ဧည့်သည် သံဝေဂ လင်္ကာ

တယောက်ပို့ပေးပါတယ်။ ကျေးဇူး။

ကျွန်တော့်အဖေ ကွယ်လွန်ချိန်က ယပ်တောင်တခု ဖြစ်တယ်။ တယောက် လာ။ တယောက် ပြန်။ ဧည့်သည်ပါတကား။

ပစ္စည်းသင်္ခါရ၊ လူသင်္ခါရ၊ မြန်မာစာသတ်ပုံသင်္ခါရ။

ကွန်မင့်နေရတာ။

ဧည့်သည်

လာတုန်းကလည်း
တယောက်တည်းနော်၊
လက်တွဲခေါ်ကာ၊ ဖော်မပါဘူး
ဥစ္စာချည်းနှီး၊ တကိုယ်တည်း။

ပြန်သွားတော့လည်း
တယောက်တည်းနော်၊
လက်တွဲခေါ်ကာ၊ ဖော်မပါဘူး၊
ဥစ္စာချည်းနှီး၊ တကိုယ်တည်း။

လာပြီးတော့ နား၊ မသွားသေးခင်၊
ချိန်လေးတွင်မှ၊ ဝန်းကျင် ယှက်နွယ်၊
နှောင်ကြိုး သွယ်ခဲ့။

ပြုံးရယ် မဲ့ငို၊ ချစ်မုန်း ပိုကြ
မလိုဒေါသ၊ လိုလောဘနှင့်
ဘဝရိပ်မြုံ၊ ကကြိုးစုံခဲ့
ကံကုန်မိုးချုပ်၊ လက်တွဲဖြုတ်ကာ
သုတ်သုတ်ဆောလျင်၊ ခရီးနှင်သည်
ဒို့လျင် ဧည့်သည်ချည်းပါတကား။

ငါသည်ပင်မှ
ခေါ်သူ မရှိ၊ ရောက်လာမိစဉ်
နှင်သူ မရှိ၊ ပြန်ဖို့ ရှိ၏။
ငါနေသည့် အိမ်၊ ငါ၏ အိမ် ဟု
ငါ့အိမ်မှာထား၊ ငါ့မယားနှင့်
ငါ့လင်သားနှင့်၊ ငါ့သားသမီး
ငါ့ပစ္စည်း ဟု၊ ယူသည့် စိတ်စွဲ
အမှတ် လွဲခဲ့။
အမှန်မှာမူ
ငါလာသောခါ၊ လက်ဗလာတည်း၊
ပြန်ရပါလျှင်၊ လက်ချည်းပင်တည်း၊
ငါ့တွင် ကိုယ်ပိုင် မရှိပါတကား။

လာသူလာလည်း၊ လာစမ်းပါစေ
မဆီးလေနှင့်၊
သွားသူသွားလည်း၊ သွားစမ်းပါစေ
မတားလေနှင့်၊
တို့တတွေမှာ၊ သဘာဝလျှင်
အမိရင်ဝယ်
ထွက်ဝင် ခိုနား၊ ခရီးသွားသည့်
ဧည့်သည်တွေချည်းပါတကား။

မင်းကွန်းဆရာတော်ဘုရားကြီး

ဒေါက်တာတင့်ဆွေ
၂၈-၇-၂ဝ၁၈

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး

Rape drugs အဓမ္မကျင့်ဘို့သုံးကြတဲ့ ဆေးတွေ