တာ နှင့် ဒါ ရက် နှင့် ရပ်

မင်္ဂလာပါဆရာ သမီးအသက်က 28 နှစ်ပါ ပထမကိုယ်ဝန်ဆောင်ဒါ နှစ်လနဲ့ပျက်ကျပါတယ်ဆရာ သားအိမ်ချစ်ပြီး ခြောက်လ နားပြီးပြန် ကိုယ်ဝန်ယူဒါလည်း နှစ်လ နဲ့ သွေးဆင်းလို့ Uldersound ရိုက်တာ သားအိပ်ပဲရှိပြီး သန္ဓေသား မရှိဘူးတဲ့ဆရာ နောက်နှစ်ပတ် စောင့်ခိုင်းတယ် သမီး အခု သွေးဆင်းဒါလည်း မရက်သေးဘူး ဘယ်လို လုပ်ရမလည်းဆရာ

Miscarriage Prevention ကိုယ်ဝန်မပျက်အောင် https://doctortintswe.blogspot.com/2014/12/miscarriage-prevention.html

လင့်တော့ပို့ပြီးပြီး သတ်ပုံပြင်ပါရစေ။

ကိုယ်ဝန်ဆောင်တာလို့ ရေးရတယ်။
သားအိမ်ခြစ်ပြီးလို့ ရေးရတယ်။
ကိုယ်ဝန်ယူတာလို့ ရေးရတယ်။
သွေးဆင်းတာလို့ ရေးရတယ်။
မရပ်သေးဘူးလို့ ရေးရတယ်။

ဒါ
ဒါကုစီ (ပသီမင်းအမတ်အမည်)
ဒါနပြုသည်
ဒါယကာ
ဒါယိကာမ
ဒါသ (ကာလီဒါသ)
ဒါနောရက္ခိုက်
မပဋာ ကိုဒါသ

တာ
ကိုက်တာ (အတိုင်းအတာ)
ညှာညှာတာတာ
တတာ နှစ်တာ (ခုနစ်တောင် = တတာ)
တာပတ်ကွင်း
တာလမ်း
တာဝတိင်္သာ = နတ် ၃၃ ပါးတို့၏နေရာ
တာဝန်ဝတ္တရား
တာတေလံ
တီတီတာတာ
နီတာတာ
ဖြစ်နေတာ
မြူတာအိုး
သင်္ကြန်အတာ (သင်္ကြာန်အတာ)
သွားတာ လာတာ
သူ့တာ ကိုယ့်တာ
အတာကူးပြောင်း
ချွေတာရေး
ရေကာတာ

ရပ်
စရပ်တန်ဆောင်း
မရပ်မနား
ရပ်ခံသည်
ရပ်စဲသည်
ရပ်ဆိုင်းသည်
ရပ်တည်သည်
ရပ်တန့်သည်
ရပ်ထားသည်ဒရပ်ဆွေရပ်မျိုး
ရပ်နားသည်
ရပ်ပြစ်ရှစ်ပါး
ရပ်ဝန်း
ရပ်သစ်ရွာ
ရပ်သိမ်းသည်
ရပ်နေသည်
တောင်အရပ် မြောက်အရပ်
နေရပ်

ရက်
ဇရက်ငှက်
ထရံရက်သည်
မစားရက် မသောက်ရက်
ရက္ခိုက်
ရက်ကန်းစင်
ရက်ကန်းရက်
ရက်ကန်းရှယ်
ရက်ချိန်းပေးသည်
ရက်ချုပ်
ရက်စုံသတ်သည်
ရက်စက်သည်
ရက်တက်ရည်
ရက်မ
ရက်ခြာဖျား
ရက်ရာဇာ
ရက်လည်ဆွမ်း
ရက်သတ်
ရက်ဖောက်တန်း
ရက်ဖောက်ယောက်
ရက်ရောသည်
သရက်ချဉ်
သရက်မြို့
သရက်သီး

ဒေါက်တာတင့်ဆွေ
၂၆-၇-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး