နှင်းခိုခြင်း

မိုးခိုတယ်ဆိုတဲ့စကား ပြောလေ့ရှိပါတယ်။ သွားရင်းလာရင်း မိုးရွာနေလို့ အသိအိမ်မှာဖြစ်ဖြစ်၊ ကျောင်းဇရပ်မှာဖြစ်ဖြစ်၊ ခွင့်တောင်းပြီး ခေတ္တခဏမိုးခိုနိုင်ကြတယ်။

အခုနေတဲ့အရပ်မှာ စကားလုံးသစ်တခုတိုးလာတယ်။ အမျိုးသမီးမိတ်ဆွေတယောက် ဖုန်းဆက်ပြီး အမရှိလား၊ ကျမ နှင်းခိုချင်လို့ ဝင်ခဲ့အုန်းမယ်တဲ့။ အပြင်မှာ နှင်းတွေကျနေတာကိုး။ ကနေ့တော့ နှင်းက ကျလိုက်၊ ရပ်လိုက်။

နက်ဖြန်တော့ နေသာမယ်လို့ ဖေ့စ်ဘွတ်ကနေ အသိပေးတယ်။ ဒီမှာက အမည်၊ နေရပ်လိပ်စာ၊ ဖုန်းနံပတ်၊ အီးမေးတွေကို အမှန်အတိုင်း ပေးထားရတယ်။ ဖေ့စ်ဘွတ်က ကျွန်တော်နေတဲ့မြို့ရဲ့ မိုးလေဝသဖိုးကပ်စ်အရ အသိပေးတာပါ။

စောစောက တယောက်ပြောတာကြားမိတယ်။ မြန်မာပြည်မှာက အသက်ကို ထုတ်မပြောကြဘူးတဲ့။ သေမင်းက သိသွားမှာ စိုးလို့တဲ့။ အော့့် ဒါကြောင့် မေးခွန်းတွေမှာ အသက်မပြောကြတာကိုးလို့ သိရတော့တယ်။

ဒါပေမယ့်ဗျာ ကျွန်တော်က သေမင်းမှ မဟုတ်တာ။ အသက်ကယ်နိုင်ရင် ကယ်ချင်တဲ့ ဆရာဝန်ပါ။ ကျွန်တော့်ဆီမှာ အသက်ပြောပြီး မိုးခိုခို၊ နှင်းခိုလို၊ လေခိုခို။

ဒေါက်တာတင့်ဆွေ
၂၉-၁-၂ဝ၁၇
၂၉-၁-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ