ရှင်ဥတ္တမကျော်

မြတ်စွာဘုရား ရွှေပြည်တော်ဝင်စဉ် လောကဓာတ်လုံး ပူဇော်ဟန် တောလားရတု ကိုးပိုဒ်မှ ပဌမပိုဒ် ကောက်နှုတ်ချက်

စက်ဆယ့်နှစ်လီ၊ ဒွဒသီတွင်၊ သုံးလီဥတု၊ လက်ဝဲလုသား၊ ရတုသာစွ၊ လမဏ္ဍလင်၊ သဘင်ဂိမှာန်၊ တာသင်္ကြန်ဟု၊ လေပြန်လွင့်ကူ၊ ဘုံသစ်ထူသော်၊ ပုဏ္ဏဂူနတ်၊ ဖလ်ရဟတ်လည်း၊ သဟဿရောင်၊ ခြည်တထောင်ဖြင့်၊ ပြောင်ပြောင်ဝင်းထိန်၊ အာဏာရှိန်က၊ ပြင်းရှိန်နန္တ၊ ဘုန်းစွမ်းပြက၊ လေခမြေသက်၊ ဈာန်ဝိတက်သို့၊ သစ်ရွက်ရော်ရီ၊ ဣန္ဒနီဝယ်၊ သိင်္ဂီတဝက်၊ ဖက်၍ဆေးစုံ၊ ချယ်သောပုံသို့၊ ရဂုံမြိုင်တွင်း၊ တောလုံးလင်းသား၊ သီးကင်းနုစ၊ တချို့ကလည်း၊ သြဇရသာ၊ နတ်သုဓာသို့၊ ချိုစွာသင်္ဘော၊ ငှက်ပျောသခွါး၊ သဖန်းခါးနှင့်၊ သျှစ်သျှားသမ္ဘရာ၊ သြဇာသရက်၊ ဖက်သက်တရော်၊ မြတ်ရှင်တော်ကို၊ ပူဇော်အံ့ငှာ၊ သိကြရှာ၏။့

မှတ်ချက် -
ခြည်တစ်ထောင်ဖြင့် မဟုတ်ပါ။
သိင်္ဂီတစ်ဝက် မဟုတ်ပါ။
တစ်ချို့ကလည်း မဟုတ်ပါ။

ဒေါက်တာတင့်ဆွေ
၂၆-၇-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး