The Emperor's New Clothes ဘုရင်ကြီး၏ ဝတ်ရုံတော်သစ်

ရင်းနှီးခင်မင်တဲ့ ရန်ကုန်မှာသီတင်းသုံးတဲ့ ဆရာတော်တပါးကတင်ထားတယ်။

ဝါဆိုလမှာ ကပ်လိုက်တဲ့သင်္ကန်းတွေ များပါတယ် ဒါပေမဲ့ သင်္ကန်းအတော်များများက ဝတ်လိုက်ရင် နေရောင်အောက်မှာ မတ်တပ်မရပ်ရဲဘူးဖြစ်နေတယ်။😁😁😁

ဆရာတော်က ဟိုဘုရင်ကြီးလိုမှ ဘုန်းမကြီးတာကိုး။

ဘယ်ဘုရင်ကြီးလည်း ရေးပြပါအုံး။

ဒိန်းမတ်ပုံပြင်ဖြစ်ပါတယ်။ Hans Christian Andersen ဟန့်စ်ခရစ်ယန်အင်ဒါဆင်ကရေးတာ။

ဘုရင်ကြီးမှာ ဝတ်ရုံတော်ချုပ်တဲ့ ဒီဇိုင်နာနှစ်ယောက်ရှိသတဲ့။ သူတို့က မှန်လှပါ အရှင်မင်းကြီး ဒီဝတ်ရုံတော်အသစ်ဟာ အင်မတန် ထူးခြားပါတယ်ဘုရား။ အရှင်မင်းကြီးဝတ်ဆင်ထားတာကို ဝန်ကြီးတွေ အမတ်ကြီးတွေ အရာရှိကြီးတွေက ကြည့်ကြတဲ့အခါ ဘုရင်ကြီးကို သစ္စာရှိသူတွေ မဟုတ်မှန်ရင် သူ့ရာထူးတာဝန်နဲ့ မသင့်လျှော်ရင် ဝတ်ရုံတော်ကို အဝတ်မပါ အတိုင်းသား မြင်ကြပါလိမ့်မယ်ဘုရားလို့ လျှောက်ကြသတဲ့။

အဲလိုလျှောက်တာကို ကြားကြရသူအားလုံးဟာ ဒီဝတ်ရုံသစ်ဟာ အင်ဗစ်ဇဘဲလ် မြင်နိုင်စွမ်းမရှိတဲ့ ဝတ်ရုံဆန်းလို့ မှတ်ယူလိုက်ကြပါသတဲ့။

တနေ့တော့ ဘုရင်မင်းမြတ်ဟာ အဲဒီဝတ်ရုံဆန်းကို ဝတ်ဆင်တော်မူပြီးသကာလ တိုင်းခန်းလှည့်တော်မူပါတယ်။ ကိုယ်လုံးတီးထွက်လာတဲ့ ဘုရင်ကြီးကို ဘယ်သူကမှ မြင်တဲ့အတိုင်း မပြောရဲ မလျှောက်ရဲကြပါဘူးတဲ့။

နောက်ဆုံးမှာတော့ ကလေးတယောက်က ဟာ့ ဘုရင်ကြီး ဘာမှလည်း ဝတ်မထားဘူးဆိုပြီး အော်ပါသတဲ့။

ဒီပုံပြင်တိုလေးကို ဘာသာစကားပေါင်း တရာကျော်ပြန်ဆိုထားပြီးပြီလို့ ဝီကီပီးယားကဆိုပါတယ်။ ၁၈၃၇ ခုနှစ်မှာ ရေသူမလေးပုံပြင်နဲ့အတူ ထုတ်ဝေခဲ့ပါတယ်။ မြန်မာမှုလည်း ပြုထားကြပုံရတယ်။

ပုံပြင်လေးကတော့ ဒါပါပဲဘုရား။

ဒေါက်တာတင့်ဆွေ
၂၆-၇-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး