ကျွန်တော် အတော်ညံ့၏

စာမေးပွဲတွေ ဖြေဖြေသမျှ ဂုဏ်ထူးမရခဲ့။
ဒီအက်စ်အေ သွားဖြေတာ မပါ။
ရွေးကောက်ပွဲဝင်ပြိုင်တာ နိုင်ပေမဲ့ ရှုံးတယ်။
ပြည်ပထွက်ရတာ နှစ်နှစ်လောက်ပါလို့တွက်ခဲ့တယ်။
ပေါင်းကာစမှာ ယုံခဲ့ပြီး၊ နောက်ကျောဒဏ်ရာရမှ ဇာတိသိလာရတာ အနည်းဆုံးသုံးလေးယောက်။

ဂုဏ်ထူးမရပေမဲ့ ဆရာဝန်တော့ဖြစ်တယ်။
ဒီအက်စ်အေမရခဲ့တာ ကံကောင်းမှန်း မကြာခင်သိလာတယ်။
ရွေးကောက်ပွဲရလဒ် နှစ်အစိတ်ကြာတော့ အသက်ဝင်လာတယ်။
ဓါးပြီးတာမဟုတ်ပေမဲ့ အသက်မသေခဲ့။
၂၈ နှစ်ကြာတော့ ပြည်တွင်းပြန်ဝင်နိုင်ပြီ။

ကျွန်တော်သည် ဓါးကိုမမြင်၊ ကံကိုမမြင်၊ လှံထမ်းလာတာသာမြင်တဲ့သူဖြစ်၏။

ဒေါက်တာတင့်ဆွေ
၂၃-၇-၂ဝ၁၈

Comments

Popular posts from this blog

Menoral ဟော်မုန်းဆေးတမျိုး

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

ပုတ် နှင့် ပုပ်