စ စပါး တို့အားထား
ကျွန်တော်က တောင်သူလယ်သမားသားဖြစ်ပေမဲ့ ဆော့ချင်လို့ ထွန်းတုံးပေါ် တက်လိုက်ဖူးတာနဲ့ ဆီဆုံပေါ် တက်စီးဖူးတာကလွဲရင် တောင်သူလုပ်ငန်းကို မသိပါ။ သိတဲ့သူတွေကို အလွန်မတန်အံ့သြ အားကျမိတယ်။
၁၉၉ဝ ရွေးကောက်ပွဲမှာ ပြိုင်ဖက် တစညပါတီရဲ့အမှတ်အသားဟာ စပါးနှံဖြစ်ပါတယ်။ ၂ဝ၁၅ ရွေးကောက်ပွဲတုန်းက ရေးခဲ့တယ်။ ဆရာဝန်ဆိုတော့ စကားပြောတိုင်း ရောဂါအကြောင်းပါတတ်တယ်။ တံစဉ်တွေ ပြင်ထားကြတော့။ မြွေပွေးလည်း သတိထားကြလော့။ စပါးနှံကို တခါရိတ်ဖူးတော့ အားရှိတာပေါ့။
၁၉၇၃-၇၄ ဖေါင်ကြီးသင်တန်း၊ ဇေယျ (၁၉) တက်ရတော့ စိုက်ပျိုးရေးဘာသာရပ်လက်တွေ့မှာတော့ စပါးရိတ်ခဲ့ရတယ်။ စပါးရိတ်ချိန်ကျတာကို မောင်းညိုချိန်ကျပြီလို့ခေါ်သတဲ့။ စပါးနှံတွေက လေးလံလာပြီး၊ အနှံတွေက အောက်ကို ငိုက်ကျလာချိန်ဖြစ်တယ်တဲ့။ ပြည့်မှည့်လာပြီတဲ့။ ကျွန်တော်တို့အရွယ်တွေကိုလည်း အဲလိုတင်စားခံရတယ်။ ရိတ်သိမ်းချိန်ကျပြီပေါ့။
အခုတော့ စာတွေဖတ်ချင်ရင် ထမင်းမချက်ခင် စပါးလုံးရွေးရသလိုပဲ။ တတွေကို တစ်လုပ်ထားတာတွေချည်းပဲ။ သတ်ပုံမှန်နဲ့ရေးတဲ့စာဆိုတာ စပါးပုတ်ထဲက ဆန်စေ့ရွေးရနဲ့ တူနေတယ်။ မြန်မာစာပေမှာ စပါးလုံးတွေကင်းပါစေ။ ဖွဲတွေရှင်းပါစေ။
ဒေါက်တာတင့်ဆွေ
၂၁-၇-၂ဝ၁၈

Comments
Post a Comment