Ponya Shin ပုညရှင် စေတီအပါး

စစ်ကိုင်းအကြောင်းလေးရေးတော့ တချို့ကချီးမွမ်းကြတယ်။ ဘုန်းကြီးနဲ့ သီလရှင်တွေကို ပိုက်ဆံမယူပဲဆေးကုတာတော့ မှန်ပါတယ်။ ဒါပေမယ့် ကျွန်တော်က အဲလောက်ထိ ချီးကျူးစရာမဟုတ်ပါ။
ကိုးကွယ်ရာဘာသာမှာ ကြည်ကြည်လင်လင်သာ ယုံကြည်ပါတယ်။ အစွန်းရောက်အသုံးအနှုံးတွေ ပေါ်လာတော့လည်း ယုံကြည်မှုက တိုးမလာ၊ နောက်ကျိလည်း မသွားပါ။

ကိုယ့်လူမျိုးနဲ့ ကိုယ့်တိုင်းပြည်ကို ချစ်မြတ်နိုးမှုလည်း တည်တည်ငြိမ်ငြိမ်သာဖြစ်ပါတယ်။ ဆိုင်းဘုတ်ထောင်ပြီး ချစ်လှချည်ရဲ့ အထိတော့ လုပ်မပြတတ်ပါ။ ဘာသာရေးကိုအသုံးချတဲ့နိုင်ငံရေးကို ဖက်နှစ်ခုလုံးက လုပ်နေကြတာကို ကောင်းကောင်း သိပါတယ်။ ဒီလိုစာမျိုးရေးတိုင်းမှာ ဘလော့စရာ ပေါ်ပေါက်တတ်တယ်။

ပုညရှင်စေတီမှာ ဆွမ်းဦးတင်ချင် ကိုယ့်ထက်အရင်ဦးပြီးသား တွေ့မယ်တဲ့။ တို့ကတော့ သန်းကောင်ကျော်ကတည်းက ကပ်မယ်ကွလို့ သိပ်ကြည်ညိုပြချင်သူများ မှားပါတယ်။ အရုဏ်ဆွမ်းကို အရုဏ်မတက်မီမှာ ကပ်လို့မရပါ။ အခု အဲလို ကိုယ်တော်တွေရော လူတွေပါ တွေ့နေရတယ်။

ဒေါက်တာတင့်ဆွေ
၂၇-၇-၂ဝ၁၅
၂၇-၇-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ