Leftover စားကြွင်းစားကျန်

သို့မဟုတ် မတစ်ကြသေးသော လက်ကျန်များ

ဆိုရိုးစကားများ
• ကံကောင်းရင် တချက် ကံမကောင်းရင် တသက်
• ကင်းခြေများ ခြေတချောင်းကျိုး၍ အသွားမပျက်
• ကွန်တချက် ဟင်းတခွက်
• ကုသိုလ်တပဲ ငရဲတပိဿာ
• ခုတ်ရာတခြား ရှရာတလွဲ
• ခဲတလုံးနဲ့ ငှက်နှစ်ကောင်ပစ်
• ငါးခုံးမတကောင်ကြောင့် တလှေလုံးပုပ်
• စားရမှာလဲ သဲနဲ့တရှပ်ရှပ် ပစ်ရမှာလဲအဆီနဲ့တင်းင်း
• ဆန်တအိတ်နဲ့ ဆိတ်တကောင်
• ဆရာ့ထက် သားတလကြီး
• တခါသေဖူး ပျဉ်ဖိုးနားလည်
• တတက်စားလည်း ကြက်သွန် နှစ်တက်စားလည်း ကြက်သွန်
• တပင်လဲမူ တပင်ထူ
• တခြုံကွယ် တမယ်မေ့
• တမိပေါက် တယောက်ထွန်း
• တရွာ တကျီဆောက်
• တရွာမပြောင်း သူကောင်းမဖြစ်
• တလ ကိုးသီတင်း
• တလုတ်စားဖူး သူ့ကျေးဇူး
• တနေ့တလံ ပုဂံဘယ်ရွေ့မလဲ
• တယောက်စကား တယောက်နား
• တယောက်ဆိုတယောက် ပိတောက်ဆိုပိတောက်
• တယောက်အားနဲ့ယူသော်မရ တသောင်းအားနဲ့ယူသော်ရ
• တလှေတည်းစီး တခရီးတည်းသွား
• တနွယ်ငင် တစင်ပါ
• ထိုးမယ့်ဆင် နောက်တလှမ်းဆုတ်
• နီးတကျက်ကျက် ဝေးတသက်သက်
• ပုထုဇနော ဥမ္မတကော
• ဖာတလုံးခေါင်းကျား
• ကြွက်သေတခု အရင်းပြု
• မင်းနားတထောင် မင်းမြှောက်တသိန်း
• မီးစတမှုတ် ရေတမှုတ်
• မီးစတဘက် ရေတဘက်
• ပြဒါးတလမ်းသံတလမ်း
• ရည်းစားတထောင် လင်ကောင်းတယောက်
• ရှင်ဘုရင်တခါထွက် ပဲကြီးတလှေချက်
• သံသေတဆွေ ပြဒါးသေတပြည်
• သခွပ်ပင်က မီးတကျည်ကျည်
• သစ်တပင်ကောင်း ငှက်တသောင်းခို
• သမီးတကောင် နွားတထောင်
• သမီးမွေးမှ ဓားတသွေးသွေး
• သူခိုးရွှေရ တပြပြ
• ကျောသား ရင်သား မခွဲခြား
• ခွေးရူးကောင်းစား တမွန်းတည့်
• ခေါင်းတလုံးနဲ့ အိုးနှစ်လုံးမရွက်နိုင်
• ချော့တခါ ခြောက်တလှည့်
• တောင်းတလုံးနဲ့ အလုပ်မဖြစ်
• ကြွေတလှည့် ကြက်တခုန်
• ကြောင်သူတော် ကြွက်သူခိုး
• မောင်တထမ်း မယ်တရွက်
• ရေစီးတခါ ရေသာတလှည့်
• နှမ်းတစေ့နဲ့ ဆီမဖြစ်
• နှုတ်တရာ စာတလုံး

လင့်များ
• တပါးသူ မနမ်းစေချင် သီချင်း https://www.youtube.com/watch?v=H8XJtjlCWz8
• တပါတီစနစ် ပြန်ဖြစ်ဦးမည်လော သတင်း https://www.facebook.com/notes/we-are-burmese/
• ဗိုလ်တထောင်သတင်းစာ http://doctortintswe.blogspot.com/2016/07/officer-vs-soldier.html
• မှတပါး အခြားမရှိ တရားတော် https://www.youtube.com/watch?v=3vwoqp5EWWg
• မဟာဗောဓိတထောင် ပုံတော်များ စုစည်းမူ https://myanmarpage.blogspot.com/2013/04/blog-post_25.html

ဒေါက်တာတင့်ဆွေ
၂၄-၁-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး