Viagra in pregnancy ဗိုင်ယာဂရာစမ်းသပ်မှု ရပ်လိုက်ပြီ

(ကန်တော့ပါ)

Viagra ဗိုင်ယာဂရာဆိုတာ ယောက်ျားတွေ ပန်းသေပန်းညှိုးအတွက်ပေးတဲ့ အလွန်ထိရောက်တဲ့ဆေးဖြစ်ပါတယ်။ ကနေ့သတင်းပအရ ဒတ်ခ်ျနိုင်ငံမှာလုပ်နေတဲ့ စမ်းသပ်မှုကို ရပ်လိုက်ပြီလို့ဆိုပါတယ်။ ကိုယ်ဝန်ဆောင်ကို အဲဒီဆေးပေးတော့ ကလေးဆုံးသွားတယ်။

ဒီစမ်းသပ်မှုဟာ ပန်းသေပန်ညှိုးနဲ့မဆိုင်၊ လိင်စိတ်နဲ့လည်း မဆိုင်ပါ။ အချင်းအားနည်းနေတဲ့ ကိုယ်ဝန်ဆောင်မှာ ကလေးဖွံ့ဖြိုးမှုပိုကောင်းသလား လေ့လာတာသာဖြစ်တယ်။

ဒီလေ့လာမှုမှာ အမျိုးသမီး ၉၃ ယောက်ကို အဲဒီ Sildenafil ဆေးပေးတယ်။ ကလေး ၂ဝ မှာ အဆုတ်အားနည်းတာနဲ့ မွေးလာတယ်။ ၁၁ ယောက်ဆုံးသွားတယ်။ တခြား ကိုယ်ဝန်ဆောင် ၉ဝ ကိုတော့ အဲတာမဟုတ်တဲ့ဆေး ပေးတယ်။ ကလေး ၃ ယောက်မှာသာ အဆုတ်အားနည်းတဲ့ကလေးပါတယ်။

အမျိုးသမီးသုံး ဗိုင်ယာဂရာတွေတော့ ဆက်စမ်းသပ်နေတာရှိတယ်။ ယောက်ျားသုံးဆေးနဲ့ မတူပါ။ Flibanserin လို့ ခေါ်တယ်။

ဒေါက်တာတင့်ဆွေ


၂၅-၇-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး