Medicated Stick ကျဉ်းဆေးဆိုတာ

(ကန်တော့ပါ)

ဆရာ မင်္ဂလာပါရှင့်သမီးဒီဆေးလေး medicate stick မိန်းမကိုယ်ကျဉ်းဆေးအကြောင်းမေးချင်လို့ပါဆရာ သူကတော့ online မှာအတော်များများရောင်းချနေပါတယ် USA made လို့ပြောပါတယ် ဈေးနှုန်းကတော့ ၁၅၀၀၀ ပါ
သမီးသိချင်တာက သူကမိန်းမကိုယ် တကယ်ကျဉ်းစေလား မိန်းမကိုယ်ကိုကျဉ်းအောင်ဆေးဖြင့်ပြုလုပ်နိုင်ပါသလား side effects တွေဖြစ်နိုင်သလား ဆိုတာပါဆရာ ကျန်းမာချမ်းသာပါစေဆရာ ကျေးဇူးတင်ပါတယ်။ ဆေးရဲ့ ဆိုးကျိုး ကောင်းကျိုးသိချင်ပါတယ်။ (ကျင်း ၃ လုံးကို ပြင်လိုက်တယ်။)

မေးတဲ့သူ အသက် မသိ။ ရာသီ မသိ။ အိမ်ထောင်ရေး မသိ။ အတူနေ မသိ။ ကိုယ်ဝန် မသိ။ ကလေး မသိ။ ဘာဖြစ်နေ မသိ။ မေးတာက ကြော်ငြာဆေးမှန်းတော့ အတိအကျသိ။

အိမ်ထောင်ရှင်မများအတွက် ဘေးထွက်ဆိုးကျိုးကင်းတဲ့ မိန်းမကိုယ်ကျဉ်းဆေး အိမ်ထောင်ရှင်အမျိုးသမီးများ တကြိမ်သာစမ်းသုံးကြည့်ယုံနဲ့ အပျိုလေးလိုဖြစ်သွားမယ်ဆိုတာ အာမခံနဲ့ရောင်းချပေးတဲ့ Medicated Stick ဆေးတောင့်လေးပါ။ မိန်းမကိုယ်နံရံ ကြွက်သားများ တင်းကြပ် သန်မာလာစေပြီး မိမိ အိမ်ထောင်ဖက်နဲ့အတူ ဘဝသစ်ပြန်စရသလိုခံစားရစေမှာပါ။... See More

အရင်လည်း မေးလို့ရေးထားရတယ်။ သူများစီးပွါးရေး ထိခိုက်စေမှာမို့ ခဏခဏမတင်လိုပါ။ အိုဂျီတွေက မညွှန်ပါ။ ဆေးသုတေသနမရှိပါ။ အဲတာမျိုးတိုင်းကို ကြော်ငြာဆေးလို့ ခေါ်ပါတယ်။

1. ဆရာ အဲ့လိုပစ္စည်းတွေက သုံးသင့်လို့လားဟင်။ ကျန်းမာရေးအတွက် မထိခိုက်ဘူးလား။
2. ဆရာ ကျွန်မ အိမ်ထောင်သက် ၂နှစ်နီးပါးရှိပါပြီ။ ကျွန်မ သူငယ်ချင်းကဆေးရောင်းပါတယ်။ မိန်းမအင်္ဂါ ကျဉ်းမြောင်းစေတယ်လို့ပြောပါတယ်ရှင့်။ ဝယ်သောက်သင့်လားလဲသိချင်ပါတယ်။ ကလေးမရနိုင်တာတွေများ ဖြစ်သွားမလားလို့လဲစိုးရိမ်မိပါတယ် ဆေးမသောက်ပဲရော မိန်းမအင်္ဂါကျည်းမြောင်းအောင်လုပ်တဲ့နည်းရှိလားလဲ သိချင်ပါနေတယ်ရှင်။ ကျေးဇူးတင်ပါတယ်ဆရာ ပြန်ဖြေပေးပါရှင်။
3. ဆရာ ကျွန်မ အသက် ၄၂ နှစ်ပါ ကလေး၂ ယောက်ရှိပါတယ်။ ကျွန်မ အဲဒီဆေး သောက်သင့်ပါသလား ပြောပေးပါနော်။
4. ဆရာ သမီးအသက်က ၂၆ ပါ။ အိမ်ထောင်ကျတာ ၆ နှစ်ရှိပါပြီ။ ကလေးယူချင်ပါတယ်။ သမီး သားအိမ် အားနည်းတယ်လို့ ပြောတယ်ဆရာ။ သမီးဘာဆေးသောက်ရမလဲဆရာ။ ကိုယ်ဝန်ရအောင် ဘာဆေးစားရမလဲဆရာ။
5. ဆရာရှင့် ကျွန်မအသက် ၂၄ နှစ်ပါ။့ နေတာ တနှစ်နီးပါးလောက်ရှိပါဘူး။ ခုနောက်ပိုင်း ပိုစိုးလာပါတယ်။ ဘယ်လို ကုသရင် ပျောက်နိုင်ပါသလဲ။ ဘယ်လိုနေရင် ပိုစိုးလာနိုင်ပါသလဲ ဖြေပေးပါရှင့်။
6. ဆရာရှင့် success more ကထုတ်တဲ့ဆေးတွေအကြောင်း သိချင်ပါတယ်။ ရာသီမမှန်ပါဘူး။ အပျိုဖော်ဝင် ကတည်းကပါ။ တခါတလေ နှစ်လမှတခါ သုံးလမှတခါ လာပါတယ်။ ကွှန်မအသက်က ၃၅ ပါ။ ဒီဆေးကို စမ်းသောက်ကြည့်ချင်ပါတယ်။ ကျေးဇူးပြု၍အကြုံပြုပေးပါရှင့်။ ကျေးဇူးတင်ပါတယ်။ ဖြစ်နိုင်ရင်ဖြေပေပါရှင်။
7. ဆရာရှင့် ခုခေတ်စားနေတဲ့ ဖီလီမော်ဆေးက ကောင်းမကောင်းသိချင်ပါတယ်ရှင်။ ဆေးဝါထောက်ခံချက် FDA ရပြီးသားပါရှင့်။ အမျိုးသမီးတွေတွက် ကောင်းတယ်ဆိုလို့ ကိုယ်တိုင်လည်သောက်သုံးနေလို့ ရှင်းပြပေပါရှင့်။
8. ဆရာရှင့် သမီးတခုလောက်မေးချင်လို့ပါ မေးခွင့်ပြုပါဆရာ။ Online မှာကြော်ငြာထားတဲ့ ဖလီမောလ် ၊ ကာဗာမောလ် ဆေးအကြောင်းလေးပါဆရာ။ အဲ့ဆေးတွေသောက်ရင် ကလေးရဖို့လွယ်ကူတယ်လို့ ကြားဖူးလို့ပါ။ သောက်သင့် မသောက်သင့် သမီးကိုညွှန်ပြပေးပါဆရာ။ ဝယ်သောက်ဖို့ဆိုတာလဲ မယုံရဲလို့ပါဆရာ။ သမီးကိုဖြေပေးပါနော်။ ဆရာ့ကို အားကိုးယုံကြည်လို့မေးလိုက်မိတာပါဆရာ။
9. ဆရာရှင့် အခု online မှာ အိမ်ထောင်သည်တွေကြားနာမည်ကြီးနေတဲ့ Medicated stick ဆိုတဲ့ မိန်းမကိုယ် ကျဉ်းဆေး သုံးရင် ဘေးထွက်ဆိုးကျိုးတွေရှိလား သိချင်လို့ပါရှင့်။
10. ဆရာသမီးသူငယ်ချင်းက Fillymor ဆေးအကြောင်းလေးသိပါရစေ။ သမီးက ဆရာရေးထားတဲ့ပို့ကို ဖတ်ဖူးပါတယ်။ သူသိအောင်ပြောချင်လို့။
11. ဆရာရေ တခုလောက်မေးချင်လို့ပါ။ ရင်သွေးရလိုသူများအတွက်ဆိုပြီးညွှန်းတဲ့ Fillymor (အမျိုးသား)၊ Covermor (အမျိုးသမီး) အဲဒီဆေးတွေက သောက်သုံးလို့ရပါလားရှင့်။ သောက်ရင် အခြားဘေးထွက် ဆိုးကျိုးတွေရော ရနိုင်ပါလားရှင်။
12. ဆရာရေ မင်္ဂလာပါ Online က ကြော်ငြာတဲ့ဆေးတွေက စိတ်ချရပါသလားရှင်။ သမီးရဲ့ သူငယ်ချင်းက သားအိမ် ပြန်ကျဉ်းတဲ့ဆေး Fillymor ကိုသောက်ချင်လို့ပါတဲ့။ ဘေးထွက်ဆိုးကျိုးတွေရော ရှိနိုင်ပါသလား ဆရာ။
13. ဒီဆေးက မိန်းကလေးတွေတကယ်သောက်သင့်တဲ့ဆေး ဟုတ်ပါသလားရှင့်။ Side effect ရှိမရှိ သိချင်လို့ပါ။
14. ဒီကြော်ငြာထဲကဆေးက သောက်လို့ရပါသလားရှင်။ သမီးက ကလေးအရမ်းလိုချင်တော့ ကလေးရဖို့ အမျိုးသားရော အမျိုးသမီးရော ဘာဆေးတွေသောက်ဖို့လိုဘဲရှင်။ သမီးက ၂၁ နှစ် အမျိုးသားက၂၅ ပါ။ သမီး ၁၈ နှစ်တုန်းက သားအိမ် ခြစ်ဖူးပါတယ်။့။့။
15. မင်္ဂလာပါဆရာ။ ခု ဖောလစ်အက်စစ်၊ မတ်ဖော်မင်၊ သားအိမ်အားဆေး တနေ့တလုံး ကျွေးပါတယ်။
16. မင်္ဂလာပါဆရာ။ သမီး မေးချင်တာလေးရှိလို့ပါ။ အယ့်ဆေးက အွန်လိုင်းမှာ ကြော်ငြာတာတွေ့လို့ပါ။ သမီးက မိန်းမကိုယ်အတွင်း ဘယ်ဘက်တခြမ်းက တပတ်ကို တခါနှစ်ခါ ယားတယ်ဆရာ။ ကန်တော့ဆရာ အရင်တုန်းက အဖုလေးတွေ ပေါက်တယ်ဆရာ။ အခုတာ့သက်သာတယ်။ အခုက ယားတာမပျောက်ဘူးဆရာ။ အခုပြထားတဲ့ ဆေးကို ဆရာဝန် ညွှန်ကြားချက်မပါဘဲ သောက်လို့ရပါ့မလားဆရာ။ သမီးအခုလက်ရှိဖြစ်နေတာနဲ့ ရော သက်ဆိုင်ပါသလားဆရာ။
17. အခုခေတ်စားနေတဲ့ FillyMor ဆိုတဲ့ဆေးလေးအကြောင်း ဆရာ့ထင်မြင်ချက်လေး သိချင်လို့ပါရှင့်။ အဲ့ဒီ fillymor က မိန်းကလေး သားအိမ်ကိုအားပြုပေးတယ်၊ ကလေးရအောင်လဲ စွမ်းဆောင်နိုင်တယ်၊ မိန်းကလေးဟော်မုန်းကိုလဲ ထိန်းညှိပေးတယ်ဆိုပြီး နံမည်ကြီးနေလို့လေ။ ထိုင်းက ပါရဂူ ဆရာဝန်ကြီးကိုယ်တိုင်ထုပ်လုပ်ပြီး မြန်မာနိုင်ငံ တရားဝင် ရောင်းချခွင့် လုပ်ငန်းလိုင်စင်လဲ ရှိထာတယ်လို့တော့ ပြောတယ်ဆရာ။ ဒါပေမယ့် အဲ့ဒီဆေးရဲ့ အာနိသင်ကို ဆရာ့ ထင်မြင်ချက်လေး သိချင်လို့ပါရှင့်။ ကျေးဇူးတင်ပါတယ်ဆရာ။

မှတ်ထားနိုင်သလောက် မေးခွန်းနဲ့ နေ့စွဲတွေသာဖြစ်ပါတယ်။ သုံးခဲ့သူတွေဆီက အဆင်မပြေတာ မထူးခြားတာတွေ ရှိတယ်လို့ ပြောလာတာတွေလည်းရှိတယ်။ မှတ်ထားချိန်မရလို့ပါ။ ဆောရီး။

ကြော်ငြာတွေထဲက မိန်းကလေးတွေဟာ ဆေးမထုတ်ခင်ကတည်းက လှနေတာဖြစ်ပါတယ်။ ဆေးအကြောင်းလဲ သိကြသူတွေမဟုတ်ပါ။ ဘယ်မှာဝယ်ရမလဲ မမေးပါနဲ့။ သူများစီးပွါးရေးကိုတော့ ထိခိုက်စေချင်တာမဟုတ်ပါ။ အဲတာလည်း ပူစရာတော့ မဟုတ်ပါ။ ဆရာဝန်ပြောတာထက် ကြော်ငြာကိုသာ နာခံသူတွေက အလွန်များပါတယ်။ ရောင်းရမှာပါ။

တကမ္ဘာလုံးမှာ ဆေးနဲ့ပိုက်ဆံလုပ်တဲ့စက် အမျိုးမျိုးရှိတယ်။ အခုဟာက တခုသာဖြစ်တယ်။ အညာမခံကြစေချင်ပါ။

ကွန်မင့်မှာ မဖွယ်မရာရေးလာရင် ဖျက်ပါမယ်။ ဘလော့သင့်ရင် ဘလော့မယ်။

ဒေါက်တာတင့်ဆွေ
၁၄-၄-၂ဝ၁၅
၂ဝ-၅-၂ဝ၁၅
၂၃-၅-၂ဝ၁၅
၂-၆-၂ဝ၁၅
၁၆-၆-၂ဝ၁၅
၂၅-၆-၂ဝ၁၅
၂၇-၆-၂ဝ၁၆
၃-၇-၂ဝ၁၅
၂၁-၇-၂ဝ၁၅
၂၁-၇-၂ဝ၁၅
၁၆-၉-၂ဝ၁၅
၁-၁၂-၂ဝ၁၅
၁-၁-၂ဝ၁၆
၁၃-၅-၂ဝ၁၆
၂၇-၆-၂ဝ၁၆
၁၅-၇-၂ဝ၁၆
၁၉-၈-၂ဝ၁၆
၁၂-၁ဝ-၂ဝ၁၆
၁၉-၁ဝ-၂ဝ၁၆
၃-၃-၂ဝ၁၈
၂၆-၇-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး