၂ဝ၂ဝ

ပြင်ဆင်နေကြပြီတဲ့။ မြန်မာပြည်မှာရော တခြားနိုင်ငံတွေမှာပါ။

၁၇-၅-၂ဝ၂ဝ နေ့မှာ ဒိုမီနီကန်သမတနိုင်ငံမှာ ရွေးကောက်ပွဲလုပ်မယ်။
၂၄-၇-၂ဝ၂ဝ ကနေ ၉-၈-၂ဝ၂ဝ အထိ ဂျပန်နိုင်ငံမှာ နွေရာသီအိုလံပစ်ပွဲ ကျင်းပမယ်။
၃-၁၁-၂ဝ၂ဝ နေ့ အမေရိကန်သမတရွေးကောက်ပွဲ ကျင်းပမယ်။

၂ဝ၂ဝ ခုနှစ်ထဲမှာ
အမေရိကန် နာဆာအဖွဲ့က အင်္ဂါဂြိုဟ်ကို မစ်ရှင်တခုစေလွှတ်မယ်။ လူသွားနိုင်ရေးအတွက် ပြင်ဆင်မှုဖြစ်မယ်။
အိန္ဒိယအစိုးရအစီရင်ခံစာတခုအရ မြို့ကြီးပေါင်း ၂၁ ခုရဲ့မြေအောက်ရေ ခမ်းခြောက်မယ်။
နာမည်ကြီး Starbucks စတားဘခ်ကော်ဖီက ပလပ်စတစ်ပိုက်တွေ တကမ္ဘာလုံးမှာ မသုံးတော့။

၂ဝ၂ဝ ရောက်ရင် မြန်မာပြည်မှာ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ပြည်ထောင်စုကို ဂြိုဟ်တုတခု လွှတ်နိုင်သင့်တယ်။ နှစ် ၅ဝ ကြာ အသုံးမတည့်တာတွေကိုလည်း အပြီးတိုင် စွန့်သင့်တယ်။

ဒေါက်တာတင့်ဆွေ
၂၇-၇-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး