Malaria Prophylaxis ငှက်ဖျားကာကွယ်ဆေး

ဆရာရေ ကျွန်တော့်ညီတယောက် ငှက်ဖျားပေါတဲ့နေရာမှာ ကျောင်းပညာရေးအနေနဲ့ တာဝန်ကျပါတယ်ဆရာ အသက်က ၃၀ ပါဆရာ လူပျိုပါ ၂ နှစ်တိတိတာဝန်ထမ်းဆောင်ရမှာမို့ ငှက်ဖျားမဖြစ်အောင် ကြိုတင်ကာကွယ်နိုင်မယ့် နည်းလမ်းလေးများရှိရင် ညွှန်ပြပေးပါဆရာ

ငှက် သတ်ပုံကို ပြင်လိုက်တယ်။

Chloroquine phosphate 500 mg (300 mg base) စာဆေးကို တပတ်မှာ သတ်မှတ်ရက်အတူနေ့တိုင်း တပြားကျ သောက်နေပါ။ ဥပမာ တနင်္ဂနွေနေ့တိုင်း။ ငှက်ဖျားထူထပ်ရာနေရာ မသွားမီ ၂ ပတ်ကြိုတင်သောက်ပါ။ Initial loading dose ခေါ် စစချင်း Chloroquine phosphate 1 g (600 mg base) ကို ၆ နာရီခြားပြီး ၂ ခါခွဲသောက်နိုင်။ ငှက်ဖျားဒေသက ပြန်လာပြီး ၄-၈ ပတ်ကြာအထိ သောက်နိုင်ရင်ကောင်းတယ်။ Plasmodium vivax, P malariae, P ovale အမျိုးအစားတွေနဲ့ P falciparum တချို့ကနေ ကာကွယ်မယ်။

ယူအက်စ်အေမှာတော့ ဆေး ၄ မျိုးညွှန်ထားတယ်။
1. Atovone/proguanil (Malarone)
2. Mefloqine (Lariam)
3. Chloroquine (Aralen)
4. Doxycycline

Atovaquone-proguanil ခရီးမသွားမီ ၁-၂ ရက်ကြိုသောက်ပါ။ နေ့စဉ်သောက်ပါ။ ပြန်ရောက်ပြီး ၇ ရက်သောက်ပါ။

Chloroquine phosphate or hydroxychloroquine sulfate ခရီးမသွားမီ ၁-၂ ပတ်ကြိုသောက်ထားပါ။ ပြန်ရောက်ပြီး တပတ်ဆက်သောက်ပါ။

Doxycycline ခရီးမသွားမီ ၁-၂ ရက်ကြိုသောက်ပါ။ တနေ့တကြိမ် အချိန်တူမှာ သောက်ပါ။ ပြန်ရောက်ပြီး ၄ ပတ်ကြာ ဆက်သောက်ပါ။

Mefloquine ခရီးမထွက်မီ ၁-၂ ပတ်ကြိုသောက်ပါ။ တပါတ်မှာ တကြိမ် နေ့တူမှာ သောက်ပါ။ ခရီးပြန်လာပြီး ၄ ပတ်ကြာ ဆက်သောက်ပါ။

ဒေါက်တာတင့်ဆွေ
၂၉-၇-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး