Oral hygiene ခံတွင်းသန့်ရှင်းရေး

မင်္ဂလာပါဆရာ သွားအချေတွေပေါ်တာ ဘယ်နည်းလန်းသုံးနိုင်လဲဆရာ။ ဆေးရှိရင်ရင်လဲ လမ်းညွှန်ပေးပါအုန်းဆရာ။ ကျွန်တော့် အသက် ၂၀ ပါဆရာ။ ဆေးလိပ် အနည်းငယ်သောက်ပါတယ်ဆရာ။ အမှားပါရင်ခွင့်လွှတ်ပါဆရာ။ အစဉ်လေးစားလျှက်။

နည်းလမ်းလို့ ရေးရတယ်။

၂။ ဆရာ ကျမသမီးလေးက ၁၄ လပါ။ သွားလေးက အပေါ်၎ ချောင်း အောက် ၄ ချောင်းပါ။ သူ့သွားလေးတွေကို သန့်ရှင်းပေးဖို့ ပူးတွဲပါဓာတ်ပုံထဲကပစ္စည်းလေးကို ဝယ်လာပါတယ်ဆရာ။ အဲဒါ ဘယ်လိုအသုံးပြုရမလဲ။ ဘယ်လို အကျိုးရှိလဲ။ ကျေးဇူးပြု၍ ဖြေပေးပါရှင့်။

ကြော်ငြာဆေးသဘောဖြစ်ပါတယ်။ အသေအချာ မသိပါ။ လူကြီးတွေအတွက်ပါ ရေးပါမယ်။ ခံတွင်းသန့်ရှင်းရေး အရေးကြီးတယ်။ စားပြီးတိုင်း ပလုပ်ကျင်းတာ ကောင်းတယ်။ မနက်ထနဲ့ လည်ပင်းနာရင် ဆားရည်နဲ့ ပါးစပ်ဆေးတာ ကောင်းတယ်။

လူတိုင်း နေ့တိုင်း သွားတိုက်ရတယ်။ အမှန်က ခံတွင်းသန့်ရှင်းရေးလုပ်ရတာ။ ခံတွင်ထဲက သွား၊ လျှာ၊ သွားဖုံးတွေကို သန့်ပေးရမယ်။ အိပ်ရာထကတော့ မဖြစ်မနေလုပ်ရတယ်။ တခုခုစားပြီးတိုင်း အနည်းဆုံး ပါးစပ်ဆေးရမယ်။ ညမအိပ်မီက ကျန်းမာရေးအတွက် ပိုလိုတယ်။

သွားတိုက်ရင် သွားတိုက်တံက မမာရပါ။ သွားတိုက်ဆေး အဆန်းတွေမကောင်းပါ။ သွားကို အထက်-အောက်တိုက်ရမယ်။ သွားဖုံးတွေကို ထိခိုက်မှုမဖြစ်စေဘို့ပါ။ လျှာကိုပါ အဲဒီသွားတိုက်တံနဲ့ အဲတာနဲ့ တိုက်ရမယ်။

လျှာပေါ်က ဗက်တီးရီးယား၊ အစာအကြွင်းအကျံတွေနဲ့ အကျိအချွဲတွေ ရှင်းဘို့ လျှာဆေးကရိယာသုံးပါ။ ဇွန်းနဲ့လဲ လုပ်လို့ ရပါတယ်။ လျှာကို မခိုက်မိပါစေနဲ့။ လျှာနောက်နားမှာ ရှိနေတဲ့ အရသာခံ အသီး-အဖုလေးတွေကို မထိခိုက်စေပါနဲ့။

Floss ခေါ်တဲ့ကြိုးစနဲ့သန့်တာ လူကြီးတွေအတွက်ကောင်းတယ်။ သွားကြားထိုးတံ မသင့်ပါ။ အကျင့်ပါပြီး သွားဖုံးကို ထိခိုက်စေမယ်။

Chewing gum သကြားမပါတာကို ငုံပါ။ စုပ်ရတဲ့ အစားအစာမျိုးမှာ သကြားမပါရင် ပိုကောင်းတယ်။ ခံတွင်းနံ့ကိုလည်း သက်သာစေမယ်။

ကြော်ညာပြီးရောင်းတဲ့ဆေးရည်တွေကို သတိပြုသုံးပါ။ ခံတွင်းအနာ၊ လည်ချောင်းတာဖြစ်ရင်တော့ လိုမယ်။ ဆားနဲ့ ရေခပ်နွေးနွေးသုံးပြီး အာလုပ်ကျင်းတာ ကောင်းတယ်။

• Aphthous ulcer and Fissured tongue လျှာနာ အာနာ https://doctortintswe.blogspot.com/2014/11/aphthous-ulcer-and-fissured-tongue.html
• Bad breath ခံတွင်းနံ့ မကောင်းရင် https://doctortintswe.blogspot.com/2014/11/bad-breath.html
• Common Oral Mucosal Lesions ခံတွင်း-ပါးစပ်မှာ ဖြစ်တတ်တဲ့ ရောဂါတွေ https://doctortintswe.blogspot.com/2014/12/common-oral-mucosal-lesions.html
• Gingivitis သွားဖုံးရောင်ခြင်း https://doctortintswe.blogspot.com/2017/07/gingivitis.html
• Oral hygiene ကလေးခံတွင်းသန့်ရှင်းရေး https://doctortintswe.blogspot.com/2016/08/oral-hygiene.html
• Sore throat လည်ချောင်းနာ https://doctortintswe.blogspot.com/2016/09/sore-throat.html
• Stomatitis လျှာနာ ပါးစပ်နာအမျိုးမျိုး https://doctortintswe.blogspot.com/2016/06/stomatitis.html
• Teeth Grinding သွားကြိတ်ခြင်း https://doctortintswe.blogspot.com/2017/06/teeth-grinding.html
• Teeth သွားများ https://doctortintswe.blogspot.com/2016/03/teeth.html
• Teeth သွားပေါက်ချိန် https://doctortintswe.blogspot.com/2015/05/teeth.html
• Thrush (Oral candidiasis) မှက္ခရုနာ https://doctortintswe.blogspot.com/2016/06/thrush-oral-candidiasis.html
• Tongue diseases လျှာရောဂါများ https://doctortintswe.blogspot.com/2014/11/tongue-diseases.html
• Toothache သွားကိုက်ခြင်း https://doctortintswe.blogspot.com/2014/11/toothache.html

ဒေါက်တာတင့်ဆွေ
၁ဝ-၈-၂ဝ၁၇
၂ဝ-၁-၂ဝ၁၈



Comments

Popular posts from this blog

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး