Lawrence of Arabia မုဆိုးဘို ထီးရိုး

ဆေးကျောင်းအတူတက်တဲ့သူငယ်ချင်းတယောက်က တင်ထားတယ်။

https://teacircleoxford.com/2018/07/26/keiji-suzuki-the-japanese-laurence-of-arabia-who-helped-end-british-rule-in-myanmar/

ကေဂျီဆူဇူကီ ဂျပန် လော့ရင့်စ် အော့ဖ် အာရေဗီးယားအကြောင်းတဲ့။

လော့ရင့်စ် အော့ဖ် အာရေဗီးယားရုပ်ရှင်ကို နှစ်ခါသုံးခါကြည့်ဖူးတယ်။ ရုပ်ရှင်ပါဇာတ်ကွတ်ကိုလည်း အသုံးချတယ်။ ကျွန်တော်ငယ်စဉ်က ရေချိုးရမှာပျင်းတဲ့အချိန်တွေရှိခဲ့တယ်။ ဒီရေချိုးလို့ မသေးနိုင်ပါဘူးကွာလို့ ကိုယ့်ကိုယ်ကို အားမွေးရတယ်။ ကြီးလာတော့လည်း ရာသီဥတုကအေးနေအချိန်မှာ ရေချိုးရတဲ့အခါ သတ္တိတမျိုးမွေးရတယ်။ လောရင့်စ် အော့ဖ် အာရေးဗီးယားရုပ်ရှင်ထဲက ဇာတ်ဝင်ခန်းတခုကို ပြန်အမှတ်ရလိုက်ပြီး၊ သဲကန္တာရထဲမှာ ကိုယ်တိုင် ရောက်နေသသလို အောက်မေ့ပြီးသကာလ ရေလောင်းချလိုက်ပါတယ်။

သူငယ်ချင်းက လင့်နဲ့တူ တဘောင်စာသားကိုပါ ရေးထားသေးတာ။ အင်းကို ဟင်္သာဆင်းမည် ဟင်္သာကို မုဆိုးပစ်မည် မုဆိုးကိုထီးရိုးရိုက်မည် ထီးရိုးကိုမိုးကြိုးခမည်တဲ့။

အဲတာဖတ်တော့ မာမာအေးဆိုခဲ့တဲ့ မန်းရာပြည့်သီချင်းကို အမှတ်ရပြန်ရော။ သီချင်းထဲမှာ စာသားအတိအကျတော့ မဟုတ် မုဆိုးဘိုထီးရိုး ကျိုးရပါသတဲ့။ မုဆိုးဘိုဆိုတာ အလောင်းမင်းတရားကြီး ခေါ် ရွှေဘိုနယ် မုဆိုးဖိုရွာသား ဦးအောင်ဇေယျ။ သူတည်ထောင်ခဲ့တဲ့ တတိယမြန်မာနိုင်ငံဟာ ကုန်ဘောင်မင်းဆက်မှာ အဆုံးသတ်သွားခဲ့ရတယ်။

မာမာအေး - မန်းရာပြည့် https://my.pcloud.com/publink/show?code=kZ3MCMZx8bXbhXX907a7aiuHY1yhhPtj22k#page=login

ဒေါက်တာတင့်ဆွေ
၂၇-၇-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး