Posts

Showing posts from July, 2017

ရေစကားပုံ

Image
မြန်မာပြည်မှာ မီးများစဉ်က မီးနိုင်ခဲ့ပြီး၊ ရေများပေမယ့် ရေမနိုင်သေး။ မီးစတဖက် ရေမှုတ်တဖက်တွေ များနေသေးတယ်။  ဝါဆိုဝါခေါင် ရေဖောင်ဖောင်မှာ ရေသာများ၍ ငါးမတွေ့ကြပါ။ သောင်မတင် ရေမကျအဆင့်သာရှိသေးတယ်။ ရေမနောက် ကြာမလျှောက်လို့ အောက်မေ့ကြပါ။ မိုးရွာတုန်း ရေခံကြပါ။ အချိန်နှင့် ဒီရေဟာ လူကိုမစောင့်ပါ။ တဦးနဲ့တဦး ကုန်းပေါ်ရောက်မှ ရေမမွန်းစေနဲ့။ ရေတိမ်နစ်တဲ့ဘဝတွေ အမျှဝေ။ ရေကိုခြားသော် အကြားမထင် ချစ်ခင်ကြစေ။ ရေလိုအေး ပန်းလိုမွှေးကြစေ။ စီးတဲ့ရေ ဆယ်တဲ့ကန်သင်း စည်းကမ်းရှိကြလေ။ ကျွန်တော်တို့ငယ်ငယ်က ဆီကိုရေချိုး ဆေးရိုးမီးလှုံခေတ်ကို နည်းနည်းလေးတော့ ကြုံခဲ့တယ်။ နောက်တော့ ရေကြည်ရာ အရပ်ကနေခွါ မြက်နုရာအရပ်တွေ ရှာနေရတယ်။ နတ်တို့ဖန် ရေကန်အသင့် ကြာအသင့်လို ကံမကောင်းပါ။ ဖောင်စီးရင်း ရေငတ်တဲ့အခါတွေ ရှိခဲ့တယ်။ သဲထဲရေသွန်တော မဖြစ်ပါ။ ခဲလေသမျှ သဲရေကျမဖြစ်ပါ။ ရေစီးတခါ ရေသာအလှည့် မကျနိုင်ပါ။ ရှိပါစေလေ့ ပြည်သူပြည်သားတွေ ပိန်းကြာဖက်တွင် ရေမတင် ရောဂါဘယတွေ ကင်းစင်ကြပါစေသတည်း။ ဒေါက်တာတင့်ဆွေ ၁-၈-၂ဝ၁၇ ည (မနက်) ၁ နာရီ၊ ၂၇ မိနစ်။

Yamuna Clinic and Burma Center Prague ယမုန်နာဆေးခန်း

Image
မြို့သာမှာ ဆေးခန်းဖွင့်တော့ မုံရွာကဆေးခန်းက ဟောင်းသွားတယ်။ စစ်ကိုင်းမှာ ဆေးခန်းဖြစ်လာတော့ အဲတာလည်း အဟောင်းဖြစ်သွားတယ်။ ပုလဲမှာ ဆေးခန်းဖွင့်ပြန်တော့ အဲတာတွေအားလုံး ဟောင်းသွားတော့တယ်။ ဒေလီမှာ ယမုန်နာဆေးခန်းဖွင့်တဲ့အခါ အဟောင်းတွေကို အကုန်သတိရတယ်။ အခုတော့ ဆေးခန်းတိုင်းဟာ သမိုင်းဖြစ်ကုန်ကြပြီ။ ဒေါက်တာတင့်ဆွေ ၃၁-၇-၂ဝ၁၇ Photo taken by Nuam No shows Burma Center Prague visiting Yamuna Clinic on 31-7-2014

8888 and I ရှစ်လေးလုံး နဲ့ ကျွန်တော်

Image
သဘိ-သဘိ မှောက်မှောက်၊ သဘိ-သဘိ မှောက်မှောက် ဆိုတဲ့သံပြိုင် ဟစ်ကြွေးသံတွေနဲ့အတူ ကျွန်တော်အိပ်ယာက နိုးလာခဲ့တာဟာ ၈-၈-၁၉၈၈ မနက်မှာဖြစ်ပါတယ်။ ကျွန်တော့်အကြီးဆုံးသားနဲ့အတူ ထားဝယ်သတ္တုတွင်း တည်းခိုရိပ်သာမှာ တည်းခိုနေကြရချိန်ဖြစ်ပါတယ်။ အစိုးရဆရာဝန် ဖြစ်ကတည်းက အညာဒေသခေါ်တဲ့ စစ်ကိုင်းတိုင်းထဲမှာသာ တောက်လျှောက် တာဝန်ကျနေရာကနေ ထားဝယ်မြို့နယ်၊ ဟိန်းဇဲသတ္တုတွင်းဆရာဝန်အဖြစ် ရွေ့ပြောင်းခံရလို့ တာဝန်ထမ်းနေခဲ့တာ တပါတ်တိတိသာရှိပါသေးတယ်။ သားအဖနှစ်ယောက် ထားဝယ်မြို့ထဲ လျှောက်ကြည့်ကြတယ်။ လူပေါင်းထောင်ချည်တဲ့ ဆန္ဒပြနေသူတွေထဲ ရောက်သွားလိုက်ကြ၊ ဘေးကနေလိုက်လိုက်ကြ။ ထားဝယ်စကားကိုနားမလည်ပေမဲ့ ဖြစ်နေတာတွေမှန်သမျှ ဘာသာပြန်စရာမလိုဘဲ သိပါတယ်။ တနေရာမှာတော့ အလှူခံလူငယ်တယောက်ရဲ့ ခွက်ဖလားထဲကို အကြီးဆုံး ပိုက်ဆံစက္ကူတရွက် ထည့်လှူလိုက်ပါတယ်။ ကျွန်တော့ ရှစ်လေးလုံးအတွေ့အကြုံဆိုတာ ဒီလောက်သာရှိတယ် ပြောရမလားမသိပါ။ ဒါပေမဲ့ ကျွန်တော့်မိသားစုတခုလုံးကိုတော့ ရှစ်လေးလုံးအဖြစ်သနစ်ကြီးကနေ မထင်မှတ်တာတွေ၊ မမျှော်မှန်းတာတွေဟာ တသက်တာအတွက် ဆက်တိုက်ဖြစ်လာစေဘို့ သန္ဓေပေးလိုက်ပါတော့တယ်။ တိုင်းပြည်အခြေအနေတွေက အကြီးအကျယ်ပြောင်းလဲလာနေပါပြီ။ (မဆလ) အ

Corneal Injury မျက်ကြည်လွှာ ထိခိုက်ခြင်း

Image
အသက်က ၆ နှစ် ၅ လ ယောက်ျားလေးပါ။ လွန်ခဲ့တဲ့ ၃ နာရီလောက်က ကလေးအချင်းချင်း ကစားရာမှ မျက်လုံးကို လက်နဲ့ ကုတ်ခံလိုက်ရလို့ မျက်စိဆေးရုံ အရေးပေါ်ကို သွားပြရပါတယ်။ ဆရာဝန်က မျက်ကြည်လွှာပြဲသွားကြောင်း ပြောပါတယ်။ တနေ့ ၄ ကြိမ် Optimox (Moxifloxacin Sterile Eye Drops 0.5% w/v) မျက်စဉ်းခတ်ခိုင်းပါတယ်။ ၃ ရက် ၄ ရက်နေရင် သူ့ဘာသာ ပြန်ကောင်းမယ် ပြောပါတယ်။ မျက်လုံးဆိုတော့ အရမ်းစိုးရိမ်ပါတယ်ဆရာ။ ဘယ်လိုကုသ ပြုလုပ်သင့်တယ်ဆိုတာ သိချင်ပါတယ်။ ဆေးဗူးပုံပါ ပို့လိုက်ပါတယ်။ ဆရာ ကျန်းမာချမ်းသာပါစေ။ ဆောရီး။ မျက်ကြည်လွှာ ခေါ် အနက်ရောင်အဝိုင်းကို ဖုံးထားတဲ့အလွှာပါးလေးက အရေးကြီးတယ်။ သူကနေသာ အလင်းရောင် (ပုံရိပ်) ဖြတ်ဝင်တယ်။ ပိုးသေမျက်စဉ်းတွေနဲ့ ပိုးမဝင်အောင်၊ ဝင်ထားရင် သေအောင် လုပ်ပေးမယ်။ အနာပျောက်ဖြစ်စဉ်ကနေ အမာရွတ်ဖြစ်တယ်။ အဲတာက မပျောက်နိုင်တာလည်းဖြစ်တတ်တယ်။ ပါးယုံသာပါးလာတယ်။ အပြင်တိမ်လို့ခေါ်တယ်။ သူငယ်အိမ်လို့ခေါ်တဲ့ အလယ်တည့်တည့် နောက်ဖက်က အနက်ပေါက်လေးကို ဖုံးပိတ်မနေရင် အမြင်ကို မထိခိုက်စေပါ။ Corneal abrasion မျက်ကြည်လွှာစုတ်ပြဲခြင်း အများဆုံးဖြစ်တယ်။ သတိထားရမယ်။ မျက်ကြည်လွှာထိခိုက်မိစေနိုင်တာ အမျိုးမျိုးရှိတယ်။ ဖုံ၊ သဲ၊

Severe Cystocele ဆိုးတဲ့ ဆီးအိမ်ကျခြင်း

Image
မင်္ဂလာပါဆရာ။ ကျွန့်တော့်အဖွားက အသက် ၇ဝ ရှိပါပြီ။ အဲလိုဆီးအိမ်ကျလို့ ဆီးသွားရင် မမနေရတယ်။ မနေတတ်ဘူးဆိုလို့ ဆေးခန်းမှာ မနှစ်က သားအိမ်ထုတ်ပြီးသော်လည်း ဆေးရုံကဆင်းပြီး ပြန်ပြီး မမနေရပြန်တော့ ဆေးခန်းပြန်ပြပြီး ရာဘာကွင်းထည့်ရပါတယ်။ ပြန်ကျွတ်ကျလို့ ဆိုဒ်ကြီးပြောင်းပြီးထည်သော်လည်း ၂ ရက်အများဆုံးခံပြီး ကျွတ်ကျသွားပါသည်။ ၃ ကြိမ်မြောက်တွင် ဒီတခေါက် ကျွတ်ကျလျှင် လက်ကောက်ထည့်ရမည်ဆို၍ ကျွန်တော့်အဖွား ဆေးခန်းခေါ်မရတော့ပါ။ ယခုအရင်အတိုင်း ဆီး၊ဝမ်းသွားလျင် မမ၍သွားနေပါသည်။ သူကတော့ရတယ် ပြောသော်လည်း ကြောက်၍လားမသိ၊ ဘာဆက်လုပ်ရမှန်းမသိ၍ ဆရာအကြံဥာဏ်လေးများကူညီပါခင်များ။ ဆီးအိမ်ကျတာက သားအိမ်ကျတာမဟုတ်ပဲ Anterior prolapse ရှေ့ပိုင်းကျွံတာဖြစ်တယ်။ ခွဲစိတ်ကုသနည်းကို ရေးပြီးပြီ။ ခွဲနည်းအပြင် ဘယ်လိုကုသမလည်းက ဘယ်လောက်ဆိုးသလည်းအပေါ်မှာမူတည်တယ်။ သားအိမ်ပါကျနေသလား။ အသင့်အတင့်သာဆိုးရင် ဆေးကုဘို့မလိုလောက်ပါ။ ၁။ Kegel exercise ကီဂယ်လေ့ကျင့်ခန်းလုပ်ပါ။ ၂။ Vaginal pessary ပက်ဆရီခေါ် ပလပ်စတစ်-ရာဘာကွင်းထည့်ထားနိုင်တယ်။ ဗဂျိုင်းနားထဲမှာ ထည့်ပေးထားရင် ဆီးအိမ်ကိုပင့်တင်ပေးနေမယ်။ အနေတော်တာတော့ ရွေးသုံးရတယ်။ ခွဲဘို့မသင်

တက္ကသိုလ် ပညာပဒေသာစာစောင် သတ်ပုံ

Image
၁၉၆၈ ခု အောက်တိုဘာ အတွဲ ၃၊ အပိုင်း ၄ အကယ်၍ ဓာတ်ပြုပစ္စည်းများနှင့် ဓာတ်ကူပစ္စည်းများသည် ဓာတ်ပြုအဖွဲ့အစည်းများအတွင်းတွင် ကဏ္ဍတခုတည်း၌ ပါရှိနေကြလျှင် ယင်းဓာတ်ပြုဖြစ်စဉ်မျိုးကို တသားတည်းဓာတ်ကူခြင်းဟုခေါ်သည်။ တဖန်ဓာတ်ကူပစ္စည်းများနှင့် ဓာတ်ပြုပစ္စည်းများသည် ဓာတ်ပြုအဖွဲ့အစည်းအတွင်း၌ ကဏ္ဍကွဲပြား၍ တည်ရှိနေလျှင် ယင်းဓာတ်ပြုဖြစ်စဉ်ကို တသားတည်းမဟုတ်သော ဓာတ်ကူခြင်းဟုခေါ်သည်။ ဒေါက်တာတင့်ဆွေ ၃ဝ-၇-၂ဝ၁၆ ၃ဝ-၇-၂ဝ၁၇

Healthy Babies ကိုယ်ဝန်ဆောင်နဲ့ ကလေးတွေအကြောင်း

Image
၃၁-၇-၂ဝ၁၅ နေ့က အမေရိကန်ပြည်ထောင်စု၊ အင်ဒီယာနာပြည်နယ်၊ အင်ဒီယာနာပိုးလစ်မြို့မှာကျင်းပတဲ့ အင်ဒီယာနာပိုးလစ် ကျန်းမာသောကလေးများခေါင်းစဉ်နဲ့ဆွေးနွေးပွဲမှာ စကားပြောရတယ်။ ဒီကိုရောက်နေတဲ့ ချင်းကိုယ်ဝန်ဆောင်နဲ့ကလေးတွေအကြောင်းတော့ ဒီကပညာရှင်တွေနဲ့ ချင်းကွန်မြူနတီ ခေါင်းဆောင်တွေက ပြောကြပါတယ်။ သူနာပြု ချင်းအမျိုးသမီးနှစ်ယောက်နဲ့ ကျန်းမာရေးဌာနဝန်ထမ်း ချင်းအမျိုးသမီး တယောက်နဲ့ ရခိုင်အမျိုးသားတယောက်တို့လည်းတက်ရောက်ကြတယ်။ ကိုယ်ဝန်ဆောင်စောင့်ရှောက်မှု၊ မီးဖွါးခြင်းနဲ့ ကလေးသေဆုံးမှု၊ အလေးချိန်နည်းမွေးတာ၊ စောမွေးတာနဲ့ မိခင်နို့တိုက်တာတွေကို ကိန်းဂဏန်းတွေနဲ့ပြတယ်။ ကလေးကိုမိခင်တွေက နို့တိုက်နှုန်းကလွဲရင် တခြားလူမျိုးကိုယ်ဝန်တွေထက် နိမ့်ကျနေတာတွေ့ရတယ်။ ကျွန်တော်ကတော့ ပြည်တွင်းဆရာဝန်လုပ်ရတုံးကနဲ့ ပြည်ပမှာမြန်မာဒုက္ခသည်တွေရဲ့ ကျန်းမာရေးအတွေ့အကြုံတွေကို ပြောတာပါ။ ပြည်တွင်းက မြန်မာကိုယ်ဝန်ဆောင်တွေနဲ့ ပြည်ပမှာ ချင်းကိုယ်ဝန်ဆောင်တွေ မမွေးခင်၊ မွေးစဉ်နဲ့ မွေးပြီး ကြုံတွေ့ရတာတွေကို နှိုင်းယှဉ်ပြီးပြောပါတယ်။ ပြည်တွင်းမြန်မာလူမျိုးကိုယ်ဝန်စောင့်ရှောက်မှုနဲ့ ချင်းအမျိုးသမီး ကိုယ်ဝန် စောင့်ရှောက်မှုမတူပါ။ ဒါ့ပြင် နိုင်

Traffic Law ယာဉ်စည်းကမ်း

Image
ကနေ့မနက်ပိုင်းမှာ အီးမေးလ်ကလာတာတွေ ဖြေပြီးပြီ။ မက်ဆင်ဂျာကလာတာတွေလည်းပြီးသလောက်ရှိုပြီ။ မက်ဆေ့ခ်ျ ကျန်ဦးမယ်။ အဲတာနဲ့ သူများတင်တာတွေ လိုက်ဖတ်တယ်။ ယူအက်စ်မှာနေတဲ့ သားအမိ မြန်မာပြည် အလည်ပြန်နေကြတယ်။ တောမှာ လှည်းစီးနေတဲ့ပုံတင်တယ်။ ဆိ-ဘဲ့လ် လို့ ရေးလိုက်တယ်။ ဖရင်းဆရာမတယောက် ရင်ပတ်မှာ ဖဲကြိုးပြာတပ်ထားတာတွေ့တယ်။ ဘာလဲတော့ မသိ။ ဆရာတို့နေရတဲ့မြို့မှာ လူဆိုးက ခံပစ်လို့ ရဲအရာရှိတယောက်သေသွားတယ်။ အဲတာနဲ့ လမ်းတွေမှာ ဖဲကြိုးပြာတွေစည်းပြီး လေးစားစာနာမှု ပြသကြတယ်လို့ ရေးလိုက်တယ်။ အဲဒီဖြစ်တဲ့နေ့က ကျွန်တော်ကျောင်းအသွား လမ်းပိတ်ထားလို့ လမ်းကွေ့ပတ် မောင်းခဲ့ရတယ်။ မနှစ်က ကျွန်တော် ဘာသာပြန်ဆရာလုပ်နေတဲ့ကျောင်းက ကျောင်းသားတွေကို ရဲဌာနခေါ်ပြီး ရှင်းလင်းပြသတယ်။ လမ်းပေါ်မှာ ယာဉ်စည်းကမ်းမလိုက်နာမှုတခုဖြစ်ရင် နောက်ကနေ ရဲက လက်နှစ်ဖက်ကို မြင်အောင်ပြ၊ ကားမှန်ကိုချ၊ ဖြေးဖြေးလုပ်၊ လက်ကို ခေါင်းပေါ်တင်ထား စသဖြင့် နောက်ကနေ အမိန့်ပေးတယ်။ ရှေ့ကားမောင်းတဲ့သူ အင်္ဂလိပ်စကား တတ်တာ မတတ်တာ သူတို့မသိ။ ခိုင်းတာကို လွဲလုပ်ရင် သေနတ်ထုတ်မယ်။ ကာဗာလုပ်ပေးဘို့ရာ နောက်ထပ်ရဲကား အကူအညီ ခေါ်မယ်။ စသဖြင့်ရှင်းပြတယ်။ သူတို့ခေါင်းထဲမှာ အဲဒီကားထဲက

ကျား ၂ မ ၇

Image
(ကန်တော့ပါ) 1. မင်္ဂလာပါဆရာရှင့် ကျွန်မက အိမ်ထောင်ကျတာ ၃နှစ်ရှိပြီ ကလေးတယောက်ရပါပြီရှင့် အသက်က ၂၆ နှစ်ပါရှင့်။ အဖြူဆင်း အရမ်းများတယ် ပြီတော့ အရည်မဟုတ်ဘဲ အဖတ်တွေချည်းဖြစ်နေလို့ပါအနံတော့မရှိဘူး ဘာဆေးသောက်ရမလဲ သိချင်ပါတယ်ရှင့်။ ဆရာ့အကြံပေးချက်ကို မျှော်လင့်ပါသည်။ Vaginal infections မွေးလမ်းကြောင်း ပိုးဝင်ခြင်း http://doctortintswe.blogspot.com/2014/11/vaginal-infections.html 2. ဆရာရှင့် ကျွန်မအသက် ၂၆ နှစ်ပါ မနေ့ညကထိ ဘာမှမဖြစ်ပဲ မနက်နိုးလာတော့ ဘယ်ဘက်နားရွက်နဲ့ အံသွားရှိတဲ့နား တ၀ိုက်ရောင်နေပါတယ် လူကြီးတွေကတော့ပါးချိတ်ရောင်တယ် ပြောကြတာပါပဲ နာပြီး ညောင်းနေပါတယ် ဘာလို့ပါးချိတ်ရောင်တာလဲ ဆိုတာနဲ့ ဘာဆေးသောက်သင့်လဲ ဖြေပေးပါရှင့်ကျေးဇူးတင်ပါတယ်ရှင့် Parotitis တံတွေးထွက်အိတ်ရောင်ခြင်း http://doctortintsweblogspotcom/2017/03/parotitishtml 3. ဆရာ ခင်ဗျား ကျွန်တော့အမျိုးသမီးမှာ ကိုယ်ဝန် ၄လရှိနေပါပြီ ၁ လကျော်ထဲက အန်တာများလို့ ဆေးရုံတက်ထာ ၃ခါရှိပါပြီ တော်၂လည်းပိန်ကျသွားပါတယ် ယခုအအေးမိပြီ နှာဆေး ချောင်းဆိုးနေလို့ ဆေးခန်းပြထားပါတယ် သတင်းတွေမှာတဲ့ H1N1 ဖြစ်မှာကြောက်ပြီး အားငယ်နေလို့ပါဆရာ သူ့မှာ

Historical Events သမိုင်း

Image
ကျွန်တော့်ပို့စ်တခု = ရုရှားနဲ့ အမေရိကန် ဘတပြန် ကျားတပြန် ကွန်မင့်များ - 1. Yin Yin Naing ဘာတွေဖြစ်ကုန်ပါပြီလဲ ဆရာ 2. Yoo Chan's comment was marked as spam.Show comment 3. တိုး တိုး spy မိသွားလို့လားမသိဘူးဆရာ share လိုက်ပြီဆရာ. 4. Kyaw Khing Soe ဘာတွေဖြစ်ကျတယ် မသိဘူးနော်ဆရာ 5. Arkar Htun ဒီနှစ်နိုင်ငံချကြတော့မယ်ထင်တယ် 6. Daybit Ohn ဝက်ဝံvsသိန်းငှက်ဘယ်သူနိုင်မလဲ 7. Myat Thura share မယ်နော်ဆရာ 8. Niang Sokayaytee ထူးတော့ထူးနေပီ 9. လဲ့လဲ့ အရာရှိတွေကလည်းများလိုက်တာ 10. LuLin MinMann ကမ္ဘာ မြေကြီး ငြိမ်းချမ်းပါစေ🌺🍁🍃 နိုင်ငံရေး လှည့်ကွက်တွေ မဖြစ်ပါစေနဲ့ 😌😌 11. ရွှေ ပေါက် ကျားနဲ့ဆင်လယ်ပြင်မှာတွေ့ကြမယ် 12. Karyan Soe Moe ဘာတွေဖြစ်ကုန်ကြပီလဲဗျာတို့ရေ 13. မွန်ဆီယာ လော့ ပထဝီကတော့ US ကသာပါတယ် ရုရှားကဓါးစာခံတွေအများကြီး ပိုင်ထားတယ် နိုင်ငံတကာသတင်းဖြစ်ဖြစ် ပြည်တွင်းသတင်းဖြစ်ဖြစ် ခေါင်းစဉ်ကို လူတွေစိတ်ဝင်စားအောင် တပ်လေ့ရှိကြတယ်။ မျက်ပြူးဆံပြာဖြစ်အောင်၊ လန့်ကြောက်သွားအောင်၊ စွဲမက်တမ်းတစေအောင်ရေးကြတာ မီဒီယာထုံးစံဖြစ်ပါတယ်။ ဖတ်တဲ့သူတွေက အရေထူဖို့လိုတယ်။ နောက်ခံအခ

Media Ethic ဟုတ်ပါတယ်

Image
ကျွန်တော့်ပို့စ်တခု = ရုရှားနဲ့ အမေရိကန် ဘတပြန် ကျားတပြန် - ဒီစာကို မုံရွာဂေဇက်ကို အရင်ပို့ပါမယ်။ ကွန်မင့်များ - ၁။ Wunna Aung ဖေ့ဘွတ်ကို အရင်ပို့ တာများ မုံရွာအရင်ပို့ မတဲ့ ဆရာရယ် ဟုတ်ပါ့မလား ၂။ Kyaw Kyaw မီဒီယာ အရောင်းမြှင့်တင်ရေးတွေလားဆရာ သမတသာဆိုတယ် ၃။ မောင်ပန်း မွှေး သူ့ဒေသကလူတွေ အရင်သိစေချင်လို့ပေါ့ အခုထိတော့ သုံးခုသာလာသေးတယ်။ မီဒီယာမှာ စာရေးသူတွေ စည်းကမ်း အပြန်အလှန်လေးစားလိုက်နာကြရတယ်။ ၃-၄ ရက်လောက်က သတင်းစာလား ဂျာနယ်လားတော့ မသိပါ။ ကျွန်တော်ရေးတဲ့ တုပ်ကွေးစာကို သတ်ပုံတွေပြင်ပြီးရိုက်ထားလို့ ဖေ့စ်ဘွတ်မှာပဲ ရေးလိုက်တယ်။ ကာယကံရှင်ဆီတော့ မပြောအားပါ။ ကျွန်တော် ပြီးခဲ့တဲ့ တနှစ်ကျော်လောက် DVB ဝဘ်ဆိုက်မှာ စာရေးတယ်။ တာဝန်ရှိသူတွေနဲ့ ကြိုတင်စည်းကမ်း သတ်မှတ်ချက်အရလုပ်တယ်။ အဲဒီကိုအရင်ပို့ပြီးမှ ဆိုရှယ်မီဒီယာကိုတင်တယ်။ အဲဒီကနေလည်း စာရေးခကို အဲဒီကဘဏ္ဍာရေးဌာနက စနစ်တကျလုပ်ပေးတယ်။ မကြာသေးခင်ကတော့ ကျွန်တော့ဆီဆက်သွယ်နေတဲ့ တဦးတည်းသောသူ အဲဒီကနေ နှုတ်ထွက်တာနဲ့ လူသစ်တွေကနေ မဆက်သွယ်လာလို့ DVB မှာ စာမပို့ဖြစ်တော့ပါ။ မုံရွာဂေဇက်မှာ စာရေးမယ်လို့ ပြောထားပြီးပါပြီ။ စည်းကမ်းလည်းချထားတယ်။ အပတ်စဉ် တ

ဗူး နဲ့ ဘူး ဋီကာ

Image
စစ်အစိုးရလက်ထက်ကထုတ်ထားတဲ့ မြန်မာအဘိဓာန်မှာ ဘူးပင်လို့ တွေ့ပါတယ်။ မြန်မာ့စွယ်စုံကျမ်းမှာ ဗူးပင်လို့သာ ရိုက်နှိပ်ထားပါတယ်။ ကျွန်တော်တို့ သူငယ်တန်း (၁၉၅၃-၅၄) ဖတ်စာမှာ ဘဦး ရေကူးနေသည်။ ဗူးသီးနုနု မခူးရ။ အရင်ကဆိုစကား = ဘူးတလုံးဆောင် အိုတောင်မဆင်းရဲ။ နောက်ပေါ်အမိန့် = ရေဘူးပေါက်တာ မလိုချင်၊ ရေပါတာသာလိုချင်တဲ့။ ဆေးလိပ်လက်ဆောင် (မယ်ခွေ) မဝယ်ဘူး မယ်ခူးတဲ့ဖက်စို။ မီးမကူ နေပူမှာမကင်အားလို့ ထားရတယ် အိပ်ယာအောက်မှာ မင်းသောက်ဖို့ကို။ ညှာအနား ရှေ့သွားနှင့်ကိုက်လို့တို မချိုတောင့် လိပ်ဆေး။ ပိုးမကူ ဝါချည်ဖြူတပင်ရစ်ကယ်နှင့် ငယ်ချစ်မောင် ရွှေဝသွားကို ပါးလိုက်ကဲ့လေး။ ဝိပဿနာရှုနည်းကျမ်း (မဟာစည်ဆရာတော်ဘုရား) = ထို့ကြောင့် မြင်ဘူး၊ ကြားဘူး၊ နံဘူး၊ စားဘူး၊ တွေ့ထိဘူး၊ ကြံသိဘူးသော ထိုအတိတ်ရုပ်နံတို့ကို ပြန်၍စဉ်းစားမိတိုင်း ဃနပညတ်ထင်ရှားလျှက် နိစ္စ၊ သုခ၊ အတ္တဟု ထင်မြင်စွဲလမ်းမှုသည် ဖြစ်ပေါ်၏။ ဒေါက်တာတင့်ဆွေ ၃၁-၇-၂ဝ၁၇ ပုံ = ကိုဆံရှည်နဲ့ မစန္ဒာတို့အိမ်ကဗူးစင်

Unanswered မဖြေချင်တာတွေ

Image
၁။ စိုးရိမ်ရလား၊ မဖြေလိုပါ။ ဆရာဝန်ပြဘို့ လိုအပ်ပါသလား၊ မဖြေလိုပါ။ အဲတာ ဘာကြောင့်ဖြစ်ပါသလဲ၊ မဖြေချင်ပါ။ ဘာဖြစ်နေလို့ ဘယ်လို ပျောက်အောင်လုပ်ရမလဲဆိုရင် ဖြေပါတယ်။ ၂။ အင်တာနက်ကပုံတွေပြပြီး အဲတာဖြစ်နိုင်လား၊ မဖြေပါ။ ကျွန်တော် ကျမမှာ အဲလိုဖြစ်နေလို့ မဖြေပါ။ ၃။ ကြော်ငြာဆေးတွေ ဖြေရတာ အားနာရတယ်။ ဂရုတွေထဲကလည်း အဆီအငေါ်မတည့်တာတွေလာတယ်။ ဆရာရှင့် flaxseed oil ဆေးကို နို့တိုက်မိခင်တွေ သောက်လို့ရပါတယ်လို့ ပြောထားပါတယ်ရှင့် flaxseed oil ဆေးလေးအကြောင်း ရှင်းပြပေးပါဆရာရှင့်။ လေးစားစွာဖြင့်။ ဆရာရေးတာ မဟုတ်ပါ။ ဟုတ်ကဲ့ပါ ဆရာရှင့်။ ကိုယ်ဝန်ဆောင် group တခုမှ post ကိုတင်ထားတာတွေ့လို့ပါဆရာ။ ဒီ flaxseed oil ဆေးလေးအကြောင်း သိချင်လို့ပါဆရာ။ မေးခွန်းထဲကဆေးဆိုတာ နှမ်းကြပ် ခေါ် နှမ်းနက်တမျိုးကနေထုတ်လုပ်ထားတာဖြစ်ပါမယ်။ နှမ်းဆိုတာ ဖြူဖြူ မည်းမည်း၊ လူတွေစားသုံးတာဖြစ်တယ်။ မကောင်းဘူးလို့တော့ ဖြေမသင့်ပါ။ ဒါပေမယ့် သူများစီးပွါးရေးကလည်းရှိတယ်။ ၄။ သာမန်စဉ်းစားယူလို့နိုင်တဲ့ ဥပမာ တုပ်ကွေးကာကွယ်ဖို့ ဟိုအသီး၊ သည်အရွက်၊ ဒီအရက် ဆိုတာတွေကို မဖြေချင်ပါ။ အတော်ကို မေးနေကြတယ်။ စိတ်ဆိုးကြလည်း မတတ်နိုင်ပါ။ ဒေါက်တာတင့်ဆေ

ဘက်ဆဲလားတဦးရေးတဲ့ ဗုဒ္ဓ စာအုပ်

Image
တမြန်နေ့က မြေးအကြီးဆုံးအိမ်ကနေ ယူလာခဲ့တယ်။ သူ နယူးဒေလီကနေ ယူအက်စ်ကိုလာစဉ်က လေယာဉ်စီးရင်း ဖတ်ဘို့ ဝယ်ခဲ့တာတဲ့။ အခုမှ စဖတ်မိတာ။ အဖွင့်မှာ သုဒ္ဓေါဒနမင်းကြီးဟာ နီပေါနယ်စပ်က ရာဗီဆန်သမ်နမ်ဘုရင်နယ်မြေကို ကိုယ်တိုင် ချီတက်ပြီး စစ်ခင်းတာနဲ့ စထားတယ်။ မြင်းတွေကတဲ့ စစ်သုံးရထားနဲ့။ ဒါးကိုင်ထားတယ်။ အောင်ပွဲခံ အိမ်ပြန်မယ်လို့ အမိန့်ပေးတယ်။ နောက်အခန်းမှာ ကိုယ်ဝန်ရင့်မာကြီးနဲ့ မိဖုရားကြီး မာယာဒေဝီကနေ သူ့နေရပ်တိုင်းပြည်ကို အလည်ပြန်လိုခွင့် နန်းရင်ပြင်မှာ တောင်းခံနေတယ်။ စာရေးသူအမည်ကို မြေးမကိုမေးတော့ ပန်ချာဘီဖြစ်မယ်တဲ့။ အားတဲ့ချိန်တိုင်းမှာ ဆက်ဖတ်ပါဦးမယ်။ ကျွန်တော် ငယ်ငယ်ကဖတ်ခဲ့တာက ကျီးသဲလေးထပ်ဆရာတော်ရေးသားတဲ့ ဇိနတ္ထပကာသနီ။ ဒေါက်တာတင့်ဆွေ ၃ဝ-၇-၂ဝ၁၇

ရာသီတုပ်ကွေး ကာကွယ်နည်းများ

Image
ကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်ထားတဲ့ ရာသီတုပ်ကွေး ကာကွယ်နည်းများ အပိုတွေ မလိုပါ။ လိုတာတွေ မလုပ်မဖြစ်ပါ။ ရိုးရှင်းပါတယ်။ အကုန်အကျလည်း မများပါ။ ဒေါက်တာတင့်ဆွေ ၃ဝ-၇-၂ဝ၁၇

အလေးပြုခြင်း နှင့် ဂါဝရပြုခြင်း

Image
ဆရာခင်ဗျာ ကျွန်တော်ထင်နေတာ မှန်လား မှားလား ဝေခွဲရခက်နေလို့ပါ။ အလေးပြုတာနဲ့ ဂါဝရပြုတာ ကွာခြားချက်လေး သိချင်လို့ပါခင်ဗျာ။ ဥပမာ အာဇာနည်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်အပေါင်း တို့အား ဂါဝရပြုပါသည် (သို့) အလေးပြုပါသည်။ အလေးပြုတာနဲ့ ဂါဝရပြုတာ ပြည်သူတယောက် အနေနဲ့ မည်သည့် စကားလုံးက ပိုပြီး အဓိပ္ပါယ် ပြည့်ဝသလဲဆိုတာ ကျေးဇူးပြု၍ ပြောပြပေးပါဆရာ။ ဂါရဝပြုသည် = အရိုအသေပေးသည်၊ အလေးအမြတ်ပြုသည်။ အလေးပြုသည် = လက်နက်ကိုင်အဖွဲ့တွေမှာ အသုံးပြုတဲ့ တိတိကျကျသတ်မှတ်ထားတဲ့ လက် (ကိုယ်) အနေအထားနဲ့ အရိုအသေပြုခြင်း။ အရပ်သားတွေမှာလည်း အလေးပြုလို့သုံးနိုင်ပါတယ်။ မတ်တတ်ရပ်ပြီး ဦးခေါင်းငုံ့ ခါးကွေးညွတ်ပြီး အရိုအသေပြုတာကို အလေးပြုတယ်လို့ သုံးပါတယ်။ ဂါရဝတရား (၁ဝ) ပါး ခေါ် ဘုရားကအစ မိတ်ဆွေအပေါ် လေးစားရခြင်းတွေနဲ့ မတူပါ။ ဂါရဝေါစ နိဝါတောစ အပြန်အလှန်ရိုသေ နှိမ့်ချခြင်း မင်္ဂလာတရားနဲ့တော့တူမယ်။ မေလှမြိုင်သီချင်းနဲ့ ဆရာ မင်းသုဝဏ် ကဗျာထဲမှာလည်း အလေးပြုသည်လို့သုံးပါတယ်။ ငါတို့အတွက် ကိုယ့်အသက်ကို မကွက်မညှာ၊ စွန့်ကြရှာသည်၊ ဇာနည်နွယ်ဘွား၊ သူတို့အားလျှင်၊ ညွတ်တွားသမှု၊ အလေးပြု၍၊ သာဓုနုမော်၊ ကောင်းချီးခေါ်သည်၊ ခြောက်ေ

Following events ပညတ်သွားရာ ဓါတ်သက်ပါ

Image
စစ်အစိုးရကနေ ဒီမိုကရေစီရရှိရေးလှုပ်ရှားမှုကြီးကိုတန်ပြန်တဲ့အနေနဲ့ စာအုပ်စစ်ဆင်ရေးလုပ်ခဲ့တယ်။ • မြက်ခင်းသစ်မဂ္ဂဇင်းနဲ့ စတယ်။ နောက် နေပြည်တော်သစ် ဆောက်တယ်။ • မိုးလုံးပြည့်မုသာဝါဒ ဆက်လာတယ်။ နောက် အုပ်လုံးပြည့်မုသာဝါဒ ဖွဲ့စည်းပုံရေးတယ်။ • လှိုင်းကြီးလေထန်လည်း ပါတယ်။ တိုင်းပြည်မှာ လှိုင်းကြီးလေထန် ပြန်ပြန်လာတယ်။ ဆောရီး။ ဒေါက်တာတင့်ဆွေ ၃ဝ-၇-၂ဝ၁၅ ၃ဝ-၇-၂ဝ၁၇

မတူသော ဖရင်းများ

Image
မိတ်ဆွေတဦးရေးတဲ့ အနာဂတ်ကို မက်ဆေ့ခ်ျကနေ ပြင်ပေးတယ်။ ချက်ချင်းပဲ သူကပြင်ရေးပါတယ်။ ဆေးကျောင်းသားသူငယ်ချင်းဆို ပိုအားမနာ သတ်ပုံပြင်မယ်ပြောပြီး သဏ္ဌာန်နဲ့ မြားကို ကွန်မင့်ကနေပြင်လိုက်တယ်။ သူကလည်း စိတ်ဆိုးမယ့်လူမဟုတ်။ ဖရင်းလား ဘာလား မသိသူတွေကိုတော့ ပြင်ပေးရမှာအားနာတယ်။ အလိုကျရေးရမှာ အလိုကြရေးတာတွေ့တယ်။ တခြား အမှားတွေလည်း တွေ့တယ်။ သည်အတိုင်းသာ ထားရတယ်။ တစ်နေ့၊ တစ်ချက်၊ တစ်ဦး၊့ တစ်အုပ်စုကိုတော့ မထိရဲ မတို့ရဲ။ သူတို့က အုပ်စုတောင့်တယ်။ သတ်ပုံတွေ ဘယ်လိုရေးရေး၊ တုပ်ကွေးဘေးက ဝေးကြပါစေ။ ဒေါက်တာတင့်ဆွေ ၃ဝ-၇-၂ဝ၁၇

Human Ecosystem လူ့ခန္ဓာကိုယ်နဲ့ ပိုးမွှားများ

Image
မြန်မာပြည်မှာ တုပ်ကွေးအမျိုးမျိုးက ဒုက္ခပေးနေချိန်ဖြစ်တယ်။ ဆောရီး။ ဟိုအသားမစားရဲ၊ သည်အသားမစားရဲလို့ ရေးကြတယ်။ နေစရာမရှိသလို စားစရာမရှိသလို ထင်မှတ်နေကြတယ်။ ဗိုင်းရပ်စ်တွေဟာ ရာသီဥတုအပေါ်မူတည်ပြီး ပေါက်ပွါးကူးစက်ပါတယ်။ ဥတုပြောင်းတာနဲ့ ကူးစက်တာတွေမဖြစ်တော့ပါ။ နောက်ရာသီမှာ နောက်တမျိုးလာတတ်တယ်။ ဆောရီး။ ပိုးမွှားတွေကို အဝေးသွားမရှာဘို့ ရေးပါရစေ။ လူ့ခန္ဓာကိုယ်မှာ ဆဲလ်ပေါင်း ၁ဝဝ ထရီလီယန်ရှိတယ်။ ဆဲလ်ဆိုတာ အရေပြားဆဲလ်၊ ကြွက်သားဆဲလ်၊ အရိုးဆဲလ်၊ ဦးနှောက်ဆဲလ် စသဖြင့် အမျိုးမျိုးရှိတယ်။ လူ့ခန္ဓာကိုယ်ဆဲလ်အားလုံးရဲ့ ၁ဝ% သာ လူ့ဆဲလ်တွေဖြစ်ပြီး ကျန် ၉ဝ% က ပိုးမွှားတွေဖြစ်တယ်။ ဗက်တီးရီယားတွေ၊ ဗိုင်းရပ်စ်တွေ၊ ဖန်းဂတ်စ် ခေါ် မှိုတွေနဲ့ တခြား မိုက်ခရိုအော်ဂနင်ဇင်တွေ ဖြစ်တယ်။ လူ့အူတွေထဲမှာ ဗက်တီးရီးယားပေါင်း ၁ဝဝ ထရီလီယန်ရှိတယ်။ သူတို့အလေးချိန်က ၃ ပေါင်။ နောက်လေ့လာမှုတခုအရ ယောက်ျားတယောက်ရဲ့ ခန္ဓာကိုယ်မှာ ဆဲလ်ပေါင်း ၃ဝ ထရီလီယန်ရှိတယ်။ သွေးနီဥတွေက ၈၄% ရှိတယ်။ ဗက်တီးရီးယားပေါင်းက ၄ဝ ထရီလီယန်ရှိနေတယ်။ အစာလမ်းထဲမှာ အများဆုံးနေကြတယ်။ အပြန်အလှန် အမှီသဟဲပြုနေကြတယ်။ လူ့ဂေဟနစ်လို့ ခေါ်တယ်။ ပိုးမွှားလေးတွေက အရွယ်အစားအလွန်သေး

နှုတ်ခမ်းကွဲ နဲ့ အာခေါင်ကွဲ

Image
ဆရာ့ဆောင်းပါး စောင့်ကြည့်သတင်းဂျာနယ်မှာ တွေ့တာဆရာ။ ဟုတ်၊ ကျွန်တော် အခုမှသိတယ်။ ကျေးဇူး။ စောင့်ကြည့်သတင်းဂျာနယ်မှာ (တ) တွေသုံးထားတာတွေ့ရတယ်ဗျ။ ဆရာ ဒလဘန်း ရဲ့ ဝါဆိုဝါခေါင် ရေတွေကြီးလို့ ဆောင်းပါးမှာလည်း (တ) တွေပဲသုံးထားတာတွေ့ရပြီ ဆရာ။ ဟုတ်၊ စောင့်ကြည့်သတင်းဂျာနယ်ကို ကျေးဇူးတင်ပါတယ်။ ဆရာ ဒလဘန်းကို ချီးကျူးပါတယ်။ သတ်ပုံအလွဲနဲ့တူတဲ့ နှုတ်ခမ်းကွဲကို ပြင်နေပြီ။ စကားမပီတာနဲ့တူတဲ့ အာခေါင်ကွဲကို ပြင်ရအုံးမယ်။ ဒေါက်တာတင့်ဆွေ ၃ဝ-၇-၂ဝ၁၆ ၃ဝ-၇-၂ဝ၁၇

မြသန်းတင့် သတ်ပုံ

Image
ဘုံလယ်တခွင် မြသန်းတင့်ထက်တော်သူတွေကတော့ မြန်မာပြည်တစ်ခွင် ပြဲပြဲစင်။ သူတို့က တစ်ပေါင်းတစ်စည်းတည်း။ ဒေါက်တာတင့်ဆွေ ၃ဝ-၇-၂ဝ၁၆ ၃ဝ-၇-၂ဝ၁၇

Rocky bank of Chindwin River ကျောက်ဆောင်ဆိပ်

Image
ရေကြီးနေတယ်ကိုတင်တော့ ဘယ်မလဲလို့ တယောက်ကမေးတယ်။ ပုံကချင်းတွင်းမြစ်ကမ်းပါလို့ တယောက်က ဝင်ဖြေပေးတယ်။ တပြည်လုံးမှာဖြစ်နေတာမို့ ကိုယ့်နယ်ကို ဇောင်းပေးသလို မဖြစ်စေချင်လို့ မုံရွာလို့လည်း မရေးမိပါ။ တိတိကျကျဆိုရင် မုံရွာမြို့အနောက်ဖက်က ချင်းတွင်းမြစ်၊ ကျောက်ဆောင်ဆိပ်လို့ခေါ်ပါတယ်။ အခုမြင်ရတဲ့ ရေမျက်နှာပြင်အောက် ပေလေးငါးဆယ်လောက်မှာ ကျောက်ဆောင်တွေရှိတယ်။ ကျွန်တော်ငယ်ငယ် ကိုးတန်း ဆယ်တန်းကျောင်းသားဘဝမှာ ညနေခင်းအပျင်းပြေဆိုပါတော့ စက်ဘီးနဲ့ဖြစ်ဖြစ် ခြေလျှင်ဖြစ်ဖြစ် ကျောက်ဆောင်ဆိပ် ရောက်တတ်ပါတယ်။ ကျောက်ဆောင်တွေပေါ်မှာထိုင်ပြီး ဘာရယ်လည်းမဟုတ် တွေးတောစဉ်းစားခန်းဝင်ခဲ့တယ်။ စဉ်းစားစရာရယ်လို့ကလည်း ရှိလှတာမဟုတ်ပါ။ လိုက်ဖက်တဲ့သီချင်းကို အသံမထွက်ပဲ ဆိုဖြစ်တယ်။ မြို့မငြိမ်းသီချင်း ညနေခင်းဆီ နေရီရီ့။ ကမ်းဆိပ်ရိပ်သာ ကျောက်ဆောင်ဆိပ်မှာ မုံရွာသူတွေ ရေချိုးမဆင်းကြပါ။ နေဝင်ဆည်းဆာကို ခံစားတာကလည်း စာစီစာကုံးထဲမှာ ဘယ်လိုထည့်ရေးမလည်းလောက်ထက်မပိုပါ။ ကျောက်ဆောင်ဆိပ်ကနေ အနောက်ဖက်ဆက်မျှော်ကြည့်ရင် တောင်တွေမြင်ရတယ်။ အမြင်ရောအတွေးပါ အဲသည် တောင်တန်းပေါ်မကျော်ခဲ့ပါ။ နောင်နှစ်ပေါင်း သုံးဆယ်လောက်ကြာရင် အဲသည်တောင်တွေကို က

H5N1 Flu ကြက်ငှက် တုပ်ကွေး

Image
ဘီဘီစီ ၂၉-၇-၂ဝ၁၇ သတင်း = ရန်ကုန်မြို့မှာ H5 N1 ရောဂါကြောင့်လို့ မသင်ကာစရာ ကြက်သေဆုံးမှုရှိ  1. H5N1 ဆိုတာဘာလဲ Avian influenza လို့လည်းခေါ်တယ်။ Bird flu လို့လည်းခေါ်တယ်။ ကြက်ငှက်တွေမှာ သက်ရှူလမ်းကို အလွန် ကူးစက်လွယ်တယ်။ လူကိုကူးစက်တာ တခါတလေမှသာဖြစ်တယ်။ ဒါပေမဲ့ လူကိုကူးစက်ရင် ၆ဝ% သေဆုံးနိုင်တယ်။ 2. H5N1 လူကိုဘယ်လိုကူးစက်သလဲ ပိုးရှိနေတဲ့ ကြက်ငှက်ရဲ့ အသည်းနဲ့ အသားကို ထိကိုင်မိရာကနေ ကူးစက်တယ်။ ပိုးရှိပတ်ဝန်းကျင်ကနေလည်း ကူးစက်လာနိုင်သေးတယ်။ လူကနေလူကိုကူးစက်တာ အင်မတန်ဖြစ်ခဲတယ်။ 3. H5N1 လူတွေဖြစ်ရင် ခံစားရမဲ့ရောဂါလက္ခဏာတွေ ကူးစက်ခံရရင် ပိုးဝင်ခံရပြီးနောက် ၂ ရက်ကနေ ၈ ရက်အကြာမှာ ရောဂါလက္ခဏာစပေါ်မယ်။ အဖျားကြီးမြင့်နိုင်တယ်။ မအီမသာဖြစ်မယ်။ လည်ချောင်းနာမယ်။ ချက်ချင်းဖြစ်တဲ့ အသက်ရှူလမ်း ကူးစက်ရောဂါ၊ ချောင်းဆိုး၊ နူမိုးနီးယား။ အသက်ရှူ တို-ခက်ခဲ၊ ရင်ပတ်အောင့်မယ်။ ဗိုက်အောင့်၊ ဝမ်းပျက်။ စိတ်မူပြောင်း၊ တက်မယ်။ ကြွက်သားတွေနာမယ်။ တချို့မှာ မျက်စိနီရဲမယ်။ ဆိုးလာရင် အသက်ရှူခက်လာမယ်။ နူမိုးနီးယားရနိုင်တယ်။ ကံမကောင်းရင် သေနိုင်တယ်။ 4. ကြက်သားစားလို့ရလား သေသေချာချာ ချက်ပြုတ်ကြော်လှော်ထ

H1 N1 စိတ်မရှည် တုပ်ကွေး

Image
တုပ်ကွေးက အတော်နှိပ်စက်တယ်။ သတင်းစထွက်ပြီး မိနစ်ပိုင်းကတည်းက ရေးပါတယ်။ စုစုပေါင်း ၁၄ ပုဒ်ရှိပြီ။ ရေဒီယိုကနေလည်း ၂ ခါရှိပြီ ဖြေရတယ်။ မေးခွန်းတွေလာတာ မရေတွက်နိုင်ပါ။ ဖြေသင့်တာတွေကို ဖြေတယ်။ လင့်တွေလည်း ပို့ပေးတယ်။ သိသင့်တာတွေကို မေးတဲ့သူရှိသလို သူများကို ဂျောက်ချတဲ့ဆေးနည်းတွေကို မေးလာသူတွေက အတော်ကိုများတယ်။ ကြက်သွန်ဖြူ၊ ဂျင်း၊ အုန်းရည်၊ ရမ်အရက်၊ B သွေး၊ အများကြီးပဲ။ အဲတာမျိုးတွေကို မဖြေချင်ပါ။ တတ်နိုင်သလောက်တော့ မဟုတ် မမှန် မှားယွင်းကြောင်းဖြေပါတယ်။ ကြာတော့ ကျွန်တော်လည်း စိတ်မရှည်နိုင်ဖြစ်လာတယ်။ တုပ်ကွေးစာ ၁၄ ပုဒ်တင်ထားပြီး။ တားမြစ်ချက်တွေထဲမှာ အဲတာမပါလို့ဖြေရင် နားလည်မှုပေးနိုင်သမျိုးကတော့ Hpone Khit May May ဟုတ်ကဲ့ပါလို့စာပြန်တယ်။ တယောက်ကတော့ - Ever Smile ဆရာ B သွေးပိုင်ရှင်တွေက H1N1 ပိုဖြစ်နိုင်ခြေရှိတယ်ဆိုတာ ဟုတ်ပါသလား ခင်ဗျား အမှားတွေ မေးရန်မလိုပါ။ ခဏခဏမေးနေကြတယ်။ မှန်တာကိုတော့ မေးသူက နည်းတယ်လို့ဖြေမိတော့ - Ever Smile အမှားအမှန်ဆိုတာ သိချင်လို့ မေးတာပါ  အမှန်ပဲဖြစ်ဖြစ် အမှားပဲ ဖြစ်ဖြစ် သိနေရဲ့နဲ့တော့  မမေးပါဘူး  ဆေားရီးတဲ့။ ဖြေတဲ့သူ စိတ်မရှည်တော့ မေးတဲ့သူ စိတ်တိုရော။

ဇကောဇက

Image
ဇကောဇက နဲ့ စကောစက ဘယ်ဟာအမှန်လဲဆရာ။ ဇကောဇကကို စကားပြောဆိုရာမှာ အတော်သုံးကြပါတယ်။ ဒါပေမယ့် ခေတ်ဟောင်းသတ်ပုံစာအုပ်တွေမှာရော နောက်ထုတ်တွေမှာပါ မပါ။ ဆန်ခါကို ဇကာလို့ပါ သတ်ပုံစာအုပ်ဟောင်းတခုမှာ တွေ့တယ်။ ဆန်ကောကို ဇကောလို့ပြောပေမယ့် ဇကောဇကအသုံးမှာ မဆိုင်ပါ။ ဇကောဇက က ဇက ကနေလာတယ်လို့ ထင်တယ်။ ဇကလည်း သတ်ပုံစာအုပ်အားလုံးမှာ မတွေ့ပါ။ ဇကဆိုတာ အကြီးစားလည်းမဟုတ်၊ အငယ်စားလည်းမဟုတ်၊ ကြားဖြစ်နေတာမှာ သုံးတယ်။ အရွယ်အစားမှာ လူဖြစ်ဖြစ် သုံးစွဲစရာပစ္စည်းဖြစ်ဖြစ် သုံးတယ်။ အချိန်ကိုလည်း သုံးတယ်။ အင်္ကျီလက်စကလို့ရှိတယ်။ ဟိုမရောက် သည်မရောက် သဘောမှာလည်း သုံးကြတယ်။ ကျွန်တော်လည်း သိပ်သိတာတော့ မဟုတ်ပါ။ ကွန်မင့်ကနေ အကိုးအကားတခု ပို့ပေးတာရတယ်။ ကျေးဇူး။ အဲတာမှာ စကောစကလို့ရေးပါတယ်။ ဒေါက်တာတင့်ဆွေ ၂၉-၇-၂ဝ၁၇ Photo from Aung Tin

ချစ် ခြစ် ချက်

Image
၁။ ဆရာရှင့် နေခြစ်ခြစ်တောက်ပူတာလာာား ချစ်ချစ်တောက်ပူးတာလားသိချင်ပါတယ်ရှင့်။ ၂။ ဆရာ မင်္ဂလာပါ။ ကျွန်မအသက်ကတော့ ၂၂ နှစ်ရှိပြီဆရာ။ ကျွန်မကိုယ်ဝန်က ၃ လပြည့်တော့မယ်၊ ဒါပေမယ့် သွေးခနခနဆင်းနေလို့ ဘာများလုပ်သင့်သလဲဆရာ။ ဆရာအကူညီလေးလိုချင်လို့ဘာ။ ကျွန်မ ဘာဆက်လုပ်သင့်သလဲဆရာ။ ဆရာဝန်ပြသင့်။ ဟုတ်ကဲ့ဘာ အခုသအိမ်ချစ်ရမယ်တဲ့ဆရာ။ သားအိမ်လို့ ရေးရတယ်။ ချစ်ရမယ်တော့ မဟုတ်လောက်ပါ။ ခြစ်လို့ ရေးရတယ်။ ဟုတ်ကဲ့ပါလို့ ရေးရမယ်။ ခဏခဏလို့ ရေးရမယ်။ ၃။ ခွဲစိတ်ဆိုတာ အရေပြားချစ်ထုပ်ရမှာလားဆရာ။ ချစ် မဟုတ်ပါ။ ထုပ် မဟုတ်ပါ။ ခြစ်ထုတ်လို့ ရေးရမယ်။ ၄။ သားဦးကိုယ်ဝန် ၂ လပျက်ကျလို့ သားအိမ်ချက်ဖူးပါတယ်။့ အိုဂျီက သားအိမ်ကို မချက်လောက်ပါ။ သားအိမ်ခြစ်လို့ ရေးရမယ်။ ချစ် ချစ်ကျွမ်းဝင် ချစ်ခင်ကြင်နာ ချစ်ချစ်ချုတ်ချုတ် ချစ်ချစ်တောက်ပူ ချစ်တီး (အိန္ဒိယတောင်ပိုင်းလူမျိုး) ချစ်ကြိုက် ချစ်ကြည်ရေး ချစ်သား ချစ်သမီး မျိုးချစ်စိတ် ဟင်းအိုး ချစ်သွားသည် ခြစ် ကုတ်ခြစ်သည် ဇွန်းခြစ်အုန်းသီး ထွန်ခြစ် မီးခြစ်ဆံ ခြစ်ခြစ်ကုတ်ကုတ် ခြစ်သား (လက်သမားသုံး) လက်နှင့်ရေးခြစ် သားအိမ

Septrin ဆက်ပ်ထွန်ဆေးနဲ့ HIV

Image
ဆရာရှင့် CD4 ဘယ်လောက်ဆို HIV လူနာတွေကို Septrin တိုက်ပါသလည်းရှင့်။ ကျေးဇူးပြု၍ပြောပြပေးပါရှင့်။ မနက်ဖြန် ဆရာကိုပြန်ပြောရမှာမို့လို့ပါရှင့်။ သမီးရှာမရလို့ပါရှင့်။ Septrin prophylaxis in HIV အကြောင်းသိချင်လို့ပါရှင့်။ Septrin ဆက်ပ်ထွန်ဆေးဟာ Cotrimoxazole ဖြစ်တယ်။ Trimethoprim နဲ့ Sulphamethoxazole 80 mg/400 mg ဆေးတွေ ရောထားတာဖြစ်တယ်။ ဆေး၂ မျိုးလုံးကနေ ဗက်တီးရီးယားတွေကနေ ဖေါလစ်အက်စစ် ခေါ် ဗီတာမင် ဘီ-၉ ထုတ်လုပ်မှာကို တားဆီးပေးတယ်။ HIV ပိုးရှိနေသူတွေကို Pneumocystis pneumonia (PCP) ခေါ် နူမိုးနီးယားဖြစ်မလာစေအောင် ကာကွယ်ဘို့သုံးပါတယ်။ WHO သတ်မှတ်ချက်က CD4 cell counts 500 cells/mm3 အောက်သာရှိသူတွေကိုပေးစေတယ်။ ၂ဝဝ၆ တုန်းကတော့ CD4 cell counts 200cells/mm3 လို့သတ်မှတ်ခဲ့တယ်။ ကလေးတွေကိုတော့ CD4 ကြည့်မနေတော့ဘဲ ပေးတယ်။ ဆေးဘေးထွက်သက်ရောက်မှုတွေဆိုးရင်တော့ ဆေးပေးတာရပ်မယ်။ G6PD ကလေးတွေကို Dapson ဆေးနဲ့ အစားထိုးတယ်။ HIV-positive ကိုယ်ဝန်ဝန်ဆောင်တွေကိုလည်း Cotrimoxazole ပေးတယ်။ Cotrimoxazole ဆေးက Toxoplasmosis ရောဂါနဲ့ တခြားဗက်တီးရီးယားတွေကနေလည်း ကာကွယ်ပေးနိုင်တယ်။ Shigella ပိုး၊ Salmonella ပိုး၊ ဆ

ချဉ်းကပ်

Image
ချဉ်းနင်းဆိုတဲ့စကားလုံး အဓိပ္ပါယ်ကို ရှင်းပြပေးပါလားဗျ။ ဥပမာ ချဉ်းနင်းဝင်ရောက်။ နောက်ပြီး ၂ဝဝဝ ပြည့်နှစ်ဆိုတာ ၂၀ ရာစုလား ၂၁ ရာစုလားဗျ။ စာတကြောင်းတွေ့လို့ပါ။ သက္ကရာဇ် ၂၀၀၀ ပြည့်နှစ်သို့ စတင်ရောက်ရှိသည်နှင့် တစ်ပြိုင်နက် ကျွန်ုပ်တို့သည် ၂၁ ရာစုအတွင်းသို့ ချဉ်းနင်းရောက်ရှိသွားခဲ့ပြီဖြစ်သည်။ ၂ဝဝဝ ခုပြည့်ပြီးကစလို့ ၂၁ ရာစုထဲလို့ပြောကြတယ်။ အရင်သတ်ပုံစာအုပ်ထဲမှာ ချဉ်းကပ်သည်လို့ပါတယ်။ ချဉ်းနင်းဝင်ရောက်သည်လို့ ရေးကြတယ်။ တဖြေးဖြေးဝင်လာတဲ့ သဘောမှသာ ရေးသင့်တယ်။ ချဉ်းနင်းတိုက်ခိုက်လို့ ရေးတာလည်း ဖတ်ဖူးတယ်။ စီးနင်းတိုက်ခိုက်လို့ရေးမှသာ မှန်မယ် ထင်ပါတယ်။ ချဉ်း ချဉ်းကပ်သည် စေ့ချဉ်း = အကျဉ်းရုံးသည် ချုံးချဉ်း = စပ်ချဉ်း = အကျဉ်းချုံး လင်မယားပြန်ချဉ်းသည် ဒေါက်တာတင့်ဆွေ ၂၉-၇-၂ဝ၁၇

Pigeon diseases ခိုတွေကတဆင့် ကူးစက်နိုင်သောရောဂါများ

Image
ဆရာ တခုလောက်မေးပါရစေ။ ရန်ကုန်မှာ ခိုတွေပေါပြီး ခိုစာကျွေးတဲ့နေရာမှာဆို ခိုအညစ်အကြေးတွေလည်း အများကြီးရှိတော့ ကြက်ငှက်တုပ်ကွေးအတွက် စိုးရိမ်ရပါသလား။ ကျေးဇူးအများကြီးတင်ပါတယ် Dr. Tint Swe ရှင့်။ ၁။ Histoplasmosis ဟစ်တိုပလပ်စ်မိုးဆစ် ခေါ် အသက်ရှူလမ်းရောဂါ။ ခိုတွေကနေကျတာတွေမှာပါနေတဲ့ ဖန်းဂတ်စ် ခေါ် မှိုတမျိုးကနေဖြစ်တယ်။ ဆိုးတယ်။ ၂။ Candidiasis ကင်ဒီဒိုင်ယေးဆစ် ခေါ် Yeast ယိစ် ခေါ် Fungus infection မှိုရောဂါတမျိုး။ အရေပြား၊ ပါးစပ်၊ အသက်ရှူလမ်းနဲ့ အစာလမ်းမှာ ရောဂါရစေနိုင်တယ်။ အမျိုးသမီးတွေ ဗဂျိုင်းနား ခေါ် မွေးလမ်းမှာအဖြစ်များတယ်။ ဖြစ်ရင် ယားပြီး တခုခုဆင်းမယ်။ ၃။ Cryptococcosis ခရစ်ပတိုကော့ကိုးဆစ် ခေါ် ခိုအစာလမ်းကနေ လူ့အသက်ရှူလမ်းနဲ့ ဦးနှောက်ကိုကူးစက်တဲ့ရောဂါ။ ၄။ St. Louis Encephalitis စိန့်လူးဝီ ဦးနှောက်ရောင်ရောဂါ။ ၅။ Salmonellosis ဆယ်လ်မိုနယ်လိုးဆစ် ခေါ် အစာဆိပ်သင့်ခြင်း။ ၆။ E.coli အီးကိုလိုင် ခေါ် အစာလမ်းရောဂါ။ ဒေါက်တာတင့်ဆွေ ၂၉-၇-၂ဝ၁၇

Geography ပထဝီ

Image
ရေပတ်လည် ဝိုင်းရံလျှက်ရှိသောကုန်းမြေကို ကျွန်းဟုခေါ်သည်။ ၂ဝ၁ဝ မှာ မဲပေးမယ့်သူတွေက ဒုက္ခရောက်သူတွေကို ကယ်ဆယ်လျက်ရှိသော တိုင်းပြည်ကို မြန်မာနိုင်ငံဟု ခေါ်သည်။ ၂ဝ၁၆ မှာ မြစ်ရေတွေကြီးနေသတဲ့။ တိမ်မည်းတွေ အုံမိုးနေဆဲ။ အပူမီးတွေ ဝိုင်းရံလျှက်ရှိဆဲ။ ၂ဝ၁၇ မှာ တုပ်ကွေးဖြစ်နေသတဲ့။ တိမ်မည်းတွေ အုံမိုးနေဆဲ။ အပူမီးတွေ ဝိုင်းရံလျှက်ရှိဆဲ။ အသိဉာဏ်ပညာတွေ ဝိုင်းရံလျှက်ရှိသောကုန်းမြေ ဖြစ်ပါစေသတည်း။ ဒေါက်တာတင့်ဆွေ ၂၉-၇-၂ဝ၁၆ ၂၉-၇-၂ဝ၁၇

Policy ပေါ်လစီ

Image
တစ်လုံး တစ်ဝတည်း ပြည့်ချင်လိုက်တာ၊ ဆရာပေးသော ဆုနှင့် ပြည့်ပါရစေရှင်။ တစ်လုံး တစ်ဝဆိုတာ ပေါ်လစီသတ်ပုံဖြစ်တယ်။ ကျွန်တော်ကတော့ အဲလို မပြည့်ဝတဲ့ အသိကို မရချင်ပါ။ ဟုတ်ကဲ့ပါဆရာ။ လိုအပ်ချက်ကို ပြုပြင်ပေး၍ ကျေးဇူးများစွာပါ။ ကျွန်တော်ခေတ်က သတ်ပုံမှန်အတိုင်းရေးသား စာသင်ပါတယ်။ စာအုပ်တွေကလည်း သတ်ပုံမှန်အတိုင်းသာ ရိုက်နှိပ်တယ်။ ကျွန်တော်က လိုက်နာတယ်။ ကျွန်တော့်စာတွေ သတ်ပုံသဘောမတူလို့ မဖတ်လည်း ကိစ္စမရှိပါ။ ထုတ်ဝေမပေးလည်း စိတ်မရှိပါ။ ကူးယူသူတွေက သတ်ပုံပြင်ရေးကြရင် စိတ်ဆိုးတယ်။ ဆောရီး။ အဲတာက ကျွန်တော့် ပေါ်လစီ။ အစိုးရတွေနဲ့ မတူတဲ့အခါ မတူပါ။ ကျွန်တော်ဆောက်ထားတဲ့ တဲအိမ်လေးပေါ်မှာ လေးလံတဲ့ အုတ်ကြွပ် လာမိုးတာနဲ့တူတယ်။ ဒေါက်တာတင့်ဆွေ ၂၉-၇-၂ဝ၁၇

ပြဿနာ

Image
ဆရာ မင်္ဂလာပါ။ ပြသနာ စာလုံးပေါင်းအမှန် သိချင်လို့ပါ။ ပြဿနာလို့ ရေးပါတယ်။ ပြသ်ဖြစ်တယ်။ ပြဿနာ၊ ပြဿဒါး။ အသံထွက်ရင် ပြသ်သံထွက်ရတယ်။ ဒေါက်တာတင့်ဆွေ ၂၉-၇-၂ဝ၁၇

ဦ ဦး အုံ

Image
၁။ မင်္ဂလာပါဆရာရှင့်​။ စာလုံး​ပေါင်းသတ်​ပုံတခု​လောက်​​မေးချင်​လို့ပါရှင့်။ အ​ဆောက်​အဦ နဲ့အ​ဆောက်​အဦး ဘယ်​ဟာက မှန်ပါသလဲရှင့်​။ ၂။ ဆရာ အဆောက်အဦ၊ အဆောက်အအုံ၊ အဆောက်အဦး ဒီသုံးမျိုးအသုံးကို အမျိုးမျိုးသုံးနေကြတယ်ခင်ဗျ။ ဘယ်လိုသုံးရင် ပိုပြီးဆီလျော်တယ်ဆိုတာ သိပါရစေ။ အဆောက်အဦနဲ့ အဆောက်အအုံတွေက မှန်ပါတယ်။ ဦ အဆောက်အဦ ဦနေသောငါးခြောက် (အူနေသောငါးခြောက်) ခွေးဦသည် (ခွေးအူသည်) ဦး ကဏ္ဍဦးအစ (ကနဦးအစ) ဆီဦးထောပတ် ဒိုက်ဦး ရှိခိုးဦးတင် လက်ဦး လှည်းဦးပွတ် လာပါဦး (လာပါအုံး) အစကနဦး အစဦး ဦးကင်း ဦးချ ဦးစွာ ဦးဆက် ဦးထိပ်ရွက် ဦးထုပ် ဦးပဉ္ဇင်း ဦးမစို (မရှာမဖွေ မတောင့်မတ) ဦးမထောင်း (ရန်သူမနိုင်) ဦးမလေး ဦးမလေး (ဝန်ပေါ့သည်) ဦးပြည်း ဦးရင် (နားရွက်နှင့်တကွ ရင်ပတ်၍ပေါင်းသော ခေါင်းပေါင်း) ဦးရီး ဦးလုံးဝေဆာ ဦးလည်မသုံ ချီတက်သည် ဦးဦးဖျားဖျား ဦးခေါင်း ဦးဆောက်ပန်း ဦးနှောက် ဦးခက် ဦးခွံ ဦးချို ဦးစွန်းဖုတ် ဦးဆံဖားလျား ဦးဆက် ဦးတည်ချက် ဦးထိပ် ဦးထုပ် ဦးပဉ္စင်း ဦးယဉ်းခေါင်းခဲနာ ဦးပြည်းခေါင်းတုံး

ဥ နှင့် ဉ

Image
စဉ် ရေးတာမှာ စဉ် လို့ ရေးရတာလား စဉ် လို့ ရေးရတာလားဆရာ။ အမှန်အတိုင်း ရေးထား။ ဉာဏ်မှာသာ အဲလိုရေးရ။အဲတာလည်း အရင်ကတည်းက ဥာဏ်လို့လည်းရေးတာရှိတယ်။ ဥ အသုံးများ ဥာတိမိတ်ဆွေ ဥာဉ် ဗောဓိဥာဉ် ဘာဝနာဥာဉ် ပညာဥာဉ် ပဋိညာဉ် အသက်ဝိညာဉ် အဘိညာဉ် စိတ်ဝိညာဉ် ဥတ် = သိစေခြင်း ဥတ်ကထိန် ဥတ်သင်္ကန်း ညဥ့်သန်းကောင် ညဥ့်နက်သန်းကောင် ညှဉ်းဆဲသည် ညှဉ်းထားသည် ညှဉ်းပန်းနှိပ်စက်သည် ညှဉ်းဆဲကလူပြုသည် တညှဉ်းဆိုးဆိုး ဆိုးဆိုးညှဉ်းညှဉ်း အဉ်းဟုတ်ကဲ့ အဉ်းကောင်းပြီ အဉ်းအဉ်းလာမည် အဥ့်ယူတော့ အစဉ်အလာ အစဉ်တစိုက် ဉ  အသုံးများ ဉာဏ = သိခြင်း၊ ဉာဏ်၊ ပညာစေတသိက် (ပါဠိကနေလာ) ဉာတိ = ဆွေမျိုး (ပါဠိကနေလာ) ဒေါက်တာတင့်ဆွေ ၂၉-၇-၂ဝ၁၇ ည (မနက်) ၂ နာရီ၊ ၃၆ မိနစ်။

HIV နှင့် ကလေးနို့တိုက်ခြင်း

Image
အရမ်းအရေးကြီးလို့ပါ။ AIDS မိခင်က မွေးပြီးပြီးချင်းမှာ ကလေးကို မိခင်နို့တိုက်လို့ရမလား။ အခုချက်ခြင်း အဖြေ သိချင်ပါတယ်ခင်ဗျာ။ HIV ရှိတဲ့မိခင်ရဲ့နို့ထဲမှာ ပိုးပါနေပါမယ်။ နို့တိုက်မယ် မတိုက်ဘူးဆိုတာ တဦးချင်းကိုကြည့်ဆုံးဖြတ်ရတယ်။ နို့မှုန့်နဲ့ အဆင်ပြေသူကို နို့မှုန့်သာတိုက်စေမယ်။ အဲလိုမဟုတ်ရင်တော့ မိခင်နို့ကိုတိုက်နိုင်ပါတယ်။ ဒါပေမယ့် မိခင်ရော ကလေးရော ART ဆေးသောက်ရပါမယ်။ နို့ကို (၆) လအထိသာတိုက်ပါ။ 1. Contraceptives for women with STI/HIV လိင်ကတဆင့် ကူးစက်ရောဂါတွေနဲ့ HIV ရှိ အမျိုးသမီးတွေအတွက် ကိုယ်ဝန်တားနည်းများ http://doctortintswe.blogspot.com/2014/11/contraceptives-for-women-with-stihiv-hiv.html 2. HIV Acute infection ချက်ချင်းဖြစ်လာသော ကူးစက်ရောဂါ http://doctortintswe.blogspot.com/2014/11/hiv-acute-infection.html 3. HIV and AIDS by the Numbers http://doctortintswe.blogspot.com/2014/11/hiv-and-aids-by-numbers_30.html 4. HIV and AIDS drugs (1) ခုခံအားကျရောဂါ ဆေးတွေ (၁) http://doctortintswe.blogspot.com/2014/11/hiv-and-aids-drugs-1.html 5. HIV and AIDS drugs (2) ခုခံအားကျရောဂါ ဆေး

Flu Viruses Survival တုပ်ကွေးပိုးတွေ ဘယ်လောက်ကြာ အသက်ရှင်နေနိုင်သလဲ

Image
မေးကြတယ်။ ၄-၅-၆ ယောက်မကရှိပြီ။ ဒီမေးခွန်းက အများပြည်သူအတွက် သိပ်အရေးပါတာတော့ မဟုတ်ပါ။ ဆေးပညာအရသာ လိုအပ်တယ်။ လူ့ဝန်းကျင်မှာ ပိုးမျိုးစုံရှိနေတယ်။ လူ့ကိုယ်ပေါ်နဲ့ ကိုယ်ထဲမှာလည်း ရှိနေကြတယ်။ ဗိုင်းရပ်စ်၊ ဗက်တီးရီးယား၊ ဖန်းဂတ်စ် ခေါ် မှိုပိုး စတာတွေ။ နောက်ထပ်လည်းရှိသေးတယ်။ ပိုးတွေဟာ သက်ရှိတွေဖြစ်လို့ ရှင်သန်ပေါက်ပွါးနိုင်စွမ်းဟာ သူတို့ ကြိုက်နှစ်သက်တဲ့ အပူချိန်၊ စိုထိုင်းဆ၊ လေ၊ အစာအာဟာရစတဲ့အချက်အလက်တွေအပေါ်မူတည်ပြီး အသက်ရှည် ကြတယ်။ Cold viruses အအေးမိဗိုင်းရပ်စ်တွေက အခန်းတွင်းမျက်နှာပြင်တွေပေါ်မှာ ၇ ရက်မကရှင်နေနိုင်တယ်။ ယေဘုယျအားဖြင့် ဗိုပ်းရပ်စ်တွေဟာ အပေါက်မပါတဲ့နေရာမျိုးမှာ ပိုနေနိုင်ကြတယ်။ ဥပပမာ ရေမဝင်နိုင်တာ၊ သံချေးမတက်သံမဏိ။ အပေါက်လေးတွေပါတဲ့ အဝတ်အတည်တွေ၊ တစ်ရှူးတွေမှာ အဲလောက်မရှင်နိုင်ကြပါ။ ဒါပေမယ့် အသက်သာရှင်နေနိုင်တာကြာပြီး ရောဂါရစေနိုင်စွမ်းကတော့ ၂၄ နာရီလောက်သာရှိပါတယ်။ လူ့လက်တွေပေါ်မှာ ကြာကြာမနေနိုင်ပါ။ မိနစ်တချို့သာနေနိုင်ကြတယ်။ အအေးမိစေတဲ့ Rhinoviruses တွေ ၄ဝ% ဟာ လက်ပေါ်မှာနေတာ တနာရီကြာအထိ ကူးစက်စေနိုင်တယ်။ Respiratory syncytial virus (RSV) ခေါ် ပိုဆိုးတဲ့ အအေးမိစေတဲ့ဗိုင်းရပ