တထပ်ကျော့ ပုလဲသွယ်

သထုံမြို့ ပုဗ္ဗာရုံစာသင်တိုက်

သတင်းစုံ ထုံပျံ့လို့ ဘုံမဆံ့တက်ဝေ
ထုံရနံ့ မက်မပြေအောင် ကျက်သရေဆောင်နှင်း
မြို့တကာ့မြို့တခွင် မြို့ဘုရင် ထူးတဲ့မြို့မင်း
ပုဗ္ဗေစက် ပဏ္ဍိတေ ဥာဏ်ရှိတွေ ထိန်လင်း
ဗ္ဗာတလူ ပျောက်ကင်းလို့ တောက်အဆင်း ရောင်ဝါ
ရုံတရုံ ပါကဋပါပေါ့ သာသနာ့ထွန်းလို့ဖန်လာ
စာသုတ္တန် ဝိနယာဝယ် ဘိဓမ္မာ သွင်မူမချို့တာမို့
သင်ယူစို့ များထွေထွေ ပျားသို့အုံနေ
တိုက်တော်မြတ် ဂုဏ်မဟေငယ် ထုံသရေတင့်ကြောင်းပလေး။

တစ်ထပ်ကျော့ ပုလဲသွယ် မဟုတ်။
မြို့တစ်ကာ့မြို့တစ်ခွင် မဟုတ်။
ဗ္ဗာတစ်လူ မဟုတ်။
အောက်မှာလည်း စကားတရပ်လို့သာရေးပါတယ်။ စကားတစ်ရပ် မဟုတ်ပါ။

ဒေါက်တာတင့်ဆွေ
၂၃-၇-၂ဝ၁၈

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး