Posts

Showing posts from July, 2018

ဘယ်သူ အရင်ရောက်မလဲ

Image
အတူလျှောက် ဘယ်သူအရင်ရောက်မလဲ အရင်ရောက်သူ ဆုယူရန်မဟုတ် တာတို မဟုတ် တာလတ် မဟုတ် မာရသွန်ခရီး ဟုတ် လမ်းခုလတ် လဲချင်လဲမည်ဟုတ် တာထွက်ခရာသံ ကြားခဲ့ရမည် ဟုတ်ချင်မှဟုတ် ပြေးလမ်းသည် ပန်းတိုင်ဆီ ဦးတည်မည် ဟုတ်ချင်မှဟုတ် မာရသွန်ခရီး ဂုံနီအိတ်စွပ်ပြီး ပြေးလျှောက်ရန်ဟုတ် တာဝေးလမ်းပေါ် အာလူးဇွန်းကိုက် ပြေးလျှောက်ရန်ဟုတ် ကျန်ရစ်သူ ဆက်လျှောက်ရမည်ဟုတ် အရင်ရောက်သူ ဆုယူရန်မဟုတ်။ ဒေါက်တာတင့်ဆွေ ၃၁-၇-၂ဝ၁၈

Food and diet writing links အစားအသောက်နှင့် အာဟာရစာများ

Image
ဆရာရှင့် ခုတလော မိတ်ဆွေမိသားစု တော်တော်များများ ကလေးလူကြီးအားလုံး ရောဂါရှိရှိမရှိရှိ ဒီဆေးတွေ မိသားစုလိုက် နှစ်ရှည်စွဲသာက်နေတဲ့အပြင် ကျွန်မတို့ကိုပါသောက်ဖို့ အကြံပေးနေတာမို့ အမြဲစွဲပြီး သောက်သင့် မသောက်သင့် ဆရာ့ထံတင်ပြတာပါရှင့်။ Vitamin D3 5000iu SuperK Magnesium malate Zinc 50g B12-5000mg Optimized filate 1000 Probiotic 20billion Omega 3 Super selenium complex200mcg Metabolic Apple cider veniger အဲ့ဆေးတွေပါရှင့်။ နေ့စဉ် ဒီလောက်ဆေးအများကြီး ကလေးလူကြီး သောက်နေတာ သောက်သင့်မသောက်သင့် ဖြေပေးပါနော်။ ရိုသေ လေးစားစွာဖြင့် ဆရာအကြံပေးတာ စောင့်နေပါမယ်ရှင့်။ လေးစားစွာဖြင့်။ မ့ မေးခွန်းတဲ့ပါတဲ့ ဆေးဆိုတာတွေရဲ့ လင့်တွေပေးလိုက်ပါတယ်။ • Minerals ဓါတ်ဆားများ https://doctortintswe.blogspot.com/2016/02/minerals.html… • Omega-3 (အိုမီဂါ သရီး) ဘာလို့ နာမည်ကြီး https://doctortintswe.blogspot.com/2015/06/omega-3.html… • Probiotics ပရိုဘိုင်အောတစ် https://doctortintswe.blogspot.com/2015/07/probiotics.html… • Vitamin B12 ဗီတာမင် ဘီ ၁၂ https://doctortintswe.blogspot.com/2016/10/vitami

အတူတူ

Image
အတူတူ မနက် နေ့ ညစာ စား အတူတူ မြူ မိုး နှင်းတွေ ကြား အတူတူ လေမတူ မြေမတူ ရေမတူ နိုင်ငံတွေ များ အတူတူ အယူ ကိုးကွယ်ရာ တရား အတူတူ အလှူ ပေးကမ်းစရာ စေတနာ ထား အတူတူ ဘယ်နှစ်ဆူဘုရား ဆုပန် မနား အတူတူနား သည်စာအဆုံးသတ်ဖို့ တယောက်ချန်ကာ သွား သံသရာဟူသည် လူတိုင်းအတွက် အတူတူပါတကား။ (ပုံ ၂ဝ၁၈ ခုနှစ် မေလ ၄ ရက်နေ့ မန္တလေး မဟာမုနိဘုရားမှာ) ဒေါက်တာတင့်ဆွေ ၃၁-၇-၂ဝ၁၈ Photo by Dr. Maung Win

Corneal Injury မျက်ကြည်လွှာ ထိခိုက်ခြင်း

Image
အသက်က ၆ နှစ် ၅ လ ယောက်ျားလေးပါ။ လွန်ခဲ့တဲ့ ၃ နာရီလောက်က ကလေးအချင်းချင်း ကစားရာမှ မျက်လုံးကို လက်နဲ့ ကုတ်ခံလိုက်ရလို့ မျက်စိဆေးရုံ အရေးပေါ်ကို သွားပြရပါတယ်။ ဆရာဝန်က မျက်ကြည်လွှာပြဲသွားကြောင်း ပြောပါတယ်။ တနေ့ ၄ ကြိမ် Optimox (Moxifloxacin Sterile Eye Drops 0.5% w/v) မျက်စဉ်းခတ်ခိုင်းပါတယ်။ ၃ ရက် ၄ ရက်နေရင် သူ့ဘာသာ ပြန်ကောင်းမယ် ပြောပါတယ်။ မျက်လုံးဆိုတော့ အရမ်းစိုးရိမ်ပါတယ်ဆရာ။ ဘယ်လိုကုသ ပြုလုပ်သင့်တယ်ဆိုတာ သိချင်ပါတယ်။ ဆေးဗူးပုံပါ ပို့လိုက်ပါတယ်။ ဆရာ ကျန်းမာချမ်းသာပါစေ။ ဆောရီး။ မျက်ကြည်လွှာ ခေါ် အနက်ရောင်အဝိုင်းကို ဖုံးထားတဲ့အလွှာပါးလေးက အရေးကြီးတယ်။ သူကနေသာ အလင်းရောင် (ပုံရိပ်) ဖြတ်ဝင်တယ်။ ပိုးသေမျက်စဉ်းတွေနဲ့ ပိုးမဝင်အောင်၊ ဝင်ထားရင် သေအောင် လုပ်ပေးမယ်။ အနာပျောက်ဖြစ်စဉ်ကနေ အမာရွတ်ဖြစ်တယ်။ အဲတာက မပျောက်နိုင်တာလည်းဖြစ်တတ်တယ်။ ပါးယုံသာပါးလာတယ်။ အပြင်တိမ်လို့ခေါ်တယ်။ သူငယ်အိမ်လို့ခေါ်တဲ့ အလယ်တည့်တည့် နောက်ဖက်က အနက်ပေါက်လေးကို ဖုံးပိတ်မနေရင် အမြင်ကို မထိခိုက်စေပါ။ Corneal abrasion မျက်ကြည်လွှာစုတ်ပြဲခြင်း အများဆုံးဖြစ်တယ်။ သတိထားရမယ်။ မျက်ကြည်လွှာထိခိုက်မိစေနိုင်တာ အမျိုးမျိုးရှိတယ်။ ဖုံ၊ သဲ၊

ဗူးပင် နဲ့ ဘူးပင်

Image
နဝတ စစ်အစိုးရလက်ထက်ကထုတ်ထားတဲ့ မြန်မာ အဘိဓာန်၊ မြန်မာ-အင်္ဂလိပ် အဘိဓာန်တွေမှာ ဘူးပင်လို့သာ တွေ့ပါတယ်။ မြန်မာ့စွယ်စုံကျမ်းမှာ ဗူးပင်လို့သာ ရိုက်နှိပ်ထားပါတယ်။ ကျွန်တော်တို့ သူငယ်တန်း (၁၉၅၃-၅၄) ဖတ်စာမှာ ဘဦး ရေကူးနေသည်။ ဗူးသီးနုနု မခူးရ။ အခုသတ်ပုံစာအုပ်မှာ ဘူးရွက်တဲ့။ ဗူးကို ကလေးဗူးမှုတ်တာတခုတည်းလို့ လုပ်ထားတယ်။ ကျွန်တော်တို့ငယ်ငယ်က ဗူးရွက်လို့ ရေးတယ်။ ရေဗူးလို့ ရေးတယ်။ ဘူးတလုံးဆောင် အိုတောင်မဆင်းရဲ။ ရေဘူးပေါက်တာ မလိုချင်ဘူးဆိုတာ ဘူးနှစ်လုံးဆောင်။ ဗူးခါးရေနဲ့ ကြမ်းကြားလေကို ဘယ်လိုရေးရေး အေးပါတယ်။ နမူနာလေး (၂) ခုပေးပါရစေ။ ၁။ ဆေးလိပ်လက်ဆောင် (မယ်ခွေ) မဝယ်ဘူး မယ်ခူးတဲ့ဖက်စို။ မီးမကူ နေပူမှာမကင်အားလို့ ထားရတယ် အိပ်ယာအောက်မှာ မင်းသောက်ဖို့ကို။ ညှာအနား ရှေ့သွားနှင့်ကိုက်လို့တို မချိုတောင့် လိပ်ဆေး။ ပိုးမကူ ဝါချည်ဖြူတပင်ရစ်ကယ်နှင့် ငယ်ချစ်မောင် ရွှေဝသွားကို ပါးလိုက်ကဲ့လေး။ ၂။ ဝိပဿနာရှုနည်းကျမ်း (မဟာစည်ဆရာတော်ဘုရား) ထို့ကြောင့် မြင်ဘူး၊ ကြားဘူး၊ နံဘူး၊ စားဘူး၊ တွေ့ထိဘူး၊ ကြံသိဘူးသော ထိုအတိတ်ရုပ်နံတို့ကို ပြန်၍စဉ်းစားမိတိုင်း ဃနပညတ်ထင်ရှားလျှက် နိစ္စ၊ သုခ၊ အတ္တဟု ထင်မြင်စွ

Enforced Practice အလေ့အကျင့်ကို ရိုက်သွင်းခြင်း

Image
လက်အုပ်ချီတယ်လို့ပြောရင် ကန်တော့တာလို့ နားလည်ကြမယ်။ ကိုယ့်ထက် အသက်အရွယ်၊ ဂုဏ်ကြီးတဲ့သူကို အရိုအသေပေးတာ၊ ကန်တော့တာဖြစ်နိုင်တယ်။ လက်အနေအထား၊ လူကိုယ်ဟန်ပါ ခြားနားနိုင်တယ်။ Saluting ဂါရဝပြုတာ၊ Greeting နှုတ်ဆက်တာ၊ Prostration ကန်တော့တာတွေက မတူကြပါ။ မြန်မာနိုင်ငံသားအများစု နားလည်ထားတာက ဗုဒ္ဓဘာသာထုံးစံဖြစ်တဲ့ အရိုအသေပေးသူက ကြမ်းပြင်မှာထိုင်ချပြီးမှ လက်အုပ်ချီရတယ်။ ထိခြင်းငါးပါနဲ့ပြည့်စုံမှသာ စနစ်ကျတယ်လို့ သတ်မှတ်ထားတယ်။ ထိုင်းနိုင်ငံကလဲ ထေရဝါဗုဒ္ဓဘာသာပေမဲ့ မတ်တတ်ရပ်နေရင်း လက်အုပ်ချီကြတယ်။ မဟာယာနတိဘက်တွေ ဘုရားရှေ့ဝတ်ပြုတာက တရားကျင့်နည်းတခုအနေနဲ့ ဝမ်းလျားမှောက် ဒိုက်ထိုးသလိုလုပ်ရတယ်။ လက်နှစ်ဖက်ကို ခေါင်းပေါ်အထိမြှောက်ပြီး လက်အုပ်ချီ၊ လူကိုယ်က ကြမ်းပေါ်မှာမှောက်ချရတယ်။ တိဘက်လားမားတွေ မတ်တတ်ရပ်ရင်း လက်အုပ်ချီတာကတော့ အိန္ဒိယယဉ်ကျေးမှုအရလုပ်တဲ့သဘောဖြစ်တယ်။ လက်နှစ်ဖက်ကို တခုနဲ့တခုဆုပ်ကိုင် ရင်မှာအပ်၊ ခေါင်းကိုငုံပြီး၊ အပြန်အလှန်လုပ်နည်းက တရုပ်ရှေးယဉ်ကျေးမှုတခု ဖြစ်ပါတယ်။ အပြန်အလှန် လေးစားသမှုနဲ့ ဂါရဝပြုတာဖြစ်တယ်။ Zhou Dynasty ဇောင်မျိုးဆက်မှာ စခဲ့တယ်။ Rites of Zhou နည်းနာတွေမှာ အဆင့်အတန်းအရ မတူတာတွေရှ

ရှစ်လေးလုံး နဲ့ ကျွန်တော်

Image
သဘိ-သဘိ မှောက်မှောက်၊ သဘိ-သဘိ မှောက်မှောက် ဆိုတဲ့သံပြိုင် ဟစ်ကြွေးသံတွေနဲ့အတူ ကျွန်တော်အိပ်ယာက နိုးလာခဲ့တာဟာ ၈-၈-၁၉၈၈ မနက်မှာဖြစ်ပါတယ်။ ကျွန်တော့်အကြီးဆုံးသားနဲ့အတူ ထားဝယ်သတ္တုတွင်း တည်းခိုရိပ်သာမှာ တည်းခိုနေကြရချိန်ဖြစ်ပါတယ်။ အစိုးရဆရာဝန် ဖြစ်ကတည်းက စစ်ကိုင်းတိုင်းထဲမှာသာ တောက်လျှောက် တာဝန်ကျနေရာကနေ ထားဝယ်မြို့နယ်၊ ဟိန်းဇဲသတ္တုတွင်းဆရာဝန်အဖြစ် ရွေ့ပြောင်းခံရလို့ တာဝန်ထမ်းနေခဲ့တာ တပါတ်တိတိသာရှိပါသေးတယ်။ သားအဖနှစ်ယောက် ထားဝယ်မြို့ထဲ လျှောက်ကြည့်ကြတယ်။ လူပေါင်းထောင်နဲ့ချီတဲ့ ဆန္ဒပြနေသူတွေထဲ ရောက်သွားလိုက်ကြ၊ ဘေးကနေလိုက်လိုက်ကြ။ ထားဝယ်စကားကိုနားမလည်ပေမဲ့ ဖြစ်နေတာတွေမှန်သမျှ ဘာသာပြန်စရာမလိုဘဲ သိပါတယ်။ တနေရာမှာတော့ အလှူခံလူငယ်တယောက်ရဲ့ ခွက်ဖလားထဲကို အကြီးဆုံး ပိုက်ဆံစက္ကူတရွက် ထည့်လှူလိုက်ပါတယ်။ ကျွန်တော့ ရှစ်လေးလုံးအတွေ့အကြုံဆိုတာ ဒီလောက်သာရှိတယ်။ ဒါပေမဲ့ ကျွန်တော့်မိသားစုတခုလုံးကိုတော့ ရှစ်လေးလုံးအဖြစ်သနစ်ကြီးကနေ မထင်မှတ်တာတွေ၊ မမျှော်မှန်းတာတွေဟာ တသက်တာအတွက် ဆက်တိုက် ဖြစ်လာစေဘို့ သန္ဓေပေးလိုက်ပါတော့တယ်။ တိုင်းပြည်အခြေအနေတွေက အကြီးအကျယ်ပြောင်းလဲလာနေပါပြီ။ မဆလ အစိုးရဘယ်လိုမှ လုပ်မရတော့ပ

နားမလည်တဲ့ သတ်ပုံတွေ

Image
၁။ ဖျာတွေဆုတ်ကုန်ပါ့မယ် ဖျာဆုတ်မှာ အဓိပ္ပါယ်မရှိပါ။ နောက်ဆုတ်၊ ဆုတ်ယုတ်၊ စုတ်ပြတ်၊ စုပ်ပြဲ နဲ့ ဆုပ်ကိုင် တခုခုဖြစ်ပါမယ်။ ၂။ တလကိုတခါထဲးစုပေါင်းပြီသောက်ရဒယ် ထဲမှာ (း) မလိုပါ။ တခါတည်းက ပိုမှန်တယ်။ သောက်ရတယ်လို့သာရေးသင့်ပါတယ်။ ဒယ်ကို ဒယ်အိုး တမျိုးတည်းသာ သုံးတယ်။ ၃။ ကျွန်မက အသက်၂၇ နှစ်ပါ သားဦးကိုယ်ဝန်ပါ og နဲ့အပ်ထားပါတေ folic acid, Omega3 သောက်နေပါတေ့ တေလို့ မသုံးရပါ။ အပ်ထားပါတယ်၊ သောက်နေပါတယ်၊ ပြန်ကောင်းသွားတယ်၊ သွားပြပါတယ်၊ ရှိတယ်ပြောပါတယ်၊ ရှိတယ်၊ သက်သာပါတယ်၊ ယားပါတယ်၊ လိမ်းပါတယ်၊ စိုးရိမ်ပါတယ်၊ စိတ်ညစ်ပါတယ်လို့ ရေးရမယ်။ တယ်လို့ရေးပြီး၊ ဖတ်တော့ ဒယ်လို့ဖတ်ပါတယ်။ ဒေါက်တာတင့်ဆွေ ၃ဝ-၇-၂ဝ၁၄

ရေနွေးညသိပ် မြွေအဆိပ်တဲ့

Image
မမှန်တာ မဟုတ်တာ အတုဆိုရင် အတော်မေးကြတယ်။ ကြိမ်ဖန်များစွာမေးကြတယ်။ ၁။ မင်္ဂလာပါဆရာ ညသိပ်ရေနွေးကြမ်းဟာ ပြင်းထန်တဲ့အဆိပ်ဖြစ်လို့ ညကျန်သောရေနွေးကြမ်းကို မသောက်သင့်ဘူးဆိုတာ ဟုတ်ပါသလား ဆရာခင်မျ ရိုသေစွာဖြင့် ဂါရဝပြုပါ၏။ ၂။ ဆရာရှင် မသိလို့  မေးပါရစေ။ တခါက စာထဲမှာ ဘတ်မိဘူးတယ်။ မည်သူ့အဆိုလဲတော့ မမှတ်မိတော့ပါ။ ညက လက်ဖက်ရေကြမ်းကို မသောက်သင့်ဘူးတဲ့။ မြွေဆိပ်လောက် အဆိပ်ရှိတယ်လို့တင်စား ဆိုမိန့်ထားတယ်။ နောက်ပြီး ညက ဓါတ်ဗူးထဲက ရေနွေးကိုလည်း မသုံးတင့်တော့ဘူးလဲ။ ကြးသိရတယ် အဲဒါဟုတ်ရဲ့လား။ ကျွန်မက ရေနွေးကြမ်း အမြဲသောက်တဲ့သူတယောက်ဖြစ်လို့ မှန် မမှန် သိချင်ပါတယ်။ ကျေးဇူး အထူးတင်။ ၃။ ညသိပ်ရေနွေးကြမ်းသောက်ရင် အဆိပ်သောက်နေသလိုပဲတဲ့ ဖက်ဖူးတာပါ။ ၄။ လက်ဖက်ရေကြမ်းက ၆ နာရီကျော်ကြာရင်အဆိပ်ဖြစ်တယ်လို့သတင်းစာမှာ ဖတ်ဖူးတယ်ဆရာ။ ညသိပ်ရေနွေးကို မသောက်သင့်ဘူးလို့ပြောပါတယ်ဆရာ။ ဟုတ်ပါသလားဆရာ။ ၅။ ညသိပ်ရေနွေးအဆိပ်ပြင်းသည်လို့ ကြားဘူးပါသည်ဆရာ။ အဲလိုသာဆို ကျွန်တော့်ကိုယ်ထဲမှာ အဆိပ်တပီပါ (တပေပါ) လောက် ရှိနေလောက်ပြီ။ ပီပါဆိုတာ ဟင်ဒီစကားဖြစ်တယ်။ ပီပါ ကိုင်းတပ်သောက်လို့ ပြောကြတယ်။ ညသိပ်ရေးနွေး ဆေးသုတေသန မတွေ့သေးပါ။ ကွ

Four million risk losing India citizenship

အိန္ဒိယနိုင်ငံက ဘင်္ဂလားဒက်ရှ်ကလာသူပေါင်း ၄ သန်းကို နိုင်ငံသားဖြစ်ခွင့်မပြု အိန္ဒိယနိုင်ငံ အာသန်ပြည်နယ် အမျိုးသားမှတ်ပုံတင်စာရင်းတခုကို ထုတ်ပြန်လိုက်ပါတယ်။ လူပေါင်း ၄ သန်းဟာ နိုင်ငံသားအဖြစ်အသိအမှတ်ပြုခွင့် ဆုံးရှုံးပါမယ်။ သူတို့ဟာ ဘင်္ဂလားဒက်ရှ်ကနေ ၁၉၇၁ ခုနှစ်နောက်ပိုင်း ခိုးဝင်လာသူတွေလို့ ယူဆလို့ဖြစ်ပါတယ်။ ရက်စွဲအတိအကျကတော့ ၂၄-၃-၁၉၇၁ နေ့ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံကနေ အနောက်ပါကစ္စတန်လက်အောက်ခံသဘောဖြစ်နေတဲ့ အရှေ့ပါကစ္စတန်ကို စစ်ရေးအရပါ အကူအညီပေးပြီး ၂၆-၃-၁၉၇၁ နေ့မှာ ဘင်္ဂလားဒက်ရှ်နိုင်ငံအဖြစ်ထူထောင်စေခဲ့ပါတယ်။ ခိုးဝင်လာသူတွေဟာ အိန္ဒိယနိုင်ငံအရှေ့မြောက်ဒေသမှာ ဘင်္ဂါလီလူမျိုးတွေနဲ့ ရောနှောနေထိုင်ကြတယ်။ အဲလိုလူတွေကို ၁၉၈၅ ခု ရာဂျစ်ဂန္ဒီလက်ထက်မှာ မဲပေးခွင့်မပြုခဲ့ပါ။ အခုလိုစာရင်းမထုတ်ပြန်မီ နိုင်ငံသားဖြစ်ခွင့်အတွက် လျှောက်ထားသူပေါင်း ၃၂ သန်းရှိတယ်။ ၄ သန်းကို ပယ်လိုက်တာ ဖြစ်ပါတယ်။ သူတို့ဆီက ဘင်္ဂါလီလူမျိုးဆိုတာ မြန်မာပြည်ကပြောနေတာနဲ့ မတူပါ။ မြန်မာနိုင်ငံက အစိုးရတွေ ကိုင်တွယ်ဖြေရှင်းနည်းနဲ့ နိုင်ငံရေးအမြတ်ထုတ်ကြတာလည်း မတူပါ။ သူတို့ဆီက ဘာသာရေးအဖွဲ့တွေကလည်း ဘာသာရေးဂုဏ်သိက္ခာကို အထိခိုက်ခံပြီး နိုင်ငံရေးပ

သြဂုတ်လ (၉) ရက်

Image
ဆရာနဲ့ မွေးလတူတယ်။ လေးစာရသူမို့ ကြံဖန် ဂုဏ်ယူမိပါတယ်ရှင်။ စင်္ကာပူမှာ သူ့အမျိုးတွေနေတဲ့ ရန်ကုန်က ဖရင်းတယောက်ကလည်း ဆရာ့မွေးနေ့က စင်္ကာပူအမျိုးသားနေ့လို့ ရေးတယ်။ အဲတာလည်းဟုတ်တယ်။ ၁၉၄၅ ခုနှစ် သြဂုတ်လ (၉) ရက်နေ့က ဂျပန်နိုင်ငံ နာဂါဆာကီမြို့ကို အမေရိကန်တပ်က အနုမြူဗုံးချလို့ လူပေါင်း ၇ သောင်းကျော် သေဆုံးခဲ့တယ်။ ကျွန်တော်တို့က ကင်းဝန်မင်းကြီးဦးကောင်းအမျိုးထဲကပါ။ ဦးကောင်းကို ချီးမွမ်းရေးသားကြတာတွေသာမက ဦးကောင်းလိမ်ထုတ် စကားကိုပါ အမွေခံကြရတယ်။ ပင်လောင်းက သြဂုတ်လ ဆရာ ကျန်းမာပါစေ။ ပင်လောင်းက ကျွန်မတို့လက်ဖက်ခြံနားက အလေ့ကျပေါက်တဲ့ သစ္စာပန်းအနီတွေကလည်း သြဂုတ်လမှာ ဖြိုင်ဖြိုင်ပွင့်ပြီးလှနေတာနဲ့  ဆရာ့အချက်အလက်ယူသုံးမိပါတယ်🙏 ဟုတ်။ သူက ကျွန်တော့်ဆီကို လက်ဆောင်တွေလှမ်းပို့ဖူးတယ်။ ကျေးဇူး။ ရှမ်းပြည်ကို မရောက်ဖူးသေးပါ။ နောက်တခေါက်တော့ August သြဂုတ်လ https://doctortintswe.blogspot.com/2018/07/august.html ဒေါက်တာတင့်ဆွေ ၃ဝ-၇-၂ဝ၁၈

ပညာမဲ့တဦး

Image
ရှေးအခါက ဗြဟ္မဏပုဏ္ဏားတို့တိုးထွန်းကားရာ ဂင်္ဂါမြစ်ဝှမ်း၏ တခုသောတိုင်းပြည်၌ တရာသောသားတို့နှင့် မင်းပြုလျက်ရှိသော ဘုရင်တပါးရှိလေသည်။ တဦးသောသားသည် ဓါးခုတ်လှန်ထိုး အတတ်ကို၎င်း တဦးသောသားသည် ဆင်စီးမြင်းစီးအတတ်ကို၎င်း တဦးသောသားသည် ကုန်သွယ်လယ်လုပ်အတတ်ကို၎င်း တဦးသောသားသည် ဗေဒင်ဟူးရား ဆေးမန္တရားအတတ်ကို၎င်း တဦးလျှင် တခုသောပညာဖြင့် ထူးချွန်ကျော်ကြားကြကုန်၏။ ယခုအခါ ပေါ်လစီပုဏ္ဏားတို့တိုးထွန်းကားရာ ဧရာဝတီမြစ်ဝှမ်း၏ တခုသောတိုင်းပြည်၌ ရွှေနန်းတော်မှစ၍ ကျေးရွာ ဇနပုဒ်များအထိ တမှန်သမျှ တစ်ဟုရေးသောပညာ ထူးချွန်သူများနေထိုင်ကြကုန်၏။ ဒေါက်တာတင့်ဆွေ ၃ဝ-၇-၂ဝ၁၈

Font ဖေါင့်လိုအပ်ချက်

Image
ဆရာရေ link ကဝင်မရဘူးဖြစ်နေပါတယ် ခဏခဏ (ခဏခဏ) နေ့တိုင်းနေ့တိုင်းဖြေနေရတယ်။ လင့်မရသူရဲ့ ဖုန်းနဲ့ ကွန်ပြူတာမှာ ဖေါင့်လိုအပ်ချက်ရှိနေ။ အခုစာရေးနေချိန်မှာ ကျွန်တော့်ဘလော့ကို ဖတ်တာ 4,225,342 ကြိမ်ရှိတယ်။ ကျွန်တော်က ဇော်ဂျီဖေါင့်သာသုံးတတ်တယ်။ ခဏခဏ (ခဏခဏ) နေ့တိုင်းနေ့တိုင်းဖြေနေရတယ်။ ဒေါက်တာတင့်ဆွေ ၃ဝ-၇-၂ဝ၁၈ အကြိမ်တရာကျော် ပြောထားပြီး ကွန်မင့်မှာ ပုံတွေ စတစ်ကာတွေ ဗီဒီယိုဖိုင်တွေ မတင်ပါရန်လို့ အကြိမ်တရာကျော်ပြောထားပြီး။ ဖျက်ပါမယ်။ ဆောရီး။ ဒေါက်တာတင့်ဆွေ ၃ဝ-၇-၂ဝ၁၈

ကြမ်း ကျမ်း ကျန်း

Image
တခြားသူတင်ထားတဲ့ပို့စ်တခုအောက်မှာ ကြမ္မာပါစေလို့ရေးတာတွေ့လို့။ ဟိုအရင်ကတော့ ကျမ္မာလို့ရေးတာ နည်းနည်းရှိတယ်။ ကန်းမာလို့သာ အများကရေးကြတယ်။ ရရစ်နဲ့တော့ မတွေ့ဖူးပါ။ ကြမ်းဆိုရင် ကုန်ကြမ်း၊ ထမင်းကြမ်း၊ နင်းကြမ်း၊ ကြမ်းပိုးတို့မှာသာ သုံးတယ်။ ကျမ်း ကျမ်း (ပေစာညှပ်သော သစ်သားချပ်) ကျမ်းကိုင် ကျမ်းကျိန် ကျမ်းဂန်စာပေ ကျမ်းစာအုပ် ကျမ်းစူး ကျမ်းတုံး (လယ်ယာသုံး) ကျမ်းတတ် ကျမ်းတိုက် ကျမ်းထွက်စကား ကျမ်းပြု ကျမ်းရွက် ကျမ်းကျေ တံသုတ်ကျမ်း တင်းကျမ်းပြည့် ကျန်း ကျန်းကျန်းတန်းတန်း ကျန်းကျန်းမာမာ ကျန်းခံသာ၍မာပါစေ ကျန်းမာရေး ခန့်ကျန်းသည် ဗညားကျန်းထော သောင်းကျန်းသည် ကြမ်း ကုန်ကြမ်း၊ ငါးကိုကြမ်းတိုက်သည် တရကြမ်း၊ ထမင်းကြမ်း၊ ဓာတ်ကြမ်းကုသည် နင်းကြမ်း၊ ပတ်ကြမ်းတိုက်သည် ပယောဂဆေးကြမ်း ဖီးကြမ်းငှက်ပျော၊ ကြမ်းကွပ်သည် ကြမ်းခင်းဈေး ကြမ်းတန်း ကြမ်းတမ်း ကြမ်းတိုက် ကြမ်းတပြေးတည်း ကြမ်းပိုးကောင် ကြမ်းပိုးတေလေ ကြမ်းကြားလေ ကြမ်းကြုတ် ကြမ်းပြင် ကြမ်းထော် ရွက်ကြမ်းရေကျို၊ ရုန့်ရင်းကြမ်းတမ်း လှည်းကြမ်းစီး အကြမ်းဖျင်း အဝတ်ကြမ်း အသံကြမ်းသည် အနုကြမ်း ရောဂါကြမ်းသည် နှုတ်ကြမ်း

Font ဖေါင့်လိုအပ်ချက်

Image
ဆရာရေ link ကဝင်မရဘူးဖြစ်နေပါတယ် ခဏခဏ (ခဏခဏ) နေ့တိုင်းနေ့တိုင်းဖြေနေရတယ်။ လင့်မရသူရဲ့ ဖုန်းနဲ့ ကွန်ပြူတာမှာ ဖေါင့်လိုအပ်ချက်ရှိနေ။ အခုစာရေးနေချိန်မှာ ကျွန်တော့်ဘလော့ကို ဖတ်တာ 4,225,342 ကြိမ်ရှိတယ်။ ကျွန်တော်က ဇော်ဂျီဖေါင့်သာသုံးတတ်တယ်။ ခဏခဏ (ခဏခဏ) နေ့တိုင်းနေ့တိုင်းဖြေနေရတယ်။ ဒေါက်တာတင့်ဆွေ ၃ဝ-၇-၂ဝ၁၈

အကြိမ်တရာကျော် ပြောထားပြီး

Image
ကွန်မင့်မှာ ပုံတွေ စတစ်ကာတွေ ဗီဒီယိုဖိုင်တွေ မတင်ပါရန်လို့ အကြိမ်တရာကျော်ပြောထားပြီး။ ဖျက်ပါမယ်။ ဆောရီး။ ဒေါက်တာတင့်ဆွေ ၃ဝ-၇-၂ဝ၁၈

သြဂုတ်လ (၉) ရက်

Image
ဆရာနဲ့ မွေးလတူတယ်။ လေးစာရသူမို့ ကြံဖန် ဂုဏ်ယူမိပါတယ်ရှင်။ စင်္ကာပူမှာ သူ့အမျိုးတွေနေတဲ့ ရန်ကုန်က ဖရင်းတယောက်ကလည်း ဆရာ့မွေးနေ့က စင်္ကာပူအမျိုးသားနေ့လို့ ရေးတယ်။ အဲတာလည်းဟုတ်တယ်။ ၁၉၄၅ ခုနှစ် သြဂုတ်လ (၉) ရက်နေ့က ဂျပန်နိုင်ငံ နာဂါဆာကီမြို့ကို အမေရိကန်တပ်က အနုမြူဗုံးချလို့ လူပေါင်း ၇ သောင်းကျော် သေဆုံးခဲ့တယ်။ ကျွန်တော်တို့က ကင်းဝန်မင်းကြီးဦးကောင်းအမျိုးထဲကပါ။ ဦးကောင်းကို ချီးမွမ်းရေးသားကြတာတွေသာမက ဦးကောင်းလိမ်ထုတ် စကားကိုပါ အမွေခံကြရတယ်။ ဒေါက်တာတင့်ဆွေ ၃ဝ-၇-၂ဝ၁၈

ဘို နှင့် ဗိုလ်

Image
၁။ ပတ်တီး စီးထားရင်သက်သာပေမဲ့ ခြေဖဝါးနဲ့အဆစ်တွေရောင်လာတယ်။ ဘိုလုပ်ရင် အဆင်ပြေနိင်မလဲ ပြောပြပေးပါရှင်။ စာရိုက်လွဲတာတော့ မဟုတ်နိုင်။ ဘယ်လိုလုပ်ရင်ကို မသိသူဖြစ်မယ်။ ဗိုလ်ကျောင်းထွက်လား ဘိုကျောင်းထွက်လား မပြောတတ်။ ရွှေဘိုသူတော့ မဟုတ်လောက်။ ၂။ သွေးဆေးသောက်တာ ၃ ပတ်လောက်သွေးဆင်းနေတယ် ဘိုလုပ်ရမလဲဆရာ ဖြေကြားပေးစေချင်ပါတယ်ခင်ဗျ ဖြစ်တဲ့သူ အသက်-ကျား-မ မသိပါ။ ဘာဖြစ်နေသလဲ မသိပါ။ ဘိုလိုရော ဗမာလိုပါ ပြန်ဖြေလို့မရပါ။ ဆောရီး။ ဘို ကဘိုကရို မုဆိုးဘို ရွှေဘိုမြို့ ဗိုလ် စစ်ဗိုလ် ဗိုလ်ချုပ်ကျောက်တိုင် ဗိုလ်စားပဲ ဗိုလ်တဲ ဗိုလ်ရှုခံ ဗိုလ်ခြေ ဗိုလ်ခြောက်ပါး ဗိုလ်ကိတ်ပဲ ဗိုလ်ချုပ် ဗိုလ်စွဲ ဗိုလ်ဆံတောက် ဗိုလ်တဲ ဗိုလ်ပုံပရိသတ် ဗိုလ်ပါ ဗိုလ်ကေ ဗိုလ်ခြေ လမ်းဗိုလ် ဒေါက်တာတင့်ဆွေ

ပင်လောင်းက သြဂုတ်လ

Image
ဆရာ ကျန်းမာပါစေ။ ပင်လောင်းက ကျွန်မတို့လက်ဖက်ခြံနားက အလေ့ကျပေါက်တဲ့ သစ္စာပန်းအနီတွေကလည်း သြဂုတ်လမှာ ဖြိုင်ဖြိုင်ပွင့်ပြီးလှနေတာနဲ့  ဆရာ့အချက်အလက်ယူသုံးမိပါတယ်🙏 ဟုတ်။ သူက ကျွန်တော့်ဆီကို ရှမ်းပြည်ထွက် လက်ဆောင်တွေလှမ်းပို့ဖူးတယ်။ ကျေးဇူး။ ရှမ်းပြည်ကို မရောက်ဖူးသေးပါ။ နောက်တခေါက်တော့ August သြဂုတ်လ  https://doctortintswe.blogspot.com/2018/07/august.html ဒေါက်တာတင့်ဆွေ ၃ဝ-၇-၂ဝ၁၈

မေ

Image
နွေတနွေရဲ့ ရေမြေတောတောင် ရွှေအိုရောင်နေ့လည်ခင်း ဝေ့လည်ရင်းသက်ပြင်းခြွေ ရွက်ဝါတွေ နွေသစ်စမှာ ကြွေပစ်ကြမစဲပေ ကဲလေ ကဲလေ ငိုနေတဲ့ သစ်ရွက်တွေဟာ အို မေရဲ့ချစ်မျက်ရည်လား ကြည့်လိုက်စမ်းနွေ ကြည့်လိုက်စမ်း မေရေ နွေလာပြီဆို ဆီး၍ကြိုမလား ဆီး၍ငိုမလား မေစဉ်းစားလေ နှလုံးသားမှာ ဖုံးထားပေမယ့် အရှုံးများပွေတဲ့ အတိတ်နယ်ဟာ မေ့အတွက်တော့ ဟင် အရိပ်သဖွယ် ဆိတ်ကွယ်ရာမရှိတဲ့ ကမ္ဘာပေ ဒါတွေကို မေသိရက်နဲ့ မေ့ရှိတဲ့အလှဂုဏ် ဓနဂုဏ် တော်ဝင်ဂုဏ်တွေကလည်း ပျော်ဝင်ပုံတွေ မှားခဲ့လေသလား တရားနဲ့သာ ဖြေပေတော့ မေရေ တွေးလေ တွေးလေ ဝေးနေတဲ့ အမှန်တရား မေ့ထံပါးမှာ ရှိနေတာဆို ဘာဆိုဘာမှ ဟင် မေ့ဘဝမှာ အကောင်းကိုရှာသော်ငြား အကောင်းကား ရှာမတွေ့ဖြစ်နေ အချစ်တွေ အချစ်တွေကြားမှာ အချစ်ဆုံးကိုတွေ့ပေမယ့် အချစ်တွေမဆုံးနိုင်တဲ့ မေပါလေ တကယ်တော့ မေဟာလေ တော်ရာမှာ နေသင့်ပါလျက် ပျော်ရာမှာ လေလွင့်လျက်သာ အဲဒါတွေခက်တာပေါ့မေ အဲဒါတွေခက်တာပေါ့မေ တနွေမှ တနွေကူးလို့ ကြွေဖူးတဲ့ရွက်ဝါလေးတွေသာ နွေဆိုတာ ကြောက်ချင် ကြောက်မည် မေဆိုသည်ကတော့ ထောက်မမီတဲ့ဘဝပင်လယ်မှာ ကျင်လည်စွာ အချစ်ဆိုတဲ့လှေကလေးနဲ့ တိတ်တဆိတ်ကူးဖြတ်ရင်းပင် မထူးဇာတ်ခင်းချ

Sinusitis ဆိုင်နူဆိုက်တစ်

Image
၁။ ဆရာ ကျွန်မသမီး အသက် ၁၀နှစ်ရှိပါပြီ။့ ကပါ။ သမီးအသက် ၆နှစ်လောက်ကတည်းက နှာအမြဲစေးပါတယ်။ ရာသီဥတု အေးတော့ ဆေးသောက်လိုက် ကောင်းသွားလိုက်ပေါ့ဆရာ။ အသက် ၈ နှစ်လောက်ကစပြီး နှာခေါင်းတဖက် လုံးဝပိတ်သွားတယ်။ အိပ်ရင် အရမ်းနေရခက်ပုံပေါ်ပါတတ်။ လွန်ခဲ့တဲ့ ၄လလောက်က ထိုင်းကိုသွားပြပါတယ်။ ဆရာဝန်က ခေါင်းကို x rayရိုက်ပါတယ်။ နှာခေါင်းထဲက အနောက်ဘက်ကို နှာရည်စီးတဲ့ ပြွန်ပိတ်နေတယ်ပြောပါတယ်။ နှာအမြဲစေးနေတော့ နှာခေါင်းထဲ ဘက်တီးရီးယားတွေ အောင်းနေလို့ ရောင်ရမ်းပြီး ပိတ်တာလို့ ပြောပါတယ်။ ခွဲချင်ရင် ခွဲလို့ရတဲ့ အခြေအနေ ရှိနေပြီလို့ ပြောပါတယ်။ ဒါပေမယ့် ကလေးက မခွဲချင်တော့ ပိုးသတ်ဆေး ၂ပတ်စာနဲ့ Cetrine အမျိုးအစား တညတလုံး ၃လစာ။ နှာခေါင်းထဲ ဖျန်းတဲ့ဆေး nasonex တရက်၂ကြိမ် ဖျန်းခိုင်းပါတယ်။ အခု  နည်းနည်း သက်သာသလိုတော့ ရှိပါတယ်။ အခုလက်ရှိ ထိုင်းကိုမသွားဖြစ်သေးတော့ ဆရာဝန်ပေးတဲ့ဆေး ဆက်သောက်ရမလားရှင့်။ ဆေးကြာရှည် သောက်မိလို့ ဘေးထွက်ဆိုးကျိုးလဲ သိပါရစေ။ ဆရာရေးတဲ့ နှာခေါင်းထဲ အဖုရှိတာနဲ့ ရောဂါ အတူတူပဲလားရှင့်။ ခွဲလိုက်ရင်ရော လုံးဝ ကောင်းသွားနိုင်လားရှင့်။ ရိုသေစွာ အကူအညီ တောင်းခံအပ်ပါတယ်။ အနောက်ဘက် မဟုတ်။ နောက်ဘက်လို့ရေ

Night terrors အိပ်မက်ထဲ သူရဲစီးခံရခြင်း

Image
အရင်စာမှာ ဘီလူးစီးလို့တပ်ထားလို့သာ ခေါင်းစဉ်ကို သည်လိုရေးပါတယ်။ သူရဲက ရှိတာမဟုတ်။ မကြာခဏ ဘီလူးစီးနေလို့ပါဆရာ။ အဲဒါ ဘယ်လိုလုပ်ရမလဲဆရာ။ မေးတဲ့သူ (ဖြစ်တဲ့သူ) အသက်-ကျား-မ မသိရပါ။ အရင်မေးသူရှိလို့ဖြေထားပါတယ်။ အဲဒီတယောက်လည်း မေးနည်း စည်းကမ်းမကျလို့ ပြန်မေးနေရသေးတာ။ ဆရာ မဖြေမှာကိုလည်း နားလည်ပါတယ်ရှင့်။ ဘီလူးစီးတယ်လို့ မြန်မာတွေခေါ်နေတဲ့အဖြစ်ဟာ ဘာဓါတ် ချို့ယွင်းလို့ ဖြစ်ရတာလဲဆိုတာ အမြန်ဆုံးသိချင်လို့ပါရှင်။ သောက်စရာဆေး စားသင့်သော အစားများကို သိချင်လို့ပါဆရာ။ ဆောင်ရန်ရှောင်ရန်တွေပါ သိလိုပါတယ်ရှင့်။ ဘယ်လိုဖြစ်တာကို အဲလိုခေါ်ပါသလဲ။ အရပ်ခေါ်တွေက တနေရာနဲ့တနေရာ မတူပါ။ အိပ်မက်ယောင်လိုအော်နေရပါတယ်။ တစုံတယောက်လာနိုးမှ အော်နိုးလို့ ရပါတယ်။ ဖြစ်တိုင်း စောင် သို့ မဟုတ် အင်္ကျီလည်ပင်းမှာရှိနေတတ်ပါတယ်။ ဘုရားမရှိခိုးလို့ ပြောပါတယ် ဘုရားရှိခိုးပြီး ကျမဟာ ဘုရားစာအုပ်ဖတ်ရင်း ကျန်းမာရေးစာတွေဖတ်ပြီးမှအိပ်သူပါရှင့်။ အရပ်ခေါ် ဘီလူးစီးခံရခြင်းဟာ လူကြီးတွေမှာသာမက ကလေးတွေမှာလည်းဖြစ်ပါတယ်။ လူကြီးတွေထဲမှာ ၂% ကနေ ၈% အထိဖြစ်တယ်။ အိပ်မက်ဆိုးပေမယ့် တကယ်ကိုခံစားနေရတာပါ။ Night terrors ဘီလူးစီးခံရခြင်းက Nightmares အ

သစ်တသီး

Image
တနေ့က ရခိုင်စာ ပေါ်လစီသတ်ပုံသွတ်သွင်းမခံရပါလို့ ရေးခဲ့တယ်။ အခု ဆရာမင်းသုဝဏ်ရေးတဲ့ မြန်မာစာမြန်မှုထဲက ထားဝယ်စကားမှာလည်း ပလီထားတဲ့သတ်ပုံမပါတာတွေ့တယ်။ ကလေးတွေ ကျောချင်းတဆိုင် မတ်တတ်ရပ်ပီး ခြေထောက်တချောင်းစီချိတ်ကြရတယ်။ ချိတ်ပီးဆုကြရတဲ့စကားကတော့ သည်လိုပါ့ ဘယ်ခေ ဘယ်သု ခေ ဖိုးရှင် ခေ သစ်တသီး ကော့စားသွား သစ်တသီး ဖယ်မာ သစ်တစ်သီး မဟုတ်ပါ။ အခုတော့ မသိ။ မင်းသုဝဏ်ရေးတာ တစ်နှစ်လုံး မဟုတ်။ ဒေါက်တာတင့်ဆွေ ၂၉-၇-၂ဝ၁၈

ပုဒ်မ ၂၉၄

Image
ပြည်ပနိုင်ငံရေးမှာ လုပ်ဘော်ကိုင်ဖက်တယောက် တင်ထားတဲ့ပို့စ်ကပုံဖြစ်ပါတယ်။ နေရာတခုခုတွင် တခုခုကိုပြုလျှင် စကားတမျိုးမျိုးကို ထောင်ဒဏ်တမျိုးမျိုးဖြစ်စေ အဲဒီဥပဒေက ပေါ်လစီသတ်ပုံနဲ့ရေးတာမဟုတ်လို့ ပုဒ်မ ၂၉၄ (ဆဲရေးတိုင်းထွာမှု) နဲ့ငြိတဲ့တရားခံကို လွှတ်ပေးလိုက်ပုံရတယ်။ ဒေါက်တာတင့်ဆွေ ၂၉-၇-၂ဝ၁၈

Segregation ပိုင်းခြားခြင်းများ

Image
တိုင်းပြည်တခုထဲမှာ ခွဲခြားထားမှုဆိုတာ လေးမျိုးရှိပါတယ်။ ၁။ ပထဝီအရပိုင်းခြားမှု၊ ၂။ လူမျိုးစုအရပိုင်းခြားထားမှု၊ ၃။ ဘာသာရေးအရပိုင်းခြားထားမှု၊ ၄။ လိင်ကွဲပြားမှုအရပိုင်းခြားထားမှု။ အသားအရောင်ခွဲခြားမှုတွေ အမေရိကားမှာရော တောင်အာဖရိကမှာပါ ပပျောက်သွားပြီ။ ဘာလင်တံတိုင်းလဲပြိုကျသွားပြီ။ ဥရောပကိုခွဲခြားထားခဲ့တဲ့ သံမဏိလိုက်ကာကြီးလဲမရှိတော့ပါ။ နော်ဝေဝန်ကြီးချုပ်ဟောင်း မြန်မာ့ဒီမိုကရေစီရေးတဲ့မိတ်ဆွေရင်း ဘွန်းဗက်ကရေးထားတယ်။ ကျွန်တော်တို့တိုင်းပြည်မှာ ကံမကောင်းတာက မျိုးချစ်စိတ်နဲ့ ဘာသာတရားကို နိုင်ငံရေးရည်ရွယ်ချက်အတွက်သုံးရတာ လွယ်လွန်းနေတာပါပဲတဲ့။ သူပြောတာဟုတ်မယ်။ မကြာခဏ ဘလော့စရာတွေပေါ်တယ်။ ဒေါက်တာတင့်ဆွေ ၂၉-၇-၂ဝ၁၆ ၂၉-၇-၂ဝ၁၈

သစ္စာမရှိသော လူသား

Image
တခါတုန်းက သူဋ္ဌေးကြီးတဦး တောထဲ၌ တယောက်တည်း လမ်းလျှောက်ထွက်လာစဉ် ရေတွင်းပျက်တခုထဲသို့ လိမ့်ကျသွားလေသည်။ တခါတုန်းက ကြွယ်ဝလှတဲ့မြန်မာစာ လမ်းလျှောက်ထွက်လာစဉ် ခေတ်ပျက်ကြီးတခုထဲသို့ လိမ့်ကျသွားလေသည်။ တဘာသာတည်းသာမကပါ။ ၂ဝ-၇-၁၉၇၄ နေ့ထုတ် ရွှေသွေးဂျာနယ်မှ ဒေါက်တာတင့်ဆွေ ၂၉-၇-၂ဝ၁၈

Hemoptysis ချောင်းဆိုး သွေးပါ

Image
မေးခွန်းတွေကို ကျော်ဖတ်နိုင်ပါတယ်။ အင်္ဂလိပ်စာလုံးတွေကိုလည်း ကျော်ဖတ်နိုင်ပါတယ်။ ဆောရီး။ ၁။ ဆရာ တခုလောက်မေးချင်လို့ပါ သမီးအဖေ အိပ်နေရင်းနဲ့ ရုတ်တရက် လေထတက်ပါတယ် ဆရာ ဂေ့ဂေ့နဲ့ လေတက်နေရင်းနဲ့ ခဏနေတော့ ချောင်းဆိုးရာမှာ သွေးပါ ပါလာပါတယ် ဆရာ။ ဖြစ်တဲ့သူ အသက် မသိပါ။ ၂။ မင်္ဂလာပါဆရာ သမီးချောင်းဆိုးတာသလိပ်ထဲသွေးစပါလို့ပါ။ ခုညမှစဆိုးတာပါ။ စစဆိုးဆိုးချင်းမှာပဲသွေးစပါလို့ပါ။ သွေးကအနီရဲရဲမဟူတ်ပါဘူး။ အဆုတ်ရောဂါလက္ခဏာတွေဖတ်ကြည့်တော့တခုမှမပါပါဘူး။ ကျေးဇူးပြုပြီး ဆရာအားတဲ့အခါ ဘာကြောင့်သွေးပါတယ်ဆိုတာဖြေပေးပါနော်။ မေးနည်းစည်းကမ်းပို့လိုက်တယ်။ မိန်းမပါ။ အသက်၂၄နှစ်။ အိမ်ထောင်သည်သားလေးတယောက်ရှိပါတယ်။ သားလေးကတနှစ်လေးလပါ။ ခုညမှချောင်းဆိုးလို့ ဘယ်ဆရာဝန်နဲ့မှ မပြရသေးပါဘူးဆရာ။ ၃။ မင်္ဂလာပါဆရာ။ ကျွန်မအသက် ၂၃ ရှိပါပြီ ။ အိမ်ထောင်မရှိပါ။ လွန်ခဲ့တဲ့ ၂လက ချောင်းဆိုးသွေးပါဖြစ်လို့ ဆရာဝန်နဲ့ သွားပြပါတယ်။ ဓာတ်မှန် NAD နဲ့ သွေးစစ် TB negative ပါ။ ဆရာဝန်က အဆုတ်လေပြွန်ရောင်တာလို့ဟြေပါတယ်။ Cefixime နဲ့ Flemax ဆေး၂မျိုးကို ၅ရက်သောက်ခိုင်းပြီးတဲ့နောက် ပြန်ပျောက်သွားပါတယ်။ ဒါပေမဲ့ နောက် ၂ပတ် အကြာမှ ပြန်ဖြစ်ခဲ့ပြီး အဲ့ဆေ

မြန်မာစာ ခုနစ်ထွေက

Image
ဗိုလ်ချုပ်နေဝင်းခေတ်ဦးမှာ မြန်မာစာသတ်ပုံကို မူရင်းအတိုင်းသာ ရေးခွင့်ရှိပြီး ၁၉၈ဝ ကျော်မှသာ ပြင်ခိုင်းတယ်။ ၁၉၈၈ စစ်အာဏာသိမ်းပြီးတော့ ပြင်ထားတဲ့သတ်ပုံကိုသာ မရေးမနေရနဲ့ ထုတ်သမျှစာအုပ်တွေမှာ အဲတာသာရေးစေတယ်။ မြန်မာစာတောပေတောကို လေ့လာရင် ၁။ စကားပြေ၊ ၂။ ကဗျာလင်္ကာ ၃။ လင်္ကာစကားပြေ နှစ်ထွေရောဆိုပြီး ရေးဟန် သုံးမျိုးရှိတာ တွေ့နိုင်ပါတယ်။ မှန်နေတဲ့သတ်ပုံကို ပေါ်လစီအရပြောင်းလိုက်ချိန်ကစပြီး တစ်မဟုတ်ရင် ထုတ်ဝေခွင့်မပေးပါ။ အခုလည်း အဲတာသာ မှန်သလိုလို အတည်ပေါက်လုပ်ထားတယ်။ မြန်မာစာသတ်ပုံဟာ နှစ်ထွေသာမက ခုနစ်ထွေကဖြစ်လာပါတော့တယ်။ ဒေါက်တာတင့်ဆွေ ၂၉-၇-၂ဝ၁၈

မဖြေခဲ့သော စာမေးပွဲများ

Image
နိုင်ငံရေးထဲက မိတ်ဆွေတဦးက မေးပါတယ်။ ဆရာ။ စကားမစပ် ဆရာတို့အရင် ၉၀ခုနှစ်အမတ်ဟောင်းတွေကို DASSK ကဖြစ်စေ NLD ကဖြစ်စေ လက်ခံတွေ့ဆုံ အားပေးတာမျိုးလုပ်သေးလားဆရာ။ ဘာဖြစ်လို့မေးတာလဲဆိုတော့ အမှောင်ကျနေတဲ့ကာလကြီးတလျှောက်လုံး ဆရာတို့ အဝေးရောက်တွေရဲ့ လေလှိုင်းပေါ်ကအသံတွေဟာ ဒီမိုကရေစီလိုလားသူတွေအတွက် တအားဖြစ်ခဲ့လို့ပါ။ ဒါကို အသိအမှတ်ပြုချင်စိတ်နဲ့ မေးတာပါ။ မေးတာအတွက် အလွန်ကျေးဇူးတင်တယ်။ ဖြေရမှာ အားနာတယ်။ မေးတဲ့သူကိုတော့ မဟုတ်ပါ။ သူများတွေပြောတာ ကြားရသလောက် ထောင်ကျခြင်းနဲ့ ပြည်ပထွက်ပြေးခြင်းကို အမှတ်ပေးတာ မတူပါတဲ့။ ကျွန်တော်တို့က ၄ဝ% မရ။ ကျ။ Smile! ကျွန်တော် စာမေးပွဲ နှစ်ခါကျဖူးပြီ။ ကိုးတန်းအောင်တော့ ဒီအက်စ်အေ ၁၁ ကိုသွားဖြေတယ်။ ကိုယ်လက်ကြံ့ခိုင်ရေး စစ်တာ၊ စစ်မြေပုံဖတ်တာတွေ အောင်တယ်။ အောင်တဲ့သူတွေကို စိတ်ကျန်းမာရေး စစ်တယ်။ အဲတာလည်း အောင်တယ်။ အောင်တဲ့သူတွေကို ဆေးစစ်တယ်။ အောင်ပြန်ရော။ နောက်ဆုံးမှာ အောင်စာရင်းထွက်တယ်။ ကျတယ်။ မဖြေရပဲ ကျတာ။ ပြည်ပမှာ ၂၄ နှစ်ကြာ ကျောင်းတက်တယ်။ အတော်တော့ ကြိုးစားခဲ့တာပဲ။ ကျွန်တော်တို့တတွေလုပ်ခဲ့ကြတာ ပါ မပါ မသိပါ။ ပြည်တွင်းမှာ အပြောင်းအလဲတွေဖြစ်လာတယ်။ ကိုးဆယ်ကတည်းက အတူ

စေတနာနှင့် ဝေဒနာ၏ ခြားနာချက်

Image
ကယ်နိုင်ပါသည် • သွေးတစက်ဖြင့် အသက်တချောင်း၊ • အသည်းတခြမ်းဖြင့် အသက်တချောင်း။ ဆုံးရှုံးစေနိုင်ပါသည် • သင့်ခြေတလှမ်း အသက်တချောင်း၊ • သင့်ခြေတလှမ်း အသက်နှစ်ချောင်း။ ဒေါက်တာတင့်ဆွေ

ဖိုးသူတော် လမ်းမှားသွားခြင်း

Image
၂ဝ၁ဝ တုန်းကရေးခဲ့တာ ပို့်စ်တခုက အမတ်လုပ်ချင်တယ်တဲ့။ ဖွဲ့စည်းပုံအောက်က လွှတ်တော်အခင်းအကျင်းမှာ လျှာထွက်အောင်ဟောသော်လည်း ဆန်ဖြူဖြူတခွက်မှ ထွက်လမ်းမမြင်ဆိုသလို ရှိနေမယ်။ အမေရိကန် ရုပ်ရှင်ဒါရိုက်တာ တိုဘီဟူပါက ပြောပါတယ်။ ခင်ဗျား ဘယ်ကိုသွားနေတာဖြစ်ဖြစ် သွားတဲ့နေရာက မှားနေတယ်ဗျတဲ့။ ဒေါက်တာတင့်ဆွေ

ဆင်ကျုံးသွင်းခြင်း

Image
ဆင်ကျုံးသွင်းသည်ဆိုတဲ့စကားရှိတယ်။ Elephant crushing or a training crush လို့ ခေါ်တယ်။ မနေ့က ရေဒီယိုဆွေးနွေးခန်းမှာ မေးခွန်းနဲ့ တိုက်ရိုက်မသင့်လို့ မပြောဖြစ်ခဲ့တာတာရှိတယ်။ ဗိုလ်ချုပ်ရုပ်တုသတင်း။ ဒီသတင်းလည်း ရေကြီးတဲ့အောက် မြုပ်သွားပုံရတယ်။ ဗိုလ်ချုပ်ကိုဂုဏ်ပြုတာ မကောင်းမရှိပါ။ အလားတူ သခင်ကိုယ်တော်မှိုင်းဖြစ်ဖြစ် ဒဂုန်တာရာ ဆရာတင်မိုးဖြစ်ဖြစ် ဂုဏ်ပြုကြတာ မကောင်းမရှိပါ။ ဒါပေမဲ့ စာရေးဆရာတွေ ကဗျာဆရာတွေကို ဂုဏ်ပြုသူတွေက မူလသတ်ပုံကိုလိုသလိုပြင်ပြီး ဂုဏ်ပြုနေကြတာတော့ မကောင်းပါ။ ဗိုလ်ချုပ်ကိစ္စမှာ တမျိုး။ ကာလဒေသရွေးတတ်ဖို့လိုတယ်။ ဒိထက်အရေးကြီးတချက်ကို ရေးပါရစေ။ အက်တစ်ဗစ် ခေါ်တဲ့ တက်ကြွလှုပ်ရှားသူတွေ လုပ်ဆောင်ကြရတာနဲ့ နိုင်ငံရေးပါတီတွေနဲ့ မတူတတ်ပါ။ နိုင်ငံရေးပါတီဟာလည်း အစိုးရတာဝန် ယူလာရရင် အရင်ကနဲ့ မတူတော့ပါ။ အဲဒီသုံးမျိုးက တထပ်တည်း မကျပါ။ အဲဒီကနေ ပဋိပက္ခတွေ ဖြစ်စေနိုင်တယ်။ သဘာဝကျတဲ့ပဋိပက္ခသာမကာ တမင်တကာဖန်တီးတာလည်းရှိတယ်။ ဖန်တီးယူတာကို ကျုံးသွင်းတယ်လို့ ခေါ်နိုင်တယ်။ အဲလိုတွေကြောင့် ဗိုလ်ချုပ်ရဲ့ဂုဏ်သိက္ခာကိုပါ ကျစေနိုင်တယ်။ အခါရာသီသာမက အရိပ်အကဲလည်းသိရမယ်။ ကျုံးသွင်းတတ်သူတွေကို အထင်မသေးပါနဲ့။

တတပ်တအား

Image
ဗိုလ်ချုပ်နေဝင်းခေတ်က မဆလ ခေါ် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်မှာ တိုင်းပြည်တခုလုံး စဉ်းစားတွေးခေါ်တာကို အတင်းရိုက်သွင်းပေးခဲ့တဲ့ နိုင်ငံရေးအတွေးအခေါ်စာအုပ်တွေသာ ထုတ်ဝေခွင့်ရပြီး လူတိုင်းကို သင်ယူစေ ဖတ်စေခဲ့ပါတယ်။ ၂၆ နှစ်ကြာတယ်။ မျိုးဆက်တခုလို့ ပြောနိုင်တယ်။ အဲဒီခေတ်ဦးမှာ အိုင်ဒီယော်လော်ဂျီစာအုပ်တွေကအစ မြန်မာစာသတ်ပုံကို မူရင်းအတိုင်းသာ ရေးပါတယ်။ ၁၉၈ဝ ကျော်မှသာ ပြင်ခိုင်းတယ်။ ၁၉၈၈ စစ်အာဏာသိမ်းပြီးတော့ ပြင်ထားတဲ့သတ်ပုံကိုသာ အတင်းအဓမ္မ မရေးမနေရ လုပ်ခဲ့တယ်။ ထုတ်သမျှစာအုပ်တွေမှာလည်း အဲတာသာရေးစေတယ်။ မျိုးဆက်တခုကြာတယ်။ မဆလ အိုင်ဒီယော်လောက်ဂျီနဲ့ တတွေကို တစ်လုပ်ခိုင်းတဲ့သတ်ပုံ အတူတူသဘောသာဖြစ်တယ်။ မဆလ ရဲ့ အညမည ကတော့ စာအုပ်တောင် လိုက်ရှာမရတော့ပါ။ တစ်သတ်ပုံကတော့ နေပြည်တော်ထီးနန်းကနေ ဇနပုဒ်တွေအထိ လွှမ်းမိုးနေရာယူထားဆဲဖြစ်တယ်။ အရင်က နိုင်ငံရေးမှားပြီး သတ်ပုံမှန်ခဲ့တယ်။ အခုက နိုင်ငံရေးမှန်စပြုလာပြီး သတ်ပုံမှားနေတယ်။ မြန်မာစာကို ကယ်တင်နိုင်ရေး တတပ်တအားပါဝင်မှသာရမယ်။ ဒေါက်တာတင့်ဆွေ ၂၉-၇-၂ဝ၁၈ ကောင်းသောလက္ခဏာ နိုင်ငံရေးသမိုင်းရော မြန်မာစာသမိုင်းကိုပါ သိသင့်တယ်။ လွတ်လပ်ရေးရကာစ ကွန်မြူနစ