Sarnath မိဂဒါဝုန်

မေးတာတွေဖြေ နှစ်ပတ်လည်စာထဲက ပြန်တင်သင့်တာတွေတင်နဲ့ အနားမှာ တရားဖွင့်ထားလို့ တရားလည်း တပိုင်းတစ နာရတယ်။

ဘုရားအဖြစ်ကိုရပြီး ၄၉ ရက်ကြာနားနေပြီးတော့ တရားဦးဟောဖို့ဖြစ်စဉ်တွေ ကြားနာနေရတယ်။ နောက်ဆုံး မိဂဒါဝုန်ကို ခြေလျှင်ကြွသွားတယ်။

မနှစ်ကဘုရားဖူးရာသီမှာ ဘုရားဖူးသွားနေသူတယောက်က တင်ထားတာ တွေ့ပါတယ်။ ဗာရာဏသီပြည်ရဲ့ ဘုရားကို ပဉ်္စဝဂ္ဂိငါးဦးက တရားဦးဟောရန်ကြိုဆိုရာ မိဂါဒါဝဏ် တဲ့။

ဗုဒ္ဓဂယာ သံဝေဇနိယလေးဌာနကို ဘုရားဖူးသွားနိုင်တာ ကောင်းတယ်။ သတ်ပုံနဲ့ သဒ္ဒါ ပြင်စရာရှိတယ်။ သွားရင်းလာရင်း စာရေးတာ မှားတတ်တယ်။ ကျွန်တော်လည်း မှားလေ့ရှိတယ်။ ဆောရီး။ ပြင်ပေးသူရှိရင် ချက်ချင်းပြင်ပါတယ်။ ကျေးဇူး။

မိဂဒါဝုန်လို့ ရေးကြတာများတယ်။ ပဉ္စဝဂ္ဂီ ၅ ဦးလို့ရေးသင့်တယ်။ ဗာရာဏသီပြည်ရဲ့ဘုရားဆိုတာ အဓိပ္ပါယ်လွဲနေတယ်။ ဘုရားကို ပဉ္စဝဂ္ဂီငါးဦးက တရားဦးဟောရန်ကလည်း ကတ္တားနဲ့ ကံ လွဲနေတယ်။ တရားဦးဟောကြားမည့် မြတ်စွာဘုရားအား ပဉ္စဝဂ္ဂီငါးဦးတို့က ခရီးဦးကြိုဆိုကြသည့် ဗာရာဏသီပြည် မိဂဒါဝုန်လို့ ရေးသင့်တယ်။

အဲဒီနေရာကို Sarnath ဆာရ်နသ်လို့ခေါ်တယ်။ ဗာရာဏသီကနေ ၁ဝ ကီလိုမီတာ (၁၈ ယူဇနာ) ဝေးတယ်။ ဆာရ်နသ် မှာရှိတဲ့ သမင်တွေကို ဘေးမဲ့ပေးထားတဲ့တောထဲမှာ တရားဦးဟောကြားတော်မူပါတယ်။ ဗုဒ္ဓမြတ်စွာဟောတဲ့ တရားဦးကို ဓမ္မစက္ကပ္ပဝတ္တနသုတ္တ ဓမ္မစကြာသုတ်လို့ ခေါ်တယ်။

ဒေါက်တာတင့်ဆွေ
၂၈-၇-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး