Only Colors အရောင်ပြောင်းခြင်းများ

ကျွန်တော် ဆယ်တန်းအထိ မုံရွာမြို့ အထက (၂) မှာနေခဲ့တယ်။ အဲဒီကာလက မုံရွာမှာ အထက ၁ နဲ့ ၂ သာရှိသေးတယ်။ ကျွန်တော်တို့ကျောင်းက မရမ်းရောင်လုံခြည်ဝတ်ရပြီး  စတိတ်ဝမ်းက မီးခိုးရောင်ဝတ်ရတယ်။ နောက်မှသာ အကုန်လုံး အစိမ်းဝတ်ဖြစ်လာတယ်။ မရမ်းကနေ အစိမ်းပြောင်းပေမဲ့ စတိတ်တူးက စတိတ်တူးပဲး မီးခိုးရောင်ကနေ အစိမ်းရောင် ပြောင်းပေမဲ့ စတိတ်ဝမ်းက စတိတ်ဝမ်းပါပဲ။ သူ့ကျောင်းဂုဏ်နဲ့သူရှိကြတာက ပြောင်းမသွားပါ။

ကျွန်တော် အရောင်တွေအကြောင်းရေးထားတာ မနည်းတော့ပါ။

1. Changing Political colors နိုင်ငံရေးအရောင်များပြောင်းလဲခြင်း https://doctortintswe.blogspot.com/2016/12/changing-political-colors.html
2. Colors count အဖြူ-အမည်း https://doctortintswe.blogspot.com/2015/01/colors-count.html
3. Colors for Health အရောင်တွေနဲ့ ကျန်းမာရေး https://doctortintswe.blogspot.com/2017/09/colors-for-health.html
4. Colors of Painting ပန်းချီကား၏အရောင်များ https://doctortintswe.blogspot.com/2016/10/colors-of-painting.html
5. Colors of Ribbon ဖဲကြိုးအရောင်များ https://doctortintswe.blogspot.com/2015/09/colors-of-ribbon.html
6. Colors of the Rivers မြစ်တို့၏ အရောင်များ (၂) https://doctortintswe.blogspot.com/2017/10/colors-of-rivers.html
7. Colors of your nails လက်သည်းအရောင် https://doctortintswe.blogspot.com/2015/02/colors-of-your-nails.html
8. Green colors စိမ်းလေဦးမည့် ကျွန်တော်တို့မြေ https://doctortintswe.blogspot.com/2015/10/green-colors.html
9. Urine Colors ဆီး၏အရောင်များ https://doctortintswe.blogspot.com/2017/05/urine-colors.html

ဖဆပလခေတ်မှာ သန့်ရှင်းပါတီက အဝါနဲ့ တည်မြဲပါတီကအနီ။ ပမညတပါတီက အပြာရောင်။ တသီးပုဂ္ဂလိကကို အစိမ်း။

မဆလခေတ်မှာ သူ့ပါတီအတွက် အပြာနုရောင်သုံးတယ်။ လူထုအတွက်တော့ အဖြူနဲ့ အမည်းအရွေးခိုင်းတာ၊ မည်းလည်း ဖြူသွားစေတဲ့ခေတ်။

အခုထိလည်း လူထုကတော့ အဖြူနဲ့ အမည်းရွေးရဆဲပါ။ ဖြူချင်ရင် ဖြူလို့ရတာတော့ ကွာလာပါပြီ။ နိုင်ငံရေးပါတီတွေ ကတော့ အရောင်တွေ ပြောင်းကြတယ်။ စတိတ်ဝမ်းက ဝမ်း၊ တူးကလည်း တူးပါပဲ။

ဒေါက်တာတင့်ဆွေ
၂-၁-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး