pressure သွေးဖိအားအကြောင်း https://doctortintswe.blogspot.com/2017/08/blood-pressure.html
• Cerebral palsy (CP) စီပီရောဂါ https://doctortintswe.blogspot.com/2016/02/cerebral-palsy-cp.html
• Down syndrome ဒေါင်းန်-ဆင်ဒရုမ်း https://doctortintswe.blogspot.com/2014/11/down-syndrome-1.html
• High blood pressure သွေးတိုးအမေး http://doctortintswe.blogspot.com/2016/03/high-blood-pressure-question.html
• Hypertension (1) သွေးတိုးရောဂါ (၁) http://doctortintswe.blogspot.com/2014/11/hypertension-1.html
• Hypertension (2) သွေးတိုးရောဂါ (၂) https://doctortintswe.blogspot.com/2014/11/hypertension-2.html
• Hypertension Question သွေးတိုးမေးခွန်း https://doctortintswe.blogspot.com/2015/05/high-blood-pressure.html
• Neonatal jaundice မွေးစကလေး အသားဝါခြင်း https://doctortintswe.blogspot.com/2014/11/neonatal-jaundice_25.html
• Omega Kids ကလေးတိုင်းအတွက်တော့မဟုတ် https://doctortintswe.blogspot.com/2017/11/omega-kids.html
• Pregnancy and Oscar Test & Triple Test ကိုယ်ဝန်ဆောင်စဉ် စစ်ဆေးနည်းများ https://doctortintswe.blogspot.com/2014/11/pregnancy-and-oscar-test-triple-test.html
• Risk of having a baby with Down Syndrome ဒေါင်းဆင်ဒရုမ်းကလေးရနိုင်ချေ https://doctortintswe.blogspot.com/2016/03/risk-of-having-baby-with-down-syndrome.html
• Tests before Pregnancy ကိုယ်ဝန်မဆောင်မီ ဆေးစစ်ခြင်းများ https://doctortintswe.blogspot.com/2014/11/tests-before-pregnancy.html
• Vaccination and Autism ကာကွယ်ဆေးနဲ့ အော်တဇင် https://doctortintswe.blogspot.com/2017/08/vaccination-and-autism.html

ဒေါက်တာတင့်ဆွေ
၂၂-၁-၂ဝ၁၈

Comments

Popular posts from this blog

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး