Medical Research ဆေးသုတေသနဆိုတာ

၁။ ပန်းသီးစားတာ ဆီးချိုပိုတိုးတယ်ဆရာ အဲဒါဘာဖြစ်လို့ဘာလဲ

၂။ ဆီးချိုသမားတွေ နွယ်ချိုစားလို့ရပါသလား ကွမ်းစားလျှင် နွယ်ချိုထည့်စားနေလို့ပါ

သုတေသနသဘောအရ အဲလိုတော့ ပြောမရပါ။ သွေးထဲကသကြားဓါတ်ဆိုတာ မိနစ်တိုင်းမှာ ပြောင်းနေတယ်။ လူတွေက အစားအသောက်ကို မကြာမကြာ စားသောက်နေကြတယ်။ သကြားဓါတ်အနည်းအများက အချိန်တိုင်းလို ပြောင်းနေတယ်။ ပုံမှန်လူတိုင်းမှာ ကိုယ်ခန္ဓာကနေ အလိုလိုထိန်းညှိပေးနိုင်စွမ်းရှိကြတယ်။ ဟိုမီယိုစတေးဆစ် လို့ခေါ်တယ်။ ဥပမာ ရာသီဥတု၊ နေတဲ့အခန်း၊ ပတ်ဝန်းကျင်က အပူချိန် နည်းနည်း များများ ၉၈့၆ ဒီဂရီ အက်ဖ် ရှိနေအောင် ထိန်းပေးတယ်။ သကြားဓါတ်ကိုလည်း ပုံမှန်ဖြစ်နေအောင် အင်စူလင် ခေါ် ဟော်မုန်းကနေ ထိန်းပေးတယ်။ အင်စူလင်ကို သရက်ရွက်ကနေ ထုတ်ပေးနေတယ်။ အဲတာမထုတ်နိုင်သူမှာ ဆီးချိုဖြစ်တယ်။

အစားအစာတခုအကြောင်း ဆေးတမျိုးအကြောင်းကိုသိလိုရင် အဲဒီတမျိုးတည်းကို ပေးပြီး သုတေသနနည်းအရ သေချာ စိစစ်စစ်ပြီး ကောက်ချက်ဆွဲရတယ်။ လူနာတဦးတည်းကို တကြိမ်တည်းစမ်းသပ်လို့ ကောက်ချက်မချအပ်ပါ။

ဆေးသုတေသနတခုဟာ အမေရိကမှာလုပ်တာနဲ့ မြန်မာပြည်မှာလုပ်တာ တူချင်မှသာ တူတယ်။ ယောက်ျား-မိန်းမ-ကလေး အသက်အရွယ်ကို ကြည့်ရတာ၊ စသဖြင့် အများကြီးကို ဒေါင့်အစုံက မျက်လုံးတွေ၊ လက်တွေ၊ ဦးနှောက်တွေ၊ စာတွေ၊ အချိန်တွေ အများကြီးနဲ့ လေ့လာရတယ်။ သုတေသနဆိုတာ ကျယ်ကျယ်ပြန့်ပြန့်လုပ်မှသာ အမှန်နဲ့ နီးစပ်တယ်။

ဆေးသုတေသနတွေလုပ်ပြီးလို့ သင့်မှန်ပါတယ်လို့အတည်ပြုပြီးရင် ထုတ်လုပ်ရောင်းချခွင့်ပေးတယ်။ အဲတာလည်း တကယ့်လူတွေကို မြင်ကွင်းအကျယ်ကြီးမှာ စောင့်ကြည့်နေရသေးတာ။ အသိအမှတ်ပြုထားပြီးသားတွေကို စိစစ်ပြီး မသင့်တော့လို့ ခွင့်ပြုချက်ကို ပြန်ပြီး ရုပ်သိမ်းရတာတွေရှိတယ်။ အခြေခံတချက်က သက်တမ်းရင့်တာမှန်သမျှဟာ အချိန်ရဲ့သက်သက်ခံချက်ရတာတွေဖြစ်ကြတယ်။ မြန်မာစာလည်း အဲလိုပဲ။

မေးတာနှစ်ခုနဲ့တော့ တိုက်ရိုက်မဆိုင်ပါ။ တဆက်တည်း တင်ပြပါရစေ။ နာမည်ကြီးနေတဲ့ဆိုတာတွေ မေးခွန်းတွေမှာ ပါတယ်။ ဘယ်ဟုတ်ရမှာလည်း လူ ၂-၃ ယောက်ပြောရတာကို အဲလိုသတ်မှတ်ကြတယ်။ ပြီးတော့ နေ့မြင် ညပျောက်။ မော်ဒယ်ချောချောလှလှလေးတွေနဲ့၊ စကားလုံးစူးရှပြောင်မြောက်တာတွေနဲ့၊ ခပ်ချွဲချွဲခပ်ညုညု ဏှာသံနဲ့ရေးတာမျိုးဆို ဝယ်ကြပြီ။ ရှယ်ကြပြီ။ မေးတာက နောက်မှ။

ပြောတိုင်းယုံကြတဲ့အကျင့် မကောင်းပါ။ မနေ့တနေ့က အမျိုးသမီးတယောက်က မေးတယ်။ ဘုန်းကြီးတပါးဆီ ရောဂါတခု သွားကုသတဲ့။ ချက်ပေါ်ကို လက်တော်နဲ့ရစ်တာနဲ့ သားအိမ်ဆိုမှာ ရောဂါရှိတယ်လို့ ကိုယ်တော်က ပြောလိုက်သတဲ့။ အိုဂျီထက်တော်တယ်။ အာထွာဆောင်းထက်သာတယ်။

ကျွန်တော့်မှာ အဲလိုမေးခွန်းတွေကို ဖြေရတာ စီးပွားရေးလုပ်သူတွေကို အားနာရတာရော မေးတာတွေကို စိတ်ပျက်မိတာရော။ မေးကြတာကတော့ နေ့တိုင်း မနက်-နေ့-ည။

ဒေါက်တာတင့်ဆွေ
၂၃-၁-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး