ဧည့်သည်ကြီး
တင်မိုး ပို့စ်အောက်မှာ ကွန်မင့်တခုက ဆေးလိပ်လည်းတို နေလည်းညို ငါ့ကိုပြန်ပို့ကြပါတော့ ဆိုတဲ့ကဗျာလေးကို သတိရတယ်ဆရာ တောင်ငူမှာ ၁၉၉၅ လောက်က ဟောသွားဖူးတယ်တဲ့။
ကဗျာစာသား နည်းနည်း မှားနေတယ်။ ပို့စ်တင်လိုက်မယ်။
ဧည့်သည်ကြီး
ဆေးလိပ်လည်းတို
နေလည်းညိုပြီ
ငါ့ကိုပြန်ပို့ကြပါလေ။
့ တဖန် ကဗျာတွင်ပါသည့် စာတလုံးသည် ဖတ်သူအား မဆုံးသောအတွေးကို ပေးစေသည်ဟု အဆိုရှိသည်။ ကဗျာလေးတကြောင်းနှစ်ကြောင်းကလည်း လူ့ဘဝကို ကုန်စင်အောင် ထင်ဟပ်ပြသွားတတ်ပေသည်။ တင်မိုး၏ ဧည့်သည်ကြီးကဗျာလေးသည် စာကြောင်းရေသုံးကြောင်းဖြင့် ရေးသားဖော်ပြထားသော်ငြားလည်း ကဗျာတွင်ပါသော လောကအမြင်ကမူ အနံအလျား ကျယ်ပြောလှသည်။
ဆရာတင်မိုးရဲ့ ဧည့်သည်ကြီးကဗျာ စာသားနဲ့အတူ ၁၉၅၉ ခုနှစ်ကရေးသားထားခဲ့တဲ့ ကဗျာသုံးသပ်ချက်စာထဲက သတ်ပုံကိုပါ သတိချပ်စေချင်ပါတယ်။ စာတစ်လုံးသည် မဟုတ်ပါ။ ကဗျာလေးတစ်ကြောင်းနှစ်ကြောင်းလည်း မဟုတ်ပါ။
ပြန်ပိုခိုင်းတာခြင်းတူတယ်လို့ ပြောကြမယ်။ မတူပါ။ တခြားပုဂ္ဂိုလ်တွေရေးသီထားတာကို ကိုယ်လိုသလို မပြင်အပ်ပါ။ ကိုယ်တတ်ရင် ကိုယ်ရေးပေါ့။ မြန်မာစာမှာ အလိုက်မသိတဲ့ ဧည့်သည်တွေ လွှမ်းမိုးနေတယ်။
ဒေါက်တာတင့်ဆွေ
၂၁-၇-၂ဝ၁၈
ပုံ = ပေါက် ကျိုင်း

Comments
Post a Comment