မြန်မာစာလွှတ်တော်

အမတ်အဖြစ်ရွေးခံရဖူးတဲ့ကွန်တော် လွှတ်တော်မသိ။ လွှတ်တော်က မေးနည်း ဖြေနည်း မသိ။

အခုတက်နေရတဲ့လွှတ်တော်မှာတော့ အကုန်သိ။ မေးချင်သူတွေက မေးချင်တာကို နေ့ညမရွေးမေးလို့ရတယ်။ မေးနည်းစည်းကမ်းတော့ ဥက္ကဋ္ဌကထုတ်ထားတယ်။

အတိုက်အခံလည်းရှိတယ်။ အမည်ဝှက်နဲ့ လာတက်သူတွေလည်းရှိတယ်။ ၂၅% လည်းရှိတယ်။ ခဏခဏဘလော့ရတယ်။

သတ်ပုံမှားတဲ့ အမတ်က ၇၅% ကျော်ရှိတယ်။ အဲတာကို မြန်မာစာအာဏာပိုင်အဖွဲ့ဖြစ်ဖြစ် တီဗွီမြန်မာစာအစီအစဉ်ဖြစ်ဖြစ် လှမ်းမေးရင် ၁ဝ၂% မှန်တယ်ပြောမယ်။

ဖွဲ့စည်းပုံဆန္ဒခံယူပွဲလုပ်တဲ့သတင်းကို ၁၅-၁၁-၂ဝ၁ဝ နေ့ထုတ် မြန်မာ့အလင်းသတင်းစာထဲမှာ တောင်ငူမဲဆန္ဒနယ်မြေတွင် မဲပေးပိုင်ခွင့်ရှိသူပေါင်း ၇၄၆၄၆ ယောက်၊ ထောက်ခံမဲပေးသူပေါင်း ၇၁,၂၂၇ + ကြိုတင်မဲ ၄,၉၇၇ = ၇၆၂,ဝ၁၄၊ ရာနှုန်းအားဖြင့် ၁ဝ၂% ကနေ ထောက်ခံတယ်လို့ ပါခဲ့တယ်။

၂ဝ၂ဝ မှာလည်း အဲလိုပဲလာမယ်။ ပြင်ရဲတဲ့သူ ပြင်ရမှန်းသိတဲ့သူတွေမှာ အာဏာမရှိ။ အာဏာသည် ပညာကိုပါ စိုးမိုး၏။

ဒေါက်တာတင့်ဆွေ
၂၆-၇-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး