တပါး တခြား တရပ် တတွေ တခွန်း တချက် တဝ တယောက်

မြန်မာစာသတ်ပုံမှန်နဲ့သာထုတ်ဝေတဲ့စာအုပ်တွေကို ပုံရိုက်ပို့တာရတယ်။ ကျေးဇူး။

မူရာ မသန့်ရှင်းသည် တပါး
သနားကြနာခြင်း ကင်းသည် တခြား
စကား မမှန်သည် တရပ်
လှည့်ပတ်တတ်သည် တတွေ
တွေဝေမိုက်မဲသည် တချက်
အလိုရမ္မက်ကြီးသည် တဝ

ထုံးဟောင်းစံပျက်၍ မျက်ကွယ်ဆိုသော စကားတခွန်း နှစ်ခွန်း နှစ်ခွဆိုသော စကားတချက်
အမျက်ထွက်၍ ဆိုသော စကားတရပ်
နှစ်ထပ်ဆင့်ဆိုသော စကားတခြား

ပြည့်တန်ဆာမသို့ သွားတတ်သော သူလည်း တရပ်
အာတဗ္ဗနအတတ်ကို တတ်သောသူလည်း တထွေ
အရက်သောက်တတ်သူလည်း တယောက်

ဒေါက်တာတင့်ဆွေ
၂၈-၇-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး