တမောင်း

ယခု တနာရီ နှစ်နာရီခေါ်သကဲ့သို့ ရှေးအခေါ် တမောင်း၊ ယခု ၂၄ မိနစ်အချိန်နှင့် ညီမျှသည်။ ရှေးက ရေနာရီကိုသုံးသည်။ ရေနာရီမှာ ရွှေငွေကြေးစသော သတ္တုတမျိုးမျိုးဖြင့်လုပ်၍ အသက် ၁၄ နှစ်အရွယ်ရှိ မိန်းကလေးဆံပင် ၁၆ ပင်ပမာဏ အပေါက်တခု ဖေါက်ပြီးလျှင် ၎င်းကို ရေအင်တုံထဲ၌ထားသဖြင့် ရေတဖြည်းဖြည်း စိမ့်ဝင်၍ ဖလားနစ်မြုပ်သောအခါ ငွေမောင်းကြီး တကြိမ်တီးရသည်။ ၎င်းကိုစွဲ၍ တမောင်း။

တစ်မောင်း မဟုတ်။
တစ်နာရီ မဟုတ်။
သတ္တုတစ်မျိုးမျိုးဖြင့် မဟုတ်။
အပေါက်တစ်ခု မဟုတ်။
ရေတစ်ဖြည်းဖြည်း မဟုတ်။
တစ်ကြိမ်တီးရသည် မဟုတ်။

ဒေါက်တာတင့်ဆွေ
၂၆-၇-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး