ဝါဆိုဦး ရှုခင်း

ရွှေကျီးကလေး မွေးစုတ်ဖွား
တံစက်မြိတ်မှာ တိတ်တိတ်နား
မိုးရေစိုလို့ ခိုတာလား။

ကားယားကားယား လိပ်ခြေတို
မိုးထဲလေထဲ မစိုရွှဲ
ခမောက်ဆောင်းလို့ တောင်စောင်းခို။

မိုးတွေညိုတော့ ငိုမဲ့မဲ့
မိုးတွေချုန်းတော့ ပြုံးတယ်တဲ့
ကောက်စိုက်မလေး မညိုနွဲ့။

လိုက်ခဲ့ပါလား မလေးရယ်
ဝါဆိုဦးမို့ ပန်းခူးမယ်
လှည်းယဉ်ကလေး စီးစို့ကွယ်။

ဥပုသ်သည်ကြီး ဒေါ်ရွှေတုတ်
ကိုယ်တလှုပ်လှုပ် လက်လှုပ်လှုပ်
ကြာပန်းတဆုပ် ဆွမ်းတအုပ်။

ဗုဒ္ဓအေးရိပ် ခိုရအောင်
ကိုရင်ကလေး ရွှေသွေးမောင်
ဝါဆိုဝါခေါင် ရွှေမိုးမှောင်။

ကြက်တောင်စည်းနဲ့ မဇီးကွက်
ကျောင်းဖွင့်ချိန်မို့ ကျောင်းကိုတက်
တုပ်တက် တုပ်တက် တုပ်တက်တက်။ (တင်မိုး)

မှတ်ချက် -
ဥပုသ်သည်ကြီး ဒေါ်ရွှေတုတ်၊ ကိုယ်တစ်လှုပ်လှုပ်၊ ကြာပန်းတစ်ဆုပ် ဆွမ်းတစ်အုပ် မဟုတ်ပါ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး