Hemoptysis ချောင်းဆိုး သွေးပါ

မေးခွန်းတွေကို ကျော်ဖတ်နိုင်ပါတယ်။ အင်္ဂလိပ်စာလုံးတွေကိုလည်း ကျော်ဖတ်နိုင်ပါတယ်။ ဆောရီး။

၁။ ဆရာ တခုလောက်မေးချင်လို့ပါ သမီးအဖေ အိပ်နေရင်းနဲ့ ရုတ်တရက် လေထတက်ပါတယ် ဆရာ ဂေ့ဂေ့နဲ့ လေတက်နေရင်းနဲ့ ခဏနေတော့ ချောင်းဆိုးရာမှာ သွေးပါ ပါလာပါတယ် ဆရာ။

ဖြစ်တဲ့သူ အသက် မသိပါ။

၂။ မင်္ဂလာပါဆရာ သမီးချောင်းဆိုးတာသလိပ်ထဲသွေးစပါလို့ပါ။ ခုညမှစဆိုးတာပါ။ စစဆိုးဆိုးချင်းမှာပဲသွေးစပါလို့ပါ။ သွေးကအနီရဲရဲမဟူတ်ပါဘူး။ အဆုတ်ရောဂါလက္ခဏာတွေဖတ်ကြည့်တော့တခုမှမပါပါဘူး။ ကျေးဇူးပြုပြီး ဆရာအားတဲ့အခါ ဘာကြောင့်သွေးပါတယ်ဆိုတာဖြေပေးပါနော်။

မေးနည်းစည်းကမ်းပို့လိုက်တယ်။

မိန်းမပါ။ အသက်၂၄နှစ်။ အိမ်ထောင်သည်သားလေးတယောက်ရှိပါတယ်။ သားလေးကတနှစ်လေးလပါ။ ခုညမှချောင်းဆိုးလို့ ဘယ်ဆရာဝန်နဲ့မှ မပြရသေးပါဘူးဆရာ။

၃။ မင်္ဂလာပါဆရာ။ ကျွန်မအသက် ၂၃ ရှိပါပြီ ။ အိမ်ထောင်မရှိပါ။ လွန်ခဲ့တဲ့ ၂လက ချောင်းဆိုးသွေးပါဖြစ်လို့ ဆရာဝန်နဲ့ သွားပြပါတယ်။ ဓာတ်မှန် NAD နဲ့ သွေးစစ် TB negative ပါ။ ဆရာဝန်က အဆုတ်လေပြွန်ရောင်တာလို့ဟြေပါတယ်။ Cefixime နဲ့ Flemax ဆေး၂မျိုးကို ၅ရက်သောက်ခိုင်းပြီးတဲ့နောက် ပြန်ပျောက်သွားပါတယ်။ ဒါပေမဲ့ နောက် ၂ပတ် အကြာမှ ပြန်ဖြစ်ခဲ့ပြီး အဲ့ဆေး ၂မျိုးကိုပဲသောက်ရင်း ပြန်ပျောက်သွားပါတယ်။ အခုရက်ပိုင်းအတွင်း အအေးမိ  မီးခိုးမွှန်မိရင်း ချောင်းပြန်ဆိုးပြီး အသက်ရှုကြပ်သလိုဖြစ်ပါတယ်။ ပြီးတော့ ချောင်းဆိုးသွေးပါတာမျိုး ၂ကြိမ် ပြန်ဖြစ်ပါတယ်။ အဲ့ဒါကြောင့် ဆရာ့ဆီကို အားကိုးစွာနဲ့ စာရေးလိုက်တာပါ။ လက်ရှိဖြစ်နေတာတွေကတော့ ချောင်းဆိုး Clear Thick Mucus တခါတရံ အသက်ရှူကြပ် မှောက်အိပ်မိတဲ့အခါ ရင်ဘက်ကိုဖိထားမိတဲ့အခါမျိုးတွေမှာ တခါတလေ ချောင်းဆိုးပြီး သွေးအနီရောင်ပါ။ မဖြစ်ခင်တပတ်ကလည်း ချောင်းနာဖူးပါတယ်။ အခုမနာပါ။ ကျေးဇူးတင်ပါတယ်။

၎။ တခုလောက်မေးချင်လို့ပါရှင်။ သမီးအမေက လွန်ခဲ့တဲ့ဆယ်နှစ်က TB ရောဂါဖြစ်ပြီး အဲတုန်းက သွေးတွေအန်ပါတယ်။ နောက်တနှစ်တခါလောက် နည်းနည်းထပ်ပြီး သွေးလေးတွေပါတတ်တယ်။ ဆေးထိုးရင် ပျောက်သွးပြန်ရော။ ခုနောက်ပိုင်း သွေးပါရင် နည်းနည်းများရင် ဆေးရုံတောင်တက်ရတယ်ဆရာ။ တနှစ်တခါပါနေလို့ မနှစ်ကနဲ့ဒီနှစ်ဆို ဆေးရုံတက်ရတယ်။ ထပ်ပြီးဆေးတွေစစ်တော့လည်း အဆုတ်မှာ TB လက္ခဏာလည်းမဟုတ်ဘူး။ ဆေးသောက်ခဲ့တုန်းက ၆ လကို ရက်မှန်မှန် သောက်ခဲ့တယ်။ အမေကသွေးတိုးပြီး အစာမကျေလို့ ဖြစ်တဲ့အချိန်တိုင်း သွေးပါလာတယ်။ အဲဒါက တနှစ်တခါလို ဖြစ်နေတော့ ဘယ်လိုကုသနိုင်လို့ရလဲ ဆရာအကြံလေးပြုပေးပါရှင်။

ဖြစ်တဲ့သူ အသက် မသိ။ သွေးအန်တာနဲ့ ချောင်းဆိုးသွေးပါတာ မတူ။

အသက် ၅၄ ပါဆရာ။ ဖြစ်ရင်ချောင်းပါဆိုးလာတယ်ဆရာ။

၅။ ဆရာ မင်္ဂလာပါ တခုလောက်မေးချင်လို့ပါ အခုလေးတင်ပဲ သမီးက အိပ်နေရင်း ချောင်းထဆိုးတာ သွေးပါလာပါတယ်၊ ပထမတခါဆိုးတာ သွေးပါပြီး နောက်အခေါက်တွေမပါတော့ပါဘူး၊ သွေးကအနီရောင်လတ်ဆတ်ပါတယ်၊ ချောင်းဆိုးနေတာ ၄ ရက်လောက်ရှိပါပြီ၊ ပထမဆရာဝန်နဲ့ပြတာမပျောက်လို့၊နောက်တယောက်ပြောင်းပြပါတယ်၊ ၄ ရက်အတွင်းမှာ ၂ ရက်လောက်ဖျားလိုက်ပါသေးတယ် ခုတော့အဖျားမရှိတော့ပါ၊ စားနိုင်ဆော့နိုင်လန်းပါတယ်ဆရာ၊ ညပိုင်းဆို အစာမကြေပြီး အန်ရင်း ချောင်းဆိုးတတ်ပါတယ်၊ ဒီစာမပို့ခင်လွန်ခဲ့တဲ့တနာရီလောက်ကအန်တာပါ၊ ဘယ်နေရာမှနာတယ်မပြောပါ၊ အန်ပြီးအိပ်သွားတာပါပဲ၊ လောလောလတ်လတ်စားထားတဲ့အစာနဲ့သွေး 10ML လောက်ပါပါတယ်၊ ညနေက Cefixime 100 oral suspension 5ml နဲ့ ဆရာဝန်ပေးလိုက်တဲ့ဆေးအမှုန့်ရောတိုက်ပါတယ်၊ ကလေးအသက် ၄နှစ်ကျော်၊ မိန်းကလေးပါ၊ ဆေးစာအုပ်ကိုလည်း ဓာတ်ပုံရိုက်ပေးလိုက်ပါ့မယ်၊ တခါမှမမေးဘူးလို့စည်းကမ်းနဲ့မကိုက်မညီခဲ့လျှင် ခွင့်လွှတ်ပေးပါ၊ ဆရာကျန်းမာချမ်းသာပါစေ

ဖြစ်တဲ့သူ အသက်-ကျား-မ မရှင်းပါ။ သမီးဆိုတိုင်း ခေါင်းရှုတ်ရတယ်။ မေးတဲ့သူရဲ့ သမီးလား။

ချောင်းဆိုးသွေးပါဖြစ်စေတာတွေကများတယ်။ တီဘီကို အရင်ဆုံးစဉ်းစားတာ မမြှးပါ။

တီဘီရောဂါလက္ခဏာများ
၁။ ကိုယ်ပူ = 100 F (37.8 C) ကျော်လောက် ၁ဝ ရက်ကြာဖျားမယ်။
၂။ ချောင်းဆိုး = ချောင်းဆိုးနေတာ ၂-၃ ပါတ်ကြာနေနိုင်တယ်။
၃။ ချောင်းဆိုးသွေးပါ = သွေးအနီရောင် နည်းနည်းလေး သလိပ်ထဲရောပါမယ်။
၎။ ချမ်းမယ် = ကိုယ်ပူချိန်မှာဖြစ်ဖြစ် မပူပဲဖြစ်ဖြစ် သူများထက် ချမ်းနေမယ်။
၅။ ရင်ပတ်နာ = ချောင်းဆိုးရလို့ရော အဆုပ်မကောင်းလို့ပါ ရင်ပတ်နာမယ်။
၆။ ညချွေးထွက်ခြင်း = ကလေး-လူကြီးဖြစ်နိုင်တယ်။
၇။ အသက်ရှူတမျိုးဖြစ်ခြင်း = ခက်ခဲနိုင်တယ်။ မဝဖြစ်နိုင်တယ်။ ပင့်ရှူရနိုင်တယ်။
၈။ မောပန်းနေခြင်း = အလုပ်မပင်ပန်းဘဲ မောနေမယ်။ အားကုန်နေမယ်။
၉။ အစားပျက်ခြင်း = ဟင်းကောင်းလည်း မစားချင်ဖြစ်မယ်။
၁ဝ။ ကိုယ်အလေးချိန်ကျခြင်း = ပိန်လာမယ်။

အကြောင်းမျိုးစုံ
၁။ Infections ပိုးဝင်ခြင်းများ
• Acute and chronic bronchitis ရက်တိုနဲ့ တာရှည် လေပြွန်ရောင်ခြင်း၊
• Tuberculosis တီဘီ
• ဖန်းဂတ်းစ် ခေါ် မှိုပိုးဝင်ခြင်း
• Pneumonia နူမိုးနီးယား
• Lung abscess အဆုပ်ပြည်တည်ခြင်း၊
• Bronchiectasis အဆုပ်ရောဂါတမျိုး၊

၂။ Tumors အကျိတ်များ
• Bronchial cancer ဘရောင်ခီရယ်ကင်ဆာ
• Carcinoid ကာစီနွိုက်

၃။ Cardiovascular အဆုပ်သွေးကြောရောဂါများ
• Lung infarct or Pulmonary embolism အဆုပ်သွေးကြောပိတ်ခြင်း၊
• Mitral stenosis နှလုံးအဆို့ရှင်ကျဉ်ခြင်း

၎။ Trauma ထိခိုက်ဒဏ်ရာ

၅။ Other အခြားအကြောင်းများ
• Foreign body ပြင်ပပစ္စည်းဝင်ခြင်း
• Hemorrhagic diatesis ရောဂါ
• Goodpasture and other immunological disorders ရောဂါများ

ရင်ပတ်ဓါတ်မှန်ရိုက်ရမယ်။ ကရိယာထည့်စစ်တာ လိုတာရှိတတ်တယ်။ ၃၄% မှာ ဘာကြောင့် သွေးပါသလဲ ရှာမရပါ။ အကြောင်းရင်းကို ကုသရမယ်။ မြန်မာပြည်မှာတော့ အဆုပ်တီဘီကပေါတယ်။ တီဘီကို ဆေး ၆ လတိတိ စနစ်တကျသောက်ရင် တီဘီပိုးတွေသေပါမယ်။ တီဘီဒဏ်ကြောင့် အဆုပ်မှာ ထိခိုက်ခံထားရမယ်။ တချို့က ကောင်းသွားပြီး၊ တချို့မှာ အမာရွတ်သဘော ကျန်တယ်။ တခြားဗက်တီးရီးယား ဝင်တာလည်း ဖြစ်တတ်တယ်။ ပိုးသေဆေးသောက်ရင် ပျောက်မယ်။ ဆေးယဉ်တီဘီကိုလည်း စဉ်းစားရတယ်။

TB writing links တီဘီရောဂါစာများ
1. BCG vaccine တီဘီ ကာကွယ်ဆေး http://dts-medicaleducation.blogspot.in/2013/01/bcg-vaccine.html
2. Bone tuberculosis အရိုး တီဘီ http://doctortintswe.blogspot.com/2014/10/bone-tuberculosis.html
3. Infertility and TB (1) တီဘီ ဆေးနဲ့ ကလေးမရနိုင်သေးခြင်း (၁) 111http://doctortintswe.blogspot.com/2014/11/infertility-and-tb-1.html
4. Infertility and TB (2) တီဘီ ဆေးနဲ့ ကလေးမရနိုင်သေးခြင်း (၂) http://doctortintswe.blogspot.com/2014/10/infertility-and-tb-2.html
5. Intestinal Tuberculosis အူ (တီဘီ) http://dts-medicaleducation.blogspot.in/2013/01/intestinal-tuberculosis.html
6. MDR TB Q and A ဆေးယဉ်တဲ့တီဘီ အမေး-အဖြေ http://doctortintswe.blogspot.com/2015/05/mdr-tb-q-and.html
7. MDR-TB ဆေးယဉ်တဲ့ တီဘီ http://dts-medicaleducation.blogspot.in/2013/11/mdr-tb.html
8. More money needed to beat TB တီဘီရောဂါနှိမ်နင်းရန် ဒေါ်လာ ၅၆ ဘီလီယန်လိုအပ်
9. Pleural effusion အဆုတ်အိတ်ထဲ အရည်အောင်းခြင်း http://doctortintswe.blogspot.com/2016/12/pleural-effusion.html
10. Primary Complex ကလေးတီဘီ http://doctortintswe.blogspot.com/2016/11/primary-complex.html
11. TB (Tuberculosis) တီဘီ http://dts-medicaleducation.blogspot.in/2008/10/tuberculosis-tb.html
12. TB Medicines Side Effects (တီဘီ) ဆေးတွေ နဲ့ ဘေးထွက်-ဆိုးကျိုးတွေ http://dts-medicaleducation.blogspot.in/2012/04/side-effects-of-tb-medicines.html
13. TB No more in Medical Curriculum ဆရာဝန်တွေကို တီဘီ သင်မပေးကြတော့တာ စိုးရိမ်စရာ http://dts-medicaleducation.blogspot.com/2009/10/tb-no-more-in-medical-curriculum.html
14. TB Q and A (တီဘီ) အမေး-အဖြေ (၁) http://dts-medicaleducation.blogspot.in/2012/09/tb-q-and.html
15. TB Q and A (တီဘီ) အမေးအဖြေ (၂) http://dts-medicaleducation.blogspot.in/2014/01/tb-questions.html
16. TB Signs & Symptoms တီဘီရောဂါလက္ခဏာများ http://doctortintswe.blogspot.com/2016/12/tb-signs-symptoms.html
17. TB Signs & Symptoms တီဘီရောဂါလက္ခဏာများ http://doctortintswe.blogspot.com/2016/12/tb-signs-symptoms.html
18. TB Treat the root cause အခြေအမြစ်ကို မသတ်နိုင်သရွေ့ မပျောက်ပါ
19. TB အသစ်လား အဟောင်းလား http://dts-medicaleducation.blogspot.in/2012/05/tb.html
20. Tuberculin test (တီဘီ) အတွက် (ကြူဘာကူလင် တက်စ်)http://dts-medicaleducation.blogspot.in/2013/10/tuberculin-test.html
21. Hemoptysis ချောင်းဆိုး သွေးပါ https://doctortintswe.blogspot.com/2017/08/hemoptysis.html

ဒေါက်တာတင့်ဆွေ
၂၉-၇-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး