I got flu ဆရာဝန် တုပ်ကွေးမိခြင်း

စောစောက ပို့စ်တခု တွေ့လိုက်တယ်။ H1 N1 အကြောင်း ဘယ်သူရေးရေး မယုံနဲ့။ ဆရာဝန်တွေရေးလည်း မယုံနဲ့တဲ့။ ကျွန်တော်ရေးတာ အများဆုံးဖြစ်လောက်တယ်။ စုစုပေါင်း ၁ဝ ပုဒ်ရှိပြီ။
1. Airborne diseases လေကတဆင့် ကူးစက်ရောဂါများ
2. Face Mask နှာခေါင်းစည်း
3. Flu News တုပ်ကွေးအကြောင်း
4. H1 N1 တုပ်ကွေးရောဂါ အတည်ပြုချက်ရ သတင်း
5. H1N1 influenza virus vaccine တုပ်ကွေး ကာကွယ်ဆေး
6. H1N1 တုပ်ကွေး သတ်ပုံ
7. H5N1 Avian influenza လူတွေမှာဖြစ်တဲ့ ကြက်ငှက်တုပ်ကွေး
8. Influenza A (H3N2) Variant Virus ဝက်တုပ်ကွေးတမျိုး
9. Swine flu ဆွိုင်းဖလူး ခေါ် တုပ်ကွေးတမျိုး
10. Vitamin D and Flu ဗီတာမင်ဒီ နဲ့ တုပ်ကွေး

နောက်မေးခွန်းတခုမှာ ကျွန်တော်က နှာခေါင်းစည်းနှစ်ခု သိပ်မထူးပါလို့ရေးတော့ တခြား ဆရာဝန်တဦးရေးတဲ့ ဈေးကြီးတာကသာ ကောင်းကြောင်း။ အသက်ကို ပိုက်ဆံနဲ့မလဲသင့်ကြောင်းပို့စ်ကိုပါ ပို့မေးတယ်။

ကျွန်တော်လည်း ဒါတွေဖတ်ပြီးမှာ ရေးခဲ့တာပါ။
1. A Comparison of Surgical Masks, Surgical N95 Respirators, and Industrial N95 Respirators https://ohsonline.com/Articles/2014/05/01/Comparison-Respiratory.aspx
1. N95 Respirators and Surgical Masks https://blogs.cdc.gov/niosh-science-blog/2009/10/14/n95/
2. Respiratory Infection Control: Respirators Versus Surgical Masks https://www.osha.gov/Publications/respirators-vs-surgicalmasks-factsheet.html

ကျွန်တော်က ကိုယ့်စကားနွားရ မပြောလိုပါ။ နိုင်ငံရေးလည်းလုပ်ခဲ့သူ၊ ပြည်တွင်းမှာလည်း လူနာတွေနဲ့ နှစ်တွေအကြာကြီး နေခဲ့သူဖြစ်လို့ အမေရိကန်တွေစဉ်းစားတာနဲ့ မတူတာကိုပါ တွေးတတ်တယ်။ ချင့်ချိန်ပြီး ပြည်တွင်းနေ မြန်မာပြည်သား အများစုအတွက် သင့်မှန်လောက်တာကို ညွှန်းပါတယ်။ ဆရာဝန်ပြောတိုင်း လက်မခံသူတွေ မနည်းတာသိတယ်။ ပိုက်ဆံ မတတ်နိုင်သူတွေလည်း မနည်းတာ သိတယ်။ အခုပြောနေကြတဲ့ တုပ်ကွေးရဲ့ ကူးစက်နှုန်း၊ ဖြစ်နှုန်းနဲ့ သေနှုန်းလည်း သိတယ်။ အဲလိုအခြေခံအချက်တွေကို စုပေါင်းပြီးမှ သင့်မြတ်လောက်တာကို ညွှန်းဆိုပါတယ်။ ဘယ်ဆရာဝန်ပြောပြော ၁ဝဝ% တော့ မမှန်ပါ။

ဆေးပညာစာကိုတော့ ဘယ်သူ ဘာပြောပြော မေးလာရင် မရေးမဖြစ်လို့ ရေးနေပါဦးမယ်။ ဆောရီး။

ဒေါက်တာတင့်ဆွေ
၂၆-၇-၂ဝ၁၇
ည ၉ နာရီ၊ ၉ မိနစ်။

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး