လက်ရေတပြင်တည်း ရှေးကထက် ပိုချစ်ကြတယ်


တင်ထားကို တွေ့ပါတယ်။ သတ်ပုံလည်း မှန်တယ်။ ကျေးဇူး။ ဇာတိနွယ် (လက်ရည်တပြင်တည်း)
တေးရေး-နန်းတော်ရှေ့ဆရာတင်
မူရင်းဆို-မကြည်အောင်
တေးဂီတ-စောင်းလှိုင်ဝင်းမောင်
ယခုပြန်ဆို-မိမိခိုင်

နောက်လင့်တခုကို ကျွန်တော်က တင်ထားသေးတယ်။ အဲဒီလင့်ကိုတင်ထားသူက လက်ရည်တစ်ပြင်တည်းလို့ တစ်သတ်ပုံနဲ့သာ ရေးထားတယ်။ မှားတယ်။ သီချင်းကောင်းလျှက် စာသားဖျက်၏။

လက်ရေတပြင်တည်း နှီးဒေါင်းလန်းကြီးရယ်နဲ့ သိုင်းဖွဲ့ကာ ဝိုင်းဖွဲ့ကာ စားကြသည်မောင် မကြည်အောင် ခပ်ငယ်ငယ့့် တေးဆိုကြ မြူးပျော်ကြ ဟေ့သူငယ်ချင်းရေ ဒို့နယ်ပယ်တွင့့် မိုးသက်ကယ်ဆင့့် ရှစ်ခွင်ကမည်း အို့ ရွာမလိုလိုနဲ့ပဲ့  တစို့ပေါ်မှာ ကင်တယ်မောင်ရယ် ဆူးရင်းခပ်ပြီး မိုးမျှော်ငရုပ်သီးထောင်းနဲ့ ကိုဘိုကေရယ် ဒေါင်းလမ်းကြီးရဲ့အလယ်  ညီညွတ်ရေးနဲ့ အသက်ရှည်ရှည် ခင်တယ်မောင်ရယ် လက်ရေတပြင်တည်း ရှေးကထက် ပိုချစ်ကြတယ်။

နန်းတော်ရှေ့ဆရာတင်ရဲ့ ဒီသီချင်းကို စာသားမူကွဲတွေနဲ့ သီဆိုကြပါတယ်။ လက်ရေတပြင်တည်း၊ နှီးဒေါင်းလန်းတွေနဲ့၊ ဝိုင်းဖွဲ့ကာ စားကြသည်၊ မြမဒီခင် ခပ်ငယ်ငယ်၊့

လက်ရေတပြင်တည်းသာ ရှေးကထက်ပို ချစ်ခင်လိုပါတယ်။

https://www.facebook.com/52khinthida46/videos/pcb.10210449548976065/10210449504814961/?type=3&theater
သီချင်း - လက်ရည်တပြင်တည်း
ဆို - မာမာအေး
တီး - စန္ဒရားဂီတလုင် မောင်ကိုကို

ဒေါက်တာတင့်ဆွေ
၂၅-၇-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး