မေ သို့မဟုတ် တခွက် တမူးခေတ်

မေ သို့မဟုတ် တခွက် တမူးခေတ်
သူငယ်ချင်းဆရာဝန်တယောက်က မေသီချင်းတင်လို့ ပြောချင်တာကို ရေးပါရစေ။

မေ ဝတ္ထုမှာ ဆရာဒဂုန်တာရာ ရေးသားခဲ့တဲ့ သတ်ပုံကို တင်ပြပါရစေ။

တခါတရံ ကျွန်တော်တို့က
ဒို့ငယ်ငယ်တုန်းက ခေါက်ဆွဲတခွက် တမူးကွ
ချည်လုံချည်တထည် ခြောက်မူး
တသွင်သွင် လှုပ်ရှားလျက်ရှိလေသည်။
စောစောက နှင်းတွေ တမှုန်မှုန် ကျထားသဖြင့်

တစ်ခါတစ်ရံ မဟုတ်။ တစ်ခါတရံ မဟုတ်။ တခါတစ်ရံ မဟုတ်။ တစ်ခွက် တစ်မူး မဟုတ်။ ချည်လုံချည်တစ်ထည် မဟုတ်။ တစ်သွင်သွင် မဟုတ်။ တစ်မှုန်မှုန် မဟုတ်။

အမှာရေးတဲ့ သခင်ဗဟိန်းကလည်း မေ၏ပုံကားသည် ရှေ့တွင် အခိုးအေငွ့များသဖွယ် လိပ်၍လိပ်၍ သဏ္ဌာန် ဝတ္ထုတခု ဖြစ်ပေါ်နေလိမ့်မည်။

ဝတ္ထုတစ်ခု မဟုတ်။

ဆရာဒဂုန်တာရာကို လေးစားကြသူတွေ ၉ဝ% လောက်က တစ်သတ်ပုံနောက်လိုက်တွေဖြစ်နေကြတယ်။ တစ်ခွက် တစ်မူးခေတ်ကို လွန်သင့်ပြီ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး