Four million risk losing India citizenship

အိန္ဒိယနိုင်ငံက ဘင်္ဂလားဒက်ရှ်ကလာသူပေါင်း ၄ သန်းကို နိုင်ငံသားဖြစ်ခွင့်မပြု

အိန္ဒိယနိုင်ငံ အာသန်ပြည်နယ် အမျိုးသားမှတ်ပုံတင်စာရင်းတခုကို ထုတ်ပြန်လိုက်ပါတယ်။ လူပေါင်း ၄ သန်းဟာ နိုင်ငံသားအဖြစ်အသိအမှတ်ပြုခွင့် ဆုံးရှုံးပါမယ်။ သူတို့ဟာ ဘင်္ဂလားဒက်ရှ်ကနေ ၁၉၇၁ ခုနှစ်နောက်ပိုင်း ခိုးဝင်လာသူတွေလို့ ယူဆလို့ဖြစ်ပါတယ်။ ရက်စွဲအတိအကျကတော့ ၂၄-၃-၁၉၇၁ နေ့ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံကနေ အနောက်ပါကစ္စတန်လက်အောက်ခံသဘောဖြစ်နေတဲ့ အရှေ့ပါကစ္စတန်ကို စစ်ရေးအရပါ အကူအညီပေးပြီး ၂၆-၃-၁၉၇၁ နေ့မှာ ဘင်္ဂလားဒက်ရှ်နိုင်ငံအဖြစ်ထူထောင်စေခဲ့ပါတယ်။

ခိုးဝင်လာသူတွေဟာ အိန္ဒိယနိုင်ငံအရှေ့မြောက်ဒေသမှာ ဘင်္ဂါလီလူမျိုးတွေနဲ့ ရောနှောနေထိုင်ကြတယ်။ အဲလိုလူတွေကို ၁၉၈၅ ခု ရာဂျစ်ဂန္ဒီလက်ထက်မှာ မဲပေးခွင့်မပြုခဲ့ပါ။

အခုလိုစာရင်းမထုတ်ပြန်မီ နိုင်ငံသားဖြစ်ခွင့်အတွက် လျှောက်ထားသူပေါင်း ၃၂ သန်းရှိတယ်။ ၄ သန်းကို ပယ်လိုက်တာ ဖြစ်ပါတယ်။

သူတို့ဆီက ဘင်္ဂါလီလူမျိုးဆိုတာ မြန်မာပြည်ကပြောနေတာနဲ့ မတူပါ။ မြန်မာနိုင်ငံက အစိုးရတွေ ကိုင်တွယ်ဖြေရှင်းနည်းနဲ့ နိုင်ငံရေးအမြတ်ထုတ်ကြတာလည်း မတူပါ။ သူတို့ဆီက ဘာသာရေးအဖွဲ့တွေကလည်း ဘာသာရေးဂုဏ်သိက္ခာကို အထိခိုက်ခံပြီး နိုင်ငံရေးပါတီနောက်နေ ဝင်လုပ်ပေးတာမျိုး မရှိပါ။ မီဒီယာကသာ နစ်နာမှုတွေကို ဖေါ်ပြကြပါတယ်။

ဒေါက်တာတင့်ဆွေ
၃ဝ-၇-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး