လူ့သဘော

ဆရာခင်ဗျား မိုက်၊ ရိုင်း၊ ယုတ်မာ အသုံးအနှုန်းတွေရှင်းပြပေးပါဦးဗျ။ လေးစားလျက်။

စာလုံးတွေက ဆင်ပေမဲ့ မတူကြပါ။ နည်းနည်းကျယ်ပြန့်တယ်။ အချိန်ရှာပါဦးမယ်။

မိုက်တယ်ဆိုတာက လိမ္မာတာရဲ့ ပြောင်းပြန်။ မိုက်ရိုင်းတယ် ဆိုရင်တော့ မလိမ္မာတာသာမက ရိုင်းစိုင်းတာ။ မှောင်မိုက်တယ်ဆိုတာ မှောင်တာကို အထူးပြုတာ။ မိုက်တယ်လို့ ဘမ်းစကားလည်းရှိတယ်။ ကျွန်တော်လည်း သုံးလေ့ရှိတယ်။ မိုက်ရူ;ရဲလို့လည်းရှိတယ်။ တပင်ရွှေထီးစစ်သားရွေးစဉ်က အပယ်ခံရတဲ့ မင်းရဲဒိဗ္ဗဟာ သူအရွေးမခံရလို့ သု့ဗိုက်သူ ဒါးနဲ့ခွဲပြတာမျိုး။

ရိုင်းတယ်ဆိုတာ မယဉ်ကျေးတာ။ အပြောအဆို၊ အဝတ်အစား၊ အနေအထိုင်နဲ့ဆိုင်တယ်။ သင့်တင့်လျှောက်ပတ်အောင် မဝတ်စားတာ၊ စကားပြောတာ ဖရုသဝါစာ၊ ဆဲရေးစကားပြောဆိုတာ။ ရိုင်းပျတယ်လို့လည်း သုံးတယ်။ အရိုင်း ဆိုတာကတော့ တမျိုး။ အလေ့ကျပေါက်တာကို အရိုင်းပင်လို့ခေါ်တယ်။ တောရိုင်းတိရစ္ဆာန်လို့ခေါ်တယ်။ လက်သပ်မွေးထား၊ လေ့ကျင့်ပေးထာတာ မဟုတ်တဲ့အကောင်တွေ။ ဒဂုန်တာရာက အောင်ဆန်း သို့မဟုတ် အရိုင်းလို့ တင်စားတာရှိတယ်။ အရိုင်းပန်းဆိုတာ ဥယျာဉ်နဲ့ အိမ်မှာ စိုက်ပျိုးထားတာမဟုတ်တာမျိုး။ အနံ့မကောင်းတာကိုလည်း ရိုင်းတယ်လို့ ပြောတယ်။ မယဉ်ကျေးတဲ့ခေတ်ကလူတွေကို လူရိုင်းတွေလို့ ခေါ်တယ်။ အရိုင်းအစိုင်းလို့လည်း ခေတ်လူတချို့ကို ခေါ်တယ်။ ယဉ်မရိုင်း အင်တိုင်းငယ်တဲ့ ခပ်ဆန်ဆန်လို့ စပ်ဆိုတာရှိတယ်။

ယုတ်မာဆိုတာ အကျင့်မကောင်းတာ။ သီလညံ့ဖျင်းတာ။ မတော်မတရားလုပ်တာ။ လူ့ကျင့်ဝတ် ချိုးဖေါက်တာမျိုး။ သူများကို စော်ကားတာမျိုး။ ယုတ်မာရိုင်းစိုင်းလို့ တွဲသုံးတာလည်းရှိတယ်။ အကောက်စိတ်ဆိုတာနဲ့ ခပ်ဆင်ဆင်။ စိတ်ဆိုးချိန်မှာ စိတ်ကောက်တာ မဟုတ်ပါ။ အတွင်းစိတ်က မရိုးဖြောင့်တာ။ ယုတ်မာစိတ်ရှိသူမျိုးက သေသာသေရော မပြင်ကြတာများတယ်။ လူမြင်သူမြင် ယုတ်မာတာနဲ့ လူ့ရှေ့မှာ ချိုချိုသာသာနေပြပြီး နောက်က အကောက်ကြံတာမျိုး။ နိုင်ငံရေးထဲမှာ အဲလိုလူတွေ တွေ့ခဲ့ရတယ်။

လောကမှာ ယုတ်မာရိုင်းစိုင်းသူတွေ မနည်းလှပါ။ စိတ်ရိုင်းဝင်လာတာကို ချိုးနှိမ်နိုင်သူ လူလိမ္မာဖြစ်တယ်။ ကံသုံးပါးလို့ ရှိတယ်။ ကိုယ်နဲ့ပြုတာ၊ နှုတ်နဲ့ပြော စာနဲ့ရေးတာနဲ့ စိတ်ထဲမှာဖြစ်နေတာတွေ။ ပို့စ်တွေ၊ ကွန်မင့်တွေဖတ်ရင် ဘယ်နာမဝိသေသနနဲ့ သင့်တော်သလဲ သိနိုင်တယ်။ အဲတာက ကံတပါးတည်းသာ။ စာဖတ်သူတွေ ကံအားလုံး ကောင်းကြပါစေသတည်း။

Speech နှုတ်ကောင်းလျှင် ပြည်စိုး https://doctortintswe.blogspot.com/2016/01/powerful-speech.html
Dress code တောင်းမှာအကွပ် လူမှာအဝတ် https://doctortintswe.blogspot.com/2014/10/dress-code.html
Dress code (2) တောင်းမှာအကွပ် လူမှာအဝတ် (၂) https://doctortintswe.blogspot.com/2017/09/dress-code-2.htmlMentality

ဒေါက်တာတင့်ဆွေ
၁၉-၁-၂ဝ၁၈

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး