Wednesday, January 31, 2018

စတိ ပူဇော်ခြင်း

မြတ်စွာဘုရား ခြေတော်လက်တော်နွေးစေဖို့ သနပ်ခါးမီးပူဇော်တဲ့ ကုသိုလ်ပြုမှုကို ပြည်တွင်းမှာနေစဉ်ကတော့ တပို့တွဲလပြည့်ညမှာ လုပ်ခဲ့ပါတယ်။ အပြင်မှာတော့ ဘာသာရေး၊ လူမှုရေးမှာ ဘာလုပ်လုပ် စတိသာလုပ်နိုင်တယ်။

သနပ်ခါးတုံးလေးတွေကို ရှိတဲ့ဓါးနဲ့စိတ်ခွဲရတဲ့အလုပ်ကို ကြိုးစားပမ်းစားလုပ်ရတာ။ မတော်လို့ ဘယ်ဘက်လက်ညှိုး တချက်ထိသွာလို့ ပလာစတာကပ်ထားရတယ်။

ဘုရားစင်ရှိတဲ့အခန်းမှာလည်း မီးခိုးနဲ့ မီးတောက်ကို ဒေါ်မြမြအေးက ရေခွက်နဲ့ ရပ်စောင့်သင့်ရသေးသတဲ့။

မြန်မာပြည်ကဘုရားတွေမှာ သနပ်ခါးမီးသင်းတဲ့ အနံ့တွေ မွှေးကြိုင်ပါစေသတည်း။

ဒေါက်တာတင့်ဆွေ
၃၁-၁-၂ဝ၁၈

No comments:

Post a Comment

Note: Only a member of this blog may post a comment.

Djenkol bean တညင်းသီးကျန်းမာရေး

၁။ တညင်းသီးက ကျောက်ကပ်ကို ထိခိုက်ပျက်စီးစေတယ်ဆိုတာ ဟုတ်ပါသလား ဆရာ ၂။ ဆရာကခင်ဗျာ၊ တညင်းသီးက လူခန္ဓာကိုယ်အတွက် အကျိုးပြုပါသလားခင်ဗျာ ကျန...