Risks of Breast Implants ရင်သားအတု သတိပြုစရာများ

ကန်တော့ပါ။ အင်္ဂလိပ်စာလုံးတွေကို ကျော်ဖတ်နိုင်ပါတယ်။ ဆောရီး။

မင်္ဂလာပါဆရာ။့ ကပြန်လာတဲ့သူငယ်ချင်းက အကူအညီတောင်းလို့ပါ။့ ကိုသွားပြီး အလုပ်လုပ်ရာကနေ မိန်းကလေး တယောက်နဲ့ လက်ထပ်ဖြစ်ကြပါတယ်ဆရာ။ အဲဒီမှာ သူ့မိန်းမက ရင်သားသေးလို့ ခွဲပြီး silicon ကို ရင်သားထဲ ထည့်ထားပါတယ်ဆရာ။ သူတို့က လပ်ထပ်ပြီးကလေးလိုချင်တော့ အခက်တွေ့နေကြပါတယ်။ ဘယ်ဆေးခန်းသွားပြီး ဘယ်ဆရာဝန်နဲ့တိုင်ပင်ရမလဲလို့ အကူအညီတောင်းလာတာနဲ့ ဆရာ့ကို အကူအညီ တောင်းမိတာပါ။ မိန်းမက အသက့့် ရှိပါပြီဆရာ silicon ထည့်ထားတာ နှစ်နှစ်ခွဲရှိပြီလို့ ပြောပါတယ်။ နှစ်နှစ် အတွင်းမှာ လိုချင်တဲ့ အရွယ်အစား ရောက်အောင် နှစ်ခါ ခွဲစိတ်ရတယ်လို့ ပြောပါတယ် ဆရာ။ silicon ရင်သားနဲ့ ကိုယ်ဝန်ဆောင် နို့တိုက်လို့ဖြစ်မဖြစ်သိချင်ပါတယ်ဆရာ။ silicon ထည့်ထားတာကရော ကြာလာရင် လူကို ထိခိုက်နိုင်ပါသလား။ သူ့မိန်းမက ကလေးလိုချင်တော့ silicon နဲ့ ကိုယ်ဝန်ဆောင် လို့မရရင် ပြန်ပြီး ခွဲထုတ်ချင်ပါတယ်တဲ့ဆရာ။ အဲတာကိုရော ရိုးရိုးဆေးရုံမှာပဲ ခွဲထုတ်လို့ ရပါသလား။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဦး။ အမှားပါရင် ခွင့်လွတ်ပါဆရာ။

ရင်သားအတုထည့်တာမှာ သတိပြုစရာတွေကများတယ်။ ဆောရီး။
Additional surgeries ထပ်ခွဲစိတ်ရတတ်တယ် ထုတ်ချင်လို့မဟုတ်ဘဲ ခွဲရတာလည်းရှိတယ်။
Capsular contracture ခေါ် အဖုံးလွှာကြုံ့သွားခြင်း၊
Breast pain ရင်သားနာခြင်း၊
Changes in nipple and breast sensation နို့သီးထိပ်နှင့် ရင်သားအရေပြား ခံစားမှုပြောင်းလဲခြင်း၊
Rupture with deflation of saline-filled implants အတွင်းမှာ စေလိုင်းအိတ် လျှော့သွားခြင်း၊
Rupture with or without symptoms of silicone gel-filled implants အတွင်းမှာ အိတ်ပေါက်ခြင်း။

Implant Complications နောက်ဆက်တွဲဖြစ်တတ်တာတွေရှိတယ်။ အတုထည့်ထားသူ ၁% မှာသာဖြစ်နိုင်တယ်။
Asymmetry ဘယ်-ညာ အရွယ်အစား အတူညီခြင်း၊
Breast Pain ရင်သားနာခြင်း၊
Pain in the nipple or breast area နို့အဖျားနှင့် ရင်သားဝန်းကျင်နာခြင်း၊
Breast Tissue Atrophy ရင်သားတစ်ရှူးအစစ် သေးငယ်သွားခြင်း၊
Thinning and shrinking of the skin ရင်သားအရေပြား ကြုံ့ခြင်း၊
Calcification/Calcium Deposits ကယ်လ်စီယမ်ဖြစ်စဉ်ရှိလာခြင်း၊
Capsular Contracture အဖုံးကြုံ့ခြင်း၊
Chest Wall Deformity ရင်ပတ်ပုံစံပြောင်းခြင်း၊
Deflation စိမ့်ထွက်ခြင်း၊
Delayed Wound Healing Incision ချုပ်ရိုးနေရာ အနာကျက်နှေးခြင်း၊
Extrusion အရေပြားမှစုထွက်လာခြင်း၊
Hematoma သွေးခဲဖြစ်ခြင်း၊
Iatrogenic Injury/Damage ခွဲစိတ်ရလို့ထိခိုက်မှုရှိခြင်း။
Inflammation/Irritation ရောင်ရမ်းမှုဖြစ်စဉ်နှင့် အနေရခက်ခြင်း၊
Lymphedema or Lymphadenopathy သွေးပြန်ရည်စနစ်တုန့်ပြန်မှုဖြစ်ခြင်း၊
Malposition/Displacement တစ်ရှူးသွေးမရဖြစ်ခြင်း၊
Necrosis အနေအထားမှားခြင်း၊
Nipple/Breast Sensation Changes ရင်သားနှင့် နို့ထိပ်ဖျား ခံစားမှုပြောင်းခြင်း၊
Palpability အပြင်ကနေ စမ်းရနေခြင်း၊
Breast sagging ရင်သားတွဲကျခြင်း၊
Redness/Bruising နီရဲခြင်း၊ သွေးခြည်ဥဖြစ်ခြင်း၊
Unsatisfactory Style/Size စိတ်တိုင်းမကျဖြစ်ခြင်း၊
Wrinkling/Rippling အရစ်အစင်းထင်ခြင်း၊

ဖတ်နိုင်သေးတဲ့စာတွေ
1. Breast Implant ရင်သားအတု https://doctortintswe.blogspot.com/2014/10/breast-implant.html
2. Breast Reconstruction ရင်သား အသစ်တပ်ပေးခြင်း https://doctortintswe.blogspot.com/2014/11/breast-reconstruction.html

ဒေါက်တာတင့်ဆွေ
၂၄-၁-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး